ကက်စပီယံ ပင်လယ်မှာ ဆိုက်ကပ်ထားတဲ့ ရုရှားစစ်သင်္ဘောကနေ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို ခရုစ်ဒုံးကျည်နဲ့ စတင်ပစ်ခတ်နေပြီဖြစ်ပါတယ်။
မိုင် ၉၃၂ မိုင်ဝေးတဲ့ ကက်စပီယံ ရေတပ်အုပ်စု ဖျက်သင်္ဘော ၄စီးပေါ်ကနေ Kalibr အမျိုးအစား ခရုစ်ဒုံးကျည် တွေကို ဆီးရီးယားမှာရှိတဲ့ ပစ်မှတ် ၁၁ ခုဆီ ပစ်လွှတ်လိုက်တာဖြစ်တယ်၊ ရေတပ်သားများရဲ့ လေ့ကျင့်ခဏ်းကောင်းတွေ အရည်အသွေးတွေကြောင့် ပစ်မှတ်အားလုံးကို ထိမှန်တယ်လို့ ရုရှားကာကွယ်ရေး ၀န်ကြီး ဆာဂျီရှိုအီဂူက ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း IS စစ်ဆင်ရေးမှာ ပါဝင်တဲ့ လေတပ်နဲ့ ရေတပ် အမှုထမ်းတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောဆိုလိုက်ပါတယ်။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။