ပြီးခဲ့သည့် မတ်လနှင့် ဧပြီအတွင်းက ကျောက်တော်မြို့ နယ် အထက်ပိုင်းတွင် ရက္ခိုင့်တပ် မတော် (AA)နှင့် မြန်မာ့တပ်မတော်တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ မင်းပြားမြို့ခံတစ်ဦးကို ဖမ်းဆီးတရား စွဲဆိုပြီး ထောင်ဒဏ်သုံးနှစ်ချမှတ် လိုက်ခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင် တရားရုံးသို့ အယူခံဝင်မည်ဟု သတင်းရရှိသည်။
မင်းပြားမြို့နယ် လဟာ ကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို တရားရုံးက စက်တင်ဘာ ၂၈ ရက်တွင် မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင် ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး မြို့ နယ်တရားရုံး၏ စီရင်ချက်ကို မကျေနပ်၍ အယူခံဝင်ခြင်းဖြစ် ကြောင်း အကျိုးဆောင်ရှေ့နေက ပြောသည်။
‘‘ဒီအမှုဟာ အမှုမဖွင့်ခင် ကိုးရက်လောက်ကတည်းက တပ် မတော်က ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ အဲဒီကိုးရက်အ တွင်း ဖမ်းဆီးခံထားရသူ လက် မှတ်ထိုးပေးလိုက်ရတဲ့ စစ်ကြော ချက်တစ်စောင်ကလွဲလို့ ကျန်တဲ့ အထောက်အထားတစ်စုံတစ်ရာ မှ မရှိပါဘူး။ အဲဒီစစ်ကြောချက် ကိုပဲ သက်သေခံဝင်တဲ့ အထောက် အထားဖြစ်တယ်ဆိုပြီး အမိန့်ချ မှတ်လိုက်တာ ဖြစ်ပါတယ်’’ ဟု အကျိုးဆောင်ရှေ့နေက ပြော သည်။ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ် ပွားမှုကြောင့် ရခိုင်ပြည်နယ် မြို့ နယ်အသီးသီးမှ ဒေသခံ ၃၂ ဦး ကို ဖမ်းဆီးကာ သက်ဆိုင်ရာမြို့ နယ်များ၌ မတရားအသင်းဆက် သွယ်မှု ပုဒ်မများဖြင့် တရားစွဲဆို ခဲ့ပြီး တရားလိုဖြစ်သည့် ရဲတပ်ဖွဲ့ ဘက်က ဆက်စပ်မှုမရှိကြောင်း တရားရုံးသို့ ပြန်လည်လျှောက် ထားသည့်အတွက် ဖမ်းဆီးထား သူ ၁၆ ဦးအား ပြန်လည်လွှတ်ပေး ခဲ့သည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။