ဖေ့စ်ဘုတ်မှာ ကာကွယ်ရေး ဦးစီးချုပ်ကို သရော်သည့်ပုံ ရှယ်မိ၍ အမျိုးသားတဦး ထပ်အဖမ်းခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ရှယ်ခဲ့သည့်အတွက် ပက်ထရစ်ခွန်ဂျာလီ ဆိုသူ အမျိုးသား တဦး အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်, ဆယ်သွယ်ရေး ဥပဒေ, လူမှုကွန်ရက် ဖေ့စ်ဘုတ်
ပက်ထရစ်ခွန်ဂျာလီသည် ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သူ ဖြစ်ပြီး လှိုင်မြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ပက်ထရစ်ခွန်ဂျာလီကို တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး တဦးက လှိုင်မြို့နယ် ရဲစခန်းတွင် တရားလိုလုပ် တိုင်တန်းခြင်းဖြစ်ကြောင်း၊ ရဲစခန်းက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်းလည်း ၎င်းက ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား ဖြန့်ဝေသည့်အတွက် ပက်ထရစ်ခွန်ဂျာလီကို ဖမ်းဆီးထားခြင်း ဖြစ် ပြီး ယနေ့တွင် ရမန် (ချုပ်ရက်) စတင်ယူသည်ဟုလည်း အထက်ပါ ရဲအရာရှိက ပြောပြသည်။

“ဟုတ်တယ်။ ဖမ်းထားပြီ။ ရမန်ယူပြီ။ သူက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခြေထောက်နဲ့ နင်းထားတဲ့ပုံကို အဲဒါကြီးကို ဖြန့်တယ်။ သူ့ဆီက ဖုန်းတို့၊ လက်ပ်တော့တို့ သိမ်းရတယ်။ တပ်မတော်က ဒုတိယ ဗိုလ်မှူးကြီး တယောက်က တရားလိုလုပ်ပြီး လာတိုင် တယ်”ဟု ၎င်းက ပြောဆိုသည်။

ပက်ထရစ်ခွန်ဂျာလီသည် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ကချင်ပုဆိုးဝတ်ထားသူ တဦးက ခြေထောက်ဖြင့် နင်းထားပြီး “ဒီပုံကို မ share ပါနဲ့ share ရင် အဖမ်းခံရမယ်”ဟူသည့် Post ကို အောက်တိုဘာ ၉ ရက်က ရှယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပက်ထရစ်ခွန်ဂျာလီသည် အမျိုးသမီးအရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ လှုပ်ရှားဆောင်ရွက်နေသည့် မမေစံပယ်ဖြူ၏ ခင်ပွန်း ဖြစ် သည်။

ယနေ့တွင် ပက်ထရစ်ခွန်ဂျာလီ၏ သမီးဖြစ်သူ Ah Pam က ရဲစခန်း၌ သူ၏ဖခင်ကို တွေ့ခွင့်ရရန် စောင့်နေသော်လည်း နေ့လယ်ပိုင်း အချိန်အထိ တွေ့ခွင့်မရသေးကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းမှုအား ပြန်လည်ဖြေကြား ပြောဆိုသည်။

လှိုင်မြို့နယ် ရဲစခန်းက ယင်း Post ကို A 4 စာရွက်ဖြင့် ပရင့်ထုတ်ကာပြပြီး ရယက တဦး၊ မြို့နယ်စခန်းမှ ရဲလေးဦး စုစုပေါင်း ၅ ဦးတို့က အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ ကျော်တွင် အိမ်သို့လာရောက်ရှာဖွေ၍ ကွန်ပျူတာနှင့် ဖုန်း ကို သိမ်းဆည်း ဖမ်းဆီးသွားကြောင်း ပက်ထရစ်ခွန်ဂျာလီ ၏ ဇနီးဖြစ်သူ မမေစံပယ်ဖြူက VOA ကို ပြောဆိုထားသည်။

ပက်ထရစ်ခွန်ဂျာလီ၏ ဖြစ်စဉ်သည် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်သည့် ဓာတ်ပုံ များအား ရှယ်ခဲ့သည့်အတွက် ယခုရက်ပိုင်းအတွင်း အာဏာပိုင်များက ဒုတိယမြောက် ဖမ်းဆီးခဲ့သည့် အမှုဖြစ်စဉ်တခု ဖြစ်သည်။

ပထမအမှုဖြစ်စဉ်သည် မအူပင်မြို့တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မချောစန္ဒီထွန်းသည် ၎င်း၏ဖေ့စ်ဘုတ် စာမျက်နှာတွင် အောက်တိုဘာလ ၈ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အ၀တ်အစားအရောင်နှင့် တပ်မတော်၏ အစိမ်းနုရောင် စစ်ဝတ်စုံ အသစ်ကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံအား ရှယ်၍ ဝေဖန်သရော်စာ ရေးသားခဲ့သည့်အတွက် အောက်တိုဘာ ၁၂ ရက်ညက ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ခြင်း ခံထားရသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။