ရုရှားနှင့် အမေရိကန်အပေါ် ဂျီဟတ်ဒ် ဆင်နွဲရန် IS တိုက်တွန်း

IS အဖွဲ့က ရုရှားနှင့် အမေရိကန်နိုင်ငံသားများအပေါ် ဂျီဟတ်ဒ် ပြုလုပ်ရန် တကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင် များကို တိုက်တွန်းလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

1015171582
 
အစ္စလာမ်မစ် နိုင်ငံတော်ဟု အမည်ပေးထားသည့် IS အဖွဲ့ ပြောခွင့်ရ အဘူ မိုဟာမက် အယ် အက်နာနီက ကမ္ဘာတ၀ှမ်းရှိ မွတ်ဆလင် လူငယ်များအနေဖြင့် အမေရိကန်နှင့် ရုရှားအပေါ်မှာ သန့်ရှင်းတဲ့ စစ်ပွဲ စတင်ဆင်နွဲ ဖို့ ဆော်သြလိုက်ခြင်းဖြစ်ပြီး၊ သူတို့ဟာ ခရူးဆိတ်လို စစ်ပွဲမျိုး ဆင်နွဲနေရတယ်လို့လည်း ဆိုလိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယား နယ်မြေတချို့ကို သိမ်းပိုက်လှုပ်ရှားနေတဲ့ IS အဖွဲ့ကို အမေရိကန်အပါအ၀င် အနောက် အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း ထိရောက်မှု မရှိသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က ရုရှားပါလီမန်၏ ခွင့်ပြုချက်ဖြင့် ရုရှားလေတပ်က ဆီးရီးယားနိုင်ငံ အတွင်းရှိ IS များကို တိုက်ခိုက်ရာ လေ့ကျင့်ရေး စခန်းများ၊ လက်နက်ဂိုဒေါင်များ၊ အမိန့်ပေးဌာနချုပ် စသည့်တို့ ပျက်စီးကာ ဆီးရီးယား အစိုးရတပ်ကလည်း မြေပြင်ထိုးစစ်ပါ ဆင်နွဲလာသည့်အတွက် IS တို့လက်မှ မြို့များ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ထို့အတွက် IS တို့ လက်တုံပြန်လာနိုင်ကြောင်း၊ ချေချင်ညာနှင့် အာရှအလယ်ပိုင်းမှ မွတ်ဆလင် အစွန်းရောက် များ တိုက်ခိုက်လာနိုင်ကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

မနေ့ကလည်း ဆီးရီးယား ဒမတ်စကက်မြို့တော်ရှိ ရုရှားသံရုံးကို ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။