မောရဇော် (ကျောက်တော်) - News

ဓါတ်ပုံ - Pauktaw Township News
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက တစ်သောင်း ကျပ်တန်ငွေစက္ကူအတု များနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ယင်းငွေစက္ကူအတုများနှင့် ပေါက်တောမြို့ဈေးအတွင်း ပစ္စည်းများအား လိုက်လံဝယ်ယူနေစဉ် မသင်္ကာဖွေတွေ့ရှိရဖြင့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူလိုက်ခြင်းဖြစ်ပြီး တစ်သောင်းကျပ်တန်ငွေစက္ကူ ၁၂ ရွက်ကိုလည်း ၄င်းနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောမြို့နယ်ရဲစခန်းမှသိရသည်။
“ အတုလို့ ထင်ရတဲ့ငွေတွေကို ကိုင်ပြီးတော့ ဆိုင်တိုင်းကိုလိုက်ဝယ်နေတယ်လို့ လူတစ်ယောက်က ဆိပ်ကမ်းမှာ တာဝန်ကျတဲ့တပ်ကြပ်ကြီးကို သတင်းလာပေးတယ်။ အဲဒီတော့မှာ နယ်ထိန်းအဖွဲ့တွေက နောက်ကနေ စောင့်ကြည့်ပြီး မသင်္ကာလို့ဖမ်းလိုက်တာ။ အဲဒီမှာငွေ တစ်သောင်းတန်အတု ၁၂ ရွက်ပါတယ်။ နောက် ဆိုင်တွေက လာပေးတာနဲ့ဆိုရင် အရွက် ၂၀ လောက်ရှိတယ်။ ” ဟု ပေါက်တောမြို့နယ် ရဲစခန်းမှူးကပြောသည်။
ယင်းအမျိုးသမီးမှာ အသက် (၃၄)နှစ်အရွယ်ခန့်ရှိပြီး ပေါက်တောမြို့နယ် ပိန်နဲချောင်းကျေးရွာ ၌နေထိုင်သူတစ်ဦးဖြစ်ကာ ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများမှာလည်း ၄င်းအမျိုး၏မိသားစုမှာ ဖားကန့်ဒေသတွင် အလုပ်လုပ်ကိုင်ပြီး ကျောက်အောင်ကာ ကျောက်ရောင်း၍ ရရှိသည့်ငွေများအထည်၌ ရောနှောပါ လာသည်ဖြစ်ကြောင်းလည်း အမျိုးသမီးက ရဲစခန်းတွင်ထွက်ဆိုကြောင်း မြို့နယ်ရဲစခန်းမှူးကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါအမျိုးသမီးအား ပေါက်တောမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ -၁၀၆ နှင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
___Arakan Times

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။