၁။ ဥက္ကဋ္ဌ - ဦးစိုင်းအိုက်ပေါင်း။
၂။ ပါတီဝင်အရေအတွက် - လေးသိန်းကျော်။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ်၌ ကိုးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ခုနစ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ သုံးမြို့နယ်၊ ကယားပြည်နယ်၌ ခြောက်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၄၃ မြို့နယ် စုစုပေါင်း ၆၈ မြို့နယ်တွင် မဲဆန္ဒနယ် ၂၀၀ ကျော်၌ ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး။
၅။ ပါတီဆောင်ပုဒ်- ပြည်နယ်များ အမြန်ဖွံ့ဖြိုးတိုးတက်ဖို့ ကျားဖြူပါတီကို မဲထည့်စို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ပြည်သူ့အကျိုးဆောင်ရွက်ချင်သူများနှင့် အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များအား ရွေးချယ်ထားသည်။
၇။ ပါတီရန်ပုံငွေ− အလှူငွေနှင့် ပါတီဝင်များထည့်ဝင်ငွေကြေးဖြင့် လည်ပတ်နေသည်။
၈။ ပါတီနောက်ခံသမိုင်း- ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာသည့်အခါ ရှမ်းတိုင်းရင်းသားများအတွက် ပါတီတစ်ခုရှိသင့်သည်ဟု ယူဆကာ တိုင်ပင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ကျပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၅၇ နေရာ အနိုင်ရရှိခဲ့။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ လစ်လပ်မဲဆန္ဒနယ်၌ အနိုင်ရရှိခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
လွှတ်တော်ထဲရောက်ရင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု မဖြစ် ပေါ်မချင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းသွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးက အခုလည်းလုပ်နေတယ်။ ပြည်တွင်းငြိမ်း ချမ်းရေးမရလို့ကတော့ တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်ဘူး။ ရန်ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ တော်လောက်ပြီ။ လွှတ်တော်ထဲရောက်ရင်လည်း လွှတ်တော်အပိုင်းကနေ ထိထိရောက်ရောက်ကြိုးပမ်းသွားမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
တိုင်းပြည်ရဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်က စိုက်ပျိုးရေးကို အခြေ ခံကြတယ်။ အဲဒီတော့ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်လုပ် ရမယ်။ ဒီပုံစံနဲ့မဖြစ်ဘူး။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာရမယ်။ နည်းပညာ လာရမယ်။ ပြည်သူလူထုကို အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။
ပြည်သူတွေက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
ကျားဖြူပါတီက ရှမ်းပြည်နယ်မှာရော၊ ကချင်ပြည်နယ်မှာရော၊ ကယားပြည်နယ်မှာရော ရှမ်းတိုင်းရင်းသားအားလုံးရဲ့ အကျိုးကျေးဇူး ကို ဆောင်ရွက်ခဲ့တယ်။ နောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ အောင် လုပ်မယ့် ပါတီဖြစ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကို မဲပေးသင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တို့နိုင်ငံမှာက တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတယ်လေ။ တိုင်းရင်း သားတွေကို ကိုယ်ချင်းစာတရားရှိတဲ့ သမ္မတလောင်းကို ရွေးချယ်မယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် လုပ်ပေးမယ့် သမ္မတ လောင်းကို ရွေးချယ်မယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၇၀) နှစ်
ပညာအရည်အချင်း - B.A; HGP၊ RL။
လက်ရှိအလုပ်အကိုင်- ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တု ၀န်ကြီး။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ မှ လက်ရှိအချိန်အထိ နိုင်ငံ ရေးဖြတ်သန်းခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ထူ ထောင်ခဲ့ပြီး လက်ရှိအချိန်အထိ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် သိန်းနီမဲဆန္ဒနယ် (၂)မှ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန်ကြီးဖြစ်လာသည်။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၉-၅၁၅၉၉၉၈။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။