မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် ဆော်ဒီမင်းသားတစ်ဦး လက်ဘနွန်တွင် အဖမ်းခံရ


ဘေရွတ်လေဆိပ်အတွင်းတွင် တွေ့ရှိရသည့် လက်ဘနွန် အထူးတပ်ဖွဲ့ဝင်များ။

လက်ဘနွန်နိုင်ငံ ဘေရွတ်လေဆိပ်၏ သမိုင်းတလျှောက် အကြီးကျယ်ဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ဆက်စပ်၍ ဆော်ဒီအာရေးဘီးယား မင်းသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

လက်ဘနွန် လုံခြုံရေး အရာရှိ တစ်ဦးက ဆော်ဒီတော်ဝင်မိသားစုမှ မင်းသားတစ်ဦးနှင့် အခြားသော ဆက်စပ်ပုဂ္ဂိုလ် လေးဦးကို မိမိတို့ ထိန်းသိမ်းလိုက်ကြောင်း ဆိုသည်။ အောက်တိုဘာ ၂၆ ရက်တွင် အဖမ်းခံရသည့် ဆော်ဒီ မင်းသားမှာ အက်ဘ်ဒဲလ် မိုဆန်ဘင်ဝါလစ်ဒ်ဘင်အက်ဘ်ဒူလာဇစ်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

၎င်းသည် Captagon ဆေးပြား ၂ တန်မျှနှင့် ကိုကင်းအချို့ကို မှောင်ခိုသယ်ယူရန် ကြိုးပမ်းခဲ့ကြောင်း လက်ဘနွန် လုံခြုံရေးဌာန တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ Captagonသည် စိတ်ကြွဆေးဝါး တစ်မျိုးဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် အသုံးပြုခွင့် တားမြစ် ပိတ်ပင်ထားသည်။ သို့သော်လည်း ဆီးရီးယား ပြည်တွင်းစစ်တွင် တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့များနှင့် အစိုးရတပ်များကြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်ဟု ယုံကြည်ရသည်။

ဘေရွတ်လေဆိပ်တွင် အဖမ်းခံရသူ ၅ ဦးစလုံးသည် ဆော်ဒီနိုင်ငံသားများ ဖြစ်ကြပြီး လတ်တလောတွင် လက်ဘနွန် အကောက်ခွန် အရာရှိများက စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

ယခုဖမ်းဆီးရမိမှုသည် ဘေရွတ် လေဆိပ်သမိုင်းတွင် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်သော်လည်း နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍတွင် စံချိန်တင် ပမာဏမျိုး မဟုတ်သေးချေ။ ၂၀၁၄ ခုနှစ်၊ ဧပြီလက ဘေရွတ် ဆိပ်ကမ်းတွင် Captagon ဆေးပြား ၁၅ တန်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

ယခုဖြစ်ရပ်တွင် လက်ဘနွန် အာဏာပိုင်များက ဆော်ဒီနိုင်ငံ၊ ရီယတ်ဒ်မြို့တော်သို့ ပျံသန်းမည့် ကိုယ်ပိုင်လေယာဉ် တစ်စီးကို သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ပြီး လက်ဆွဲသေတ္တာ အလုံး ၄၀ တွင် ထည့်ထားသည့် ဆေးပြားများ တွေ့ရှိခဲ့ခြင်းဟု သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။