အပစ်ရပ်စာချုပ်စောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်း

တိုက်ပွဲများဖြစ်ပွားနေ သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစည်း၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) စောင့်ကြည့် လေ့လာရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်မြောက်ပိုင်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့် လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို လားရှိုးမြို့တွင် အောက်တို ဘာ ၈ နှင့် ၉ ရက်က ပြုလုပ်ခဲ့ပြီး နောက် NCA စောင့်ကြည့်လေ့လာ ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ် သည်ဟု အလုပ်ရုံဆွေးနွေးပွဲဖြစ် မြောက်ရေးကော်မတီဝင် ဦးဇဲ ဒေါင်ကပြောသည်။

‘‘ရှမ်းပြည်နယ်မြောက်ပိုင်း မှာ NCA လက်မှတ်မထိုးတဲ့သူရှိ သလို ထိုးမယ့်အဖွဲ့တွေလည်း ရှိ ပါတယ်။ ထိုးမယ့် အဖွဲ့တွေက ထိုးပြီးတဲ့အခါ စာချုပ်အပေါ် သူ တို့ဘယ်လိုလိုက်နာမလဲ။ မလိုက် နာဘူးလဲ။ အဲဒါစောင့်ကြည့်ဖို့ လို အပ်လို့ ကော်မတီဖွဲ့လိုက်တာပါ’’ ဟု ဦးဇဲဒေါင်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ တအောဝ်းအမျိုးသား လွတ် မြောက် ရေးတပ်မတော်(TNLA) နှင့် ကိုးကန့်တပ်ဖွဲ့(MDNAA)တို့ အခြေစိုက်ပြီး အစိုးရတပ်မတော် နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေ သည်။ တိုက်ပွဲအတွင်း အရပ်သား များ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

NCA စောင့်ကြည့်လေ့လာ ရေးအဖွဲ့တွင်  ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ ပလောင်စာ ပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လီဆူ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း အပြင် ဒေသတွင်း နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ် ၂၇ ဦးဖြင့်ဖွဲ့စည်းလိုက်သည်ဟု ငြိမ်းဖောင် ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆော့က ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။