တရုတ်က ရှမ်းမြောက်ဒေသမှာ မြေဧက ၂သိန်းကျော် ငှားရမ်းဖို့ ကမ်းလှမ်းခဲ့

IMG_1602

တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ သူထောက်ပံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထားဖို့ မြေဧက ၂သိန်းကျော်ကို နှစ် ၉၀ စာချုပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ ငှားရမ်းဖို့ ကြိုးစားခဲ့တယ်လို့ ခိုင်လုံတဲ့ ကချင်သတင်းရပ်ကွက် ကဆိုပါတယ်။

ဒီအစီအစဉ်ကို ဆောင်ရွက်ဖို့ တရုတ်ဟာ ၂၀၁၃ ခုနှစ်ကတည်းက KIA ထံ ချဉ်းကပ်ခဲ့တာဖြစ်ပြီး၊ ဒါပေမယ့် အစီအစဉ်ကို KIA က လုံးဝလက်မခံဘူးလို့ သိရပါတယ်။

တရုတ်လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့တွေဟာ ၀၊ ကိုးကန့်နဲ့ တခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်နိုင်ပြီး၊ အဲဒီလို ထားရှိခြင်းဖြင့် တရုတ်ရဲ့ နယ်စပ်လုံခြုံရေးကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်လို့ ကချင်သတင်းရပ်ကွက် က ဆိုပါတယ်။

မုံးကိုး ဒေသဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့ဒေသကို အခြေချစဉ်က တရုတ်နယ်စပ်ဖြတ်ကျော်ကာ စတင် သိမ်းပိုက်ခဲ့တဲ့ နေရာဖြစ်ပြီး ၊ အခုအခါမှတော့ ဒီနယ်မြေမှာ ကချင်တပ်မဟာ(၄)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ကိုးကန့်လက်နက်ကိုင်တွေ ထိန်းချုပ်လှုပ်ရှား ရာနေရာ လည်းဖြစ်ပါတယ်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။