ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် နယ်သာလန်တွင် အခြေချနေထိုင်ခွင့်ရထားသူ ဦးရန်နိုင်စိုး ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံရ

နိရဉ္စရာ
ရန်ကုန်၊ အောက်တိုဘာ ၁၄


ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရန္ဂာမတီ ခရိုင်တွင် ဦးရန်နိုင်စိုးအား ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည့် သံသယဖြင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ရေးသားချက်အရ ဦးရန်နိုင်စိုးအား ရန်ဂါမတီခရိုင် ရာစတောလီရှိ ဆောက်လုပ်ဆဲ ဗလီတစ်ခုအတွင်းမှ ဗုဒ္ဓဟူးနေ့ နံနက် ၃ နာရီခန့်တွင် ဖမ်းဆီးမိသည်ဟု ဆိုသည်။

ဦးရန်နိုင်စိုးသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံသူ ရခိုင်အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ပြုပြီး ဒုက္ခသည်အဖြစ်ဖြင့် နေထိုင်စဉ် UNHCR ၏ ရွှေ့ပြောင်း အခြေချ နေထိုင်မှု အစီအစဉ်အရ ၂၀၀၁ ခုနှစ်အတွင်းက ဘင်္ဂလာမှ တဆင့် နယ်သာလန်နိုင်ငံတွင် ခိုလုံခွင့် ရရှိခဲ့ပြီး မိသားစုနှင့် အတူ နေထိုင်နေသူ တစ်ဦးဖြစ်သည်။

နယ်သာလန်တွင် နှစ်အတန်ကြာနေထိုင်ပြီး ပြန်လာကာ ဘင်္ဂလာဒေ့ရှ်တွင် အိမ်ထောင်ကျခဲ့သော ဇနီးဖြစ်သူ ကျေးရွာရှိနေထိုင်နေစဉ် ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ရှ် သတင်းစာများက ဦးရန်နိုင်စိုးအား ရက္ခိုင့်တပ်မတော်မှ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ရေးသား ဖော်ပြကြသည်။ သူ့မှာ ရက္ခိုင့်တပ်မတော်မှ ထိပ်တန်းခေါင်းဆောင် တစ်ဦးမဟုတ်ဘဲ ကူညီနေသူ တစ်ဦးသာ ဖြစ်ကြောင်း သူနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့က မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တစ်ခုကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် ပစ်ခတ်စဉ် ဘင်္ဂလာတပ်ဖွဲ့ တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။

၎င်းနောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များမှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများကို ရှာဖွေ ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင် ဦးရန်နိုင်စိုးအိမ်တွင် တည်းခိုနေထိုင်သူ တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

အခုအခါ ဦးရန်နောင်စိုးအား ရာစတောလီ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

____Narinajra News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။