ရခိုင်ကို ကိုယ်စားပြုသည့် အသံတစ်သံ ရှိရန်လိုအပ်၍ ANP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ဖို့ လိုအပ်သည်ဟု ၀င်းကိုခိုင်ပြော

စံမောင်သန်း
စစ်တွေ၊ နိုဝင်ဘာ ၅


ရခိုင်လူမျိုးကို ကိုယ်စားပြုသည့် အသံတစ်သံရှိရန် လိုအပ်၍ ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ဖို့ လိုအပ်သည်ဟု ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တွင် အမျိုးသားရေး သီချင်းများဖြင့် ဖျော်ဖြေနေသူ နာမည်ကြီးရခိုင်အဆိုတော် ၀င်းကိုခိုင်က ပြောသည်။

“ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့အသံတစ်သံရှိဖို့၊ ရခိုင်ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့နိုင်ဖို့၊ ရခိုင်လူမျိုးဘက်က မားမားရပ်တည်ပေးဖို့အတွက် ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ဖို့လိုအပ်ပါတယ်”ဟု ၀င်းကိုခိုင်က နိရဉ္စရာ သတင်းဌာန သို့ပြောသည်။

ဝင်းကိုခိုင်သည် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေးအတွက် ရန်ကုန်မြို့ တွင် ဖျော်ဖြေပေးခဲ့သည့်အပြင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျိန္တလီ တို့တွင်လည်း ဖျော်ဖြေခဲ့ပြီး၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကမ်းထောင့်ကြီး၊ ၆ ရက်နေ့တွင် ငပလီတွင် နောက်ဆုံးဖျော်ဖြေ မှု ပြုလုပ်မည်ဟု သိရသည်။

“ကျွန်တော့်ရဲ့ ဂီတဖန်တီးမှုနဲ့ ပတ်သက်ပြီး ရခိုင်လူမျိုးတွေအတွက် အသုံးဝင်မှုတွေ ရှိလာတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော် ဒီထက်မက ဖန်တီး ချင်ပေမယ့် ငွေကြေး မပြည့်စုံတဲ့အတွက် အားမရပါ။ ဒါပေမယ့် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ခ၀ါမချသေးပါဘူး”ဟု ၀င်းကိုခိုင်ကပြောသည်။

ရခိုင်ရိုးရာဝတ်စုံကို သူများထက်ထူးကဲစွာဝတ်စားဆင်ယင်မှုသည် သူ၏ ဂန္ဓ၀င် မြောက်သော ဖက်ရှင်ဖြစ်သည်ဟု ပြောသည်။

“ရခိုင်ရိုးရာဝတ်စုံကို ဒီလိုမျိုးအဆင့်မြင့်မြင့် ၀တ်စားဆင်ယင်ခြင်းဟာ ကျွန်တော့်ရဲ့ ဂန္ဓ၀င်မြောက် ဖက်ရှင်ဖြစ်ပြီးတော့ ကျွန်တော့်ကို ဖမ်းစား ထားပါတယ်။ အဲ့တာကြောင့် ကျွန်တော့်ဂီတကလည်း နောက်ပိုင်းမှာ Pop Classical ပြောင်းလာသလိုပဲ ၀တ်စားဆင်ယင်မှု ဖက်ရှင်ကို လည်း ရွေးလာရပါတယ်။ ကျွန်တော်တို့ လူမျိုးတွေမှာ အဲ့ဒီလို အထက်တန်း ကျတဲ့ အမျိုးသားရေးလက္ခဏာတွေ ရှိနေတဲ့အတွက် ဂုဏ်ယူပါတယ်။ အဲ့ဒါကြောင့် သီချင်းဆိုတဲ့အခါ ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ရိုးရာအ၀တ်အစားကို မူလထက်ကြည့်ကောင်းအောင်၊ ဖန်တီးပြီး ၀တ်ဆင်တာဖြစ်ပါတယ်”ဟု သူကပြောသည်။

ယင်းသို့ရခိုင်ရိုးရာဝတ်စုံကို အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ရခြင်းမှာ ရခိုင် လူမျိုးတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် Image ပုံရိပ်ကောင်းတစ်ခု အလွန်အရေးကြီးသည့်အတွက် ဖြစ်သည်ဟု ပြောသည်။

ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင်သည် မဟာနွယ်သီချင်းဖြင့် ရခိုင်ပြည်နယ်တွင် သာမက မြန်မာ တစ်နိုင်ငံလုံးတွင် နာမည်ကြီးနေသော ရခိုင်အဆိုတော်တစ်ဦးဖြစ်သည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။