ဆိုက်ဘာလုံခြုံရေးဆန်းမစ်သို့တက်ရောက်သည့် အမေရိကန်သမ္မတ အိုဘားမား (Reuters)
ဆိုက်ဘာတိုက်ခိုက်မှုများ အကြောင်း မျှဝေရေး လွယ်ကူစေရန် ရည်ရွယ်ထားသော ဆိုက်ဘာလုံခြုံရေး ဥပဒေတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့သည်။
အမေရိကန် အစိုးရက ထောက်ခံသော်လည်း နည်းပညာကုမ္ပဏီကြီးများနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့် အုပ်စုများအပေါ် ဆန့်ကျင်သော ဥပဒေကို အထက်လွှတ်တော်က ၇၄ မဲ-၂၁ မဲဖြင့် အတည်ပြုပြီး အောက်လွှတ်တော်သို့ ပို့ဆောင်လိုက်သည်။
ဆိုက်ဘာလုံခြုံရေး သတင်းအချက်အလက် မျှဝေရေး ဥပဒေမှာ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍကြား သတင်းအချက်အလက်မျှဝေခြင်းကို လွယ်ကူစေလိမ့်မည်ဟု ဥပဒေအပေါ် ထောက်ခံသူများက ပြောကြားသည်။
ဝေဖန်သူများကမူ ယင်းမှာ စောင့်ကြည့်ထောက်လှမ်းမှု ပိုမိုလုပ်ဆောင်ရေး လမ်းဖွင့်လိုက်ခြင်းဟု ဆိုကြသည်။
‘‘ဒီဥပဒေကနေပြီး အမေရိကန်ရဲ့ ကိုယ်ပိုင်ပုဂ္ဂလိက သတင်းအချက်အလက်တွေကို နိုင်ငံခြား ဟက်ကာတွေဆီကနေ ပိုပြီး လုံခြုံအောင် လုပ်ပေးနိုင်ပါတယ်’’ ဟု အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ရစ်ချက်ဘားက ပြောသည်။
အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရအေဂျင်စီများသည် နေ့စဉ်လိုလို ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်းနှင့် အမေရိကန်၏ ကိုယ်ပိုင်သတင်းအချက်များအား နိုင်ငံခြားအေးဂျင့်များနှင့် ရာဇ၀တ်ဂိုဏ်းများက ဆက်လက်ခိုးယူနေကြစဉ် မိမိတို့အနေဖြင့် ထိုင်ကြည့်နေ၍ မရကြောင်း ရစ်ချက်ဘားက ဆက်လက်ပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။