ကျုံပျော်- ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ညစ်ညမ်းပုံ ဖန်တီးကာ လူမှုကွန်ရက်ပေါ်တင်သည့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးကို ဒီချုပ်ပါတီဝင် တစ်ဦးက ရဲစခန်းတွင် အီလက်ထရွန်နစ်ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ် အ မှတ်(၁)ရပ်ကွက်မှ ဒီချုပ်ပါတီဝင် ဦးစည်သူအောင်က ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူး ဦးသန်း ထွန်းကို ရဲစခန်းတွင် အောက်တို ဘာ ၁၇ ရက်ညက အမှုဖွင့်ခဲ့ ခြင်းဖြစ်ပြီး ဦးသန်းထွန်းကို ဖမ်း ဆီးနိုင်ရေး ကြိုးစားနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်လွင်က ပြောသည်။
တရားလို ဦးစည်သူအောင် က ‘‘သူသူဆိုတဲ့ အကောင့်ပိုင်ရှင် က ဒေါ်အောင်ဆန်းစုကြည်မျက် နှာနဲ့ ဝတ်လစ်စားလစ်ပုံဖြတ်ညှပ် ကပ်လုပ်ပြီး တင်ထားတယ်။ ဒီလူ ဟာ ဦးသန်းထွန်းဆိုတဲ့ ပြည်ခိုင် ဖြိုးပါတီဝင် ဖြစ်ပါတယ်ဆိုပြီး နေမင်းစံဆိုတဲ့ အကောင့်ပိုင်ရှင်က တင်ထားတာတွေ့လို့ သူသူ့အ ကောင့်ထဲဝင်ကြည့်ပြီး လူငယ် တွေနဲ့တိုင်ပင်ပြီး အမှုဖွင့်လိုက် တာ’’ဟု ပြောသည်။
သူသူ အကောင့်ပိုင်ရှင်မှာ ၎င်းဖြစ်သည်ဟု ဦးသန်းထွန်းက ဝန်ခံခဲ့ပြီး အမှုမဖွင့်မီ မီဒီယာ များမှတစ်ဆင့် ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံရှေ့တွင် လူထုအား တောင်းပန်ပါက ကျေအေးမည်ဟုတောင်းဆိုညှိနှိုင်းခဲ့သော်လည်း လက်မခံသောကြောင့် အမှုဖွင့် ခြင်းဖြစ်သည်ဟု ဦးစည်သူအောင် က ပြောသည်။
ဆက်သွယ်ရေးနှင့်အီလက် ထရွန်နစ်ဥပဒေ ၆၆(ဃ) မှာ အထူးဥပဒေဖြစ်ပြီး အာမခံပေး၍ မရဘဲ ၂၄ နာရီအတွင်း ဖမ်းဆီးခံရ သည့်အမှုဖြစ်သည်။
အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲက အမှုဖွင့်လိုက် သော်လည်း အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခွဲအထိ ၎င်းကို ဖမ်းဆီးမရသေးဟု ရဲမှူးကြည်လွင်က ပြောသည်။
‘‘နောက်ဆုံးအခြေအနေက တော့ သူ့ကို ဖမ်းပြီး သက်သေခံ ပစ္စည်းသိမ်းဖို့ပဲ ကျန်တော့တယ်’’ ဟု ရဲမှူးကြည်လွင်က ပြောကြားသည်။
http://7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။