ကဏန်းရှားပါးလာ၍ ရွှံ့ကဏန်းကောင်ရေ နှစ်သောင်း ပထမဆုံးအကြိမ် မျိုးထည့်မွေးမြူ


မျိုးစိုက်​ထည့်​​ပေးခဲ့သည့်​ ရွံ့ကဏန်းများ (ဓာတ်ပုံ − မောင်ကံ)

 ရခိုင်ဒေသတွင် ကဏန်းများ တဖြည်းဖြည်းရှားပါး လာခြင်းကြောင့် ရွှံ့ကဏန်းများ မျိုးပွားနိုင်ရန် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ကဏန်း အကောင်ရေနှစ်သောင်းကို ပထမ ဆုံးအကြိမ် မျိုးထည့်မွေးမြူ ခဲ့ကြောင်း သတင်းရရှိသည်။

 ရွှံ့ကဏန်းများကို မောင် တောမြို့ရှိ နတ်မြစ်ကမ်းတစ် လျှောက်တွင် လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 ‘‘အဓိကကတော့ ဥပြည့် ကဏန်းတွေနဲ့ အရွယ်အစားသေး ငယ်တဲ့ ကဏန်းတွေကို အလွန် အကျွံ ဖမ်းဆီးလိုက်တဲ့အတွက် ကဏန်းရှားပါးမှုကြုံတွေ့ လာရ တာဖြစ်ပါတယ်။ အဲဒီလို ကဏန်း ရှားမှုကို ပြန်လည်အစားထိုးနိုင်ဖို့ အတွက် မျိုးစိုက်ထည့်ပေးခဲ့တာ ဖြစ်ပါတယ်’’ဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

  ရခိုင်ပြည်နယ်တွင် ရွှံ့ ကဏန်းများနှင့် ပင်လယ်ကဏန်း များကို ပေါများစွာ ဖမ်းဆီးရမိခဲ့ ပြီး အဝယ်ဒိုင်များ ဖွင့်လှစ်ကာ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင် ပို့ခဲ့ရသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်မှစတင်၍ ကဏန်းဖမ်း ဆီးရရှိမှု နည်းပါးလာခဲ့သည်။

ထို့ကြောင့် ကဏန်းအဝယ် ဒိုင်များလည်း လုပ်ငန်းများ ပိတ် သိမ်းလာခဲ့ရကြောင်း ကဏန်းအ ရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မောင် တောနယ်စပ်အပါအဝင် ရေထွက် ပစ္စည်းပေါများစွာ ရရှိနေသည့် ဒေသတစ်ခု ဖြစ်သော်လည်း သဘာဝအလျောက် ဖမ်းဆီးရရှိ နေသော ဈေးကွက်ဝင် ရေထွက် ပစ္စည်းများ ရှားပါးမှုကြုံတွေ့လာ ရသည့်အတွက် ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သည့်လုပ်ငန်း လျော့ကျလာကြောင်း သတင်းရရှိ သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။