တောင်ငူတွင် စတုတ္ထတန်း ကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အမျိုးသား တစ်ဦးက (၉) နှစ်အရွယ် စတုတ္တ တန်းကျောင်းသူတစ်ဦးကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

နေအိမ်တွင် ကလေးငယ် တစ်ဦးတည်းရှိနေစဉ် အိမ်ရှေ့ ရေနုတ်မြောင်းအနီးရှိ သစ်ပင် အောက်သို့ခေါ်ဆောင်ပြီး အဓမ္မ ပြုကျင့်ခဲ့ကြောင်း မြို့သစ်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

 ‘‘ပြစ်မှုကျူးလွန်တဲ့သူကို တော့ စစ်ဆေးနေတုန်းပါ။ ဒီဖြစ် စဉ်ဖြစ်သွားခဲ့တာတော့ ဟုတ်ပါ တယ်။ မုဒိမ်းကျင့်တဲ့သူက တပ် မတော်သားဟုတ်လား၊ မဟုတ် ဘူးလားဆိုတာတော့ သေချာစစ် ဆေးနေပါတယ်။ ဒီအတွက် ဖမ်း ဆီးရမိထားတဲ့သူ ဘယ်သူလဲဆို တာ  ပြောပြနိုင်ခြင်းမရှိသေးပါ ဘူး’’ဟု မြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူးကပြောသည်။

တောင်ငူမြို့ မြို့သစ်နယ် မြေအတွင်းရှိ ကျေးရွာတစ်ရွာတွင် အောက်တိုဘာ ၄ ရက်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်သားတစ်ဦးဖြစ်ကြောင်း မြို့ သစ်နယ်မြေတွင် နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

‘‘နာမည်က ဉာဏ်ထွန်းအောင်လို့ခေါ်တယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်သားတစ်ဦးပါ။ အဲဒီနေ့ညနေ ၅ နာရီလောက်မှာ ကျောင်းသူတစ်ဦး တည်းရှိနေချိန်မှာ အိမ်ရှေ့ ရေနုတ်မြောင်းအနီးက  သစ်ပင်အောက်ကို ခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ သိ ရပါတယ်’’ဟု အဆိုပါဒေသခံကပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကလေးငယ်၏ဖခင်က တောင်ငူ မြို့နယ်မြေရဲစခန်းသို့ တိုင်ကြား ခဲ့ပြီး တောင်ငူပြည်သူ့ဆေးရုံကြီး က ဆေးစစ်ချက်ရယူကာ စွပ်စွဲခံရသူကို မြို့သစ်နယ်မြေရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။