မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

မောင်အေး
ကော့စ်ဘဇား၊ အောက်တိုဘာ ၁၂

မြန်မာနယ်စပ် အနီး နတ်မြစ်အတွင်း ငါးဖမ်းနေသည့် ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၆ ဦးကို ငါးဖမ်းလှေသုံးစီးနှင့် အတူ မြန်မာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း Cox’sbazar News (ကောစ်ဘာဇား သတင်း) တစ်ပုဒ်တွင် ရေးသားဖ်ာပြသည်။

ဖမ်းဆီးခံရသည့် ဘင်္ဂလီငါးဖမ်းသမားများမှာ ငါးဖမ်းလှေ ၅ စီးနှင့်အတူ ဘင်္ဂလာရေပိုင်နက် နစ်မြစ်အတွင်း ငါးဖမ်းနေစဉ် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ ကျော်ခန့်သည် စက်လှေ တစ်စီးနှင့် အတူ ကျူးကျော် ၀င်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ တက်ကနက်မြို့နယ် ဇာလီပါရာမှ အာလာမ်ဂီ (၅၅)နှစ်၊ အာဘဘ် (၃၅)နှစ်၊ ဟောဆန်း (၃၃)နှစ်၊ အဘဒူရ်အာမီ (၂၈)နှစ်နှင့် အဒူလ္လာဟ (၁၈) နှစ်တို့ ဖြစ်သည်။

မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးစဉ် တခြားငါးဖမ်းလှေ ၂ စီးမှာ ထွက်ပြေး လွတ်မြောက်လာပြီး ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့ကိုသတင်းပို့ တိုင်ကြားခဲ့သည်။

တက်ကနက် ( Teknaf) အခြေစိုက် အမှတ် (၄၂) ဘင်္ဂလာနယ်ခြားစောင့် တပ်မှ အရာရှိ အာဘူလ်ဇာအာရ် ဇာဟိဒ် မှ မြန်မာ နယ်ခြားစောင့်တပ်မှ အမှတ် (၂) နယ်မြေမှူး သိန်းဟန်ကို ဆက်သွယ်ပြီး ဖမ်းဆီးသွားသည့် ဘင်္ဂလီငါးဖမ်းသမား များနှင့် လှေများ ကို ပြန်လွတ်ပေး ရန် တောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယခုအချိန်အထိ အဆိုပါ ငါးဖမ်းသမားများကို မြန်မာဘက်မှ ပြန်လည် လွဲပြောင်း ပေးအပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဘင်္ဂလီငါးဖမ်းသမားများကို ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သတ်ပြီး ဘင်္ဂလာဒေ့ရှ်သတင်းစာများက ရေးသောဖော်ပြသော်လည်း မြန်မာနယ်ခြား
စောင့်တပ်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ လက်ခံ ပြောကြားခြင်း မရှိသဖြင့် ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။