မျိုးစောင့်ဥပဒေဂုဏ်ပြုကြိုဆိုပွဲ ရဟန်းရှင်လူတစ်သိန်းခန့် တက်ရောက်၊ အမျိုးဘာသာ သာသနာအတွက် ယုံကြည်စိတ်ချအားကိုးရမည့် အမတ်လောင်းကို ပါတီ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ရွေးချယ်ရန် တိုက်တွန်း


မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ ရန်ကုန်သုဝဏ္ဏကွင်း၌ ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ရဟန်းရှင်လူ တစ် သိန်းခန့်  တက်ရောက်သည့် မျိုး စောင့်ဥပဒေပေါ်ပေါက်လာခြင်း ဂုဏ်ပြုကြိုဆိုပွဲတွင် မဘသဗဟို က ထုတ်ပြန်သော ကြေညာချက်၌ ယုံကြည်စိတ်ချ အားကိုးရမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းမှန်သမျှကို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ စိစစ်ရွေးချယ်ကြရန် တိုက်တွန်းထားသည်။

အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ မွန်းလွဲ ၂ နာရီ မှ ညနေ ၆ နာရီခွဲအထိ မျိုးစောင့် ဥပဒေပေါ်ပေါက်လာခြင်း ဂုဏ်ပြု ကြိုဆိုပွဲကျင်းပရာ သီတဂူဆရာ တော် ဒေါက်တာအရှင်ဉာဏိဿ ရ၊ အင်းစိန်ရွာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသ၊ မဘသအဖွဲ့ဝင်ဆရာ တော်ကြီးများနှင့် အခြားဘာသာ များမှ ဘာသာရေးခေါင်းဆောင် များ၊နိုင်ငံတကာသံရုံးများမှအရာ ရှိများနှင့် ပြည်သူများ တက် ရောက်ခဲ့ကြသည်။

အချက် ၁၁ ချက်ပါဝင်သော မဘသ(ဗဟို)က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြည်သူများ က လွှတ်တော်ကိုယ်စားလှယ်ရွေး ချယ်ရာ၌ မိမိမြို့ရွာနှင့် အမျိုး သာဘာသာသနာအတွက် ယုံ ကြည်စိတ်ချအားကိုးရမည့် လွှတ် တော်ကိုယ်စားလှယ်လောင်းမှန် သမျှကို ပါတီစွဲ၊ပုဂ္ဂိုလ်စွဲမထားဘဲ စိစစ်ရွေးချယ်ကြရန် အချက်အ ပြင် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ကြီး၏ ဂုဏ်သိ က္ခာညှိုးနွမ်းစေရန် တမင်ရည် ရွယ်၍ မဘသတံဆိပ် (လိုဂို) အသုံးပြုလျက် နိုင်ငံရေးလှုံ့ဆော် နေမှုများကို ရပ်တန်းကရပ်ကြရန် အပြင်းအထန် အသိပေးသော အချက်၊ ပြည်သူလူထုအားလုံး သည် ညီညွတ်မျှတငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် မျိုးစောင့် ဥပဒေလေးရပ်ကို လေးစားလိုက် နာကြရန်နှင့် အစိုးရအစဉ်အ ဆက် ကာကွယ်စောင့်ရှောက်ကြ ရန် အထူးတိုက်တွန်းသည်ဟူ သော အချက်လည်းပါဝင်သည်။

ထို့အပြင် မဘသအဖွဲ့ကြီး သည် တိုင်းပြည်နှင့်လူမျိုး၊ဘာသာ နှင့် သာသနာကို စောင့်ရှောက် နေသော အဖွဲ့ကြီးဖြစ်နေသည့် အားလျော်စွာ လူမျိုးစွဲ၊ ဘာသာစွဲ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မည် သည့်ပါတီ၊မည်သည့်ဘာသာနှင့် ပင်ဖြစ်စေ တိုင်းပြည်ငြိမ်းချမ်းရေး ကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက် သွားမည်။ အစိုးရက တိုင်းပြည်ကို ကြီးမားစွာ အန္တရာယ်ပြုနိုင်သော တရားမ၀င် ၀င်ရောက်နေထိုင် ကြသည့် နိုင်ငံသားမဟုတ်သူများ ကို ၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအတိုင်း  တိကျစွာ ဆောင်ရွက်ပေးရန်လည်း တိုက် တွန်းထားသည်။

‘‘မဘသက လွယ်လွယ်နဲ့ ပေါ်ပေါက်လာခဲ့ရတာတော့ မ ဟုတ်ဘူး။ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မဘသက ငြိမ်း ချမ်းရေးကိုဦးတည်တာပါ။မဘသ စဖွဲ့တော့ မဟနက စင်ပြိုင်အဖွဲ့ လားဆိုပြီး  ထင်မြင်ခဲ့တယ်။ အစိုးရက နိုင်ငံရေးလုပ်ပြီး သူတို့ ကိုတိုက်ခိုက်မယ့်အဖွဲ့လားဆိုပြီး သို့လော သို့လော ဖြစ်ခဲ့တာရှိ တယ်။ လုပ်ငန်းစဉ်မစခင်က တည်းက ဝေဖန်တိုက်ခိုက်နေသူ တွေလည်း ရှိနေခဲ့တယ်။ အဲဒီဝေ ဖန်မှုတွေကို သည်းခံနေခဲ့ရတယ်။ ဥပဒေအသက်ဝင်လာတဲ့အခါကျ မှ တန်ဖိုးရှိတဲ့ ဥပဒေအဖြစ်လက်ခံ လာလိမ့်မယ်လို့ခံယူထားခဲ့တယ်’’ ဟု  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသက မိန့်ကြားသည်။

‘‘မဘသအနေနဲ့ မည်သည့် နိုင်ငံရေးကိစ္စမှ စွက်ဖက်မှာ မဟုတ်ဘူး။ နိုင်ငံရေးကို တချို့က ပါတယ်လို့ ထင်နေကြတယ်။ တ ချို့ရှင်ငယ်၊ ရဟန်းငယ်လေးတွေ က နိုင်ငံရေးမှာ ပါဝင်ကူညီနေ တယ်လို့ဆိုတာ ကြားတယ်။ ဒါ ဟာ မဘသရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ သူ့သဘော နဲ့ သူလုပ်နေကြတာ။ ဒါကို ဦးဇင်း တို့က တွေ့ရင် ဟန့်တားဆောင် ရွက်သွားရမှာ ဖြစ်တယ်။ မဘသ က ဘာအရောင်အသွေးမှ မရှိဘူး။အချို့တွေက စာလည်း မဖတ်၊ မလေ့လာဘဲ ဘုန်းကြီးက လူအ လုပ် လုပ်တယ်ပြောနေကြတာ အမှားတွေပါ’’ဟု မန္တလေးမြို့၊ တောင်စလင်းကျောင်းတိုက်၊ ၀ါ ခင်းကုန်းဆရာတော် ဦးတိက္ခက မိန့်သည်။

မျိုးစောင့်ဥပဒေ ပေါ်ပေါက် လာခြင်း ဂုဏ်ပြုကြိုဆိုပွဲအခမ်း အနားတွင် သံဃာတော်အပါး ၂,၅၀၀ ကျော်အပါအ၀င် လူဦး ရေတစ်သိန်းခန့် တက်ရောက်ခဲ့ ကြောင်း သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ကြားသည်။

အခြား ဘာသာများတွင် ဥပဒေရှိပြီးဖြစ်ပြီး ဗုဒ္ဓဘာသာတွင် ယခုမှ ဥပဒေပေါ်လာခြင်းဖြစ်ကာ မျိုးစောင့်ဥပဒေသည် အခြားဘာ သာဝင်များကို အန္တရာယ်မပေးဘဲ မိမိဘာသာဝင်များအတွက် ခြံ စည်းရိုးခတ်ခြင်းဖြစ်ကြောင်း ရှမ်း ပြည်နယ် ကလောမြို့မှ လာ ရောက်သော ဓနုတိုင်းရင်းသား ကိုအောင်မျိုးကပြောသည်။

‘‘ကျွန်မတို့က ဖျော်ဖြေရေး အနေနဲ့ လာရောက်အားဖြည့်ပေး ရုံပါ။ ဒီမျိုးစောင့်ဥပဒေနဲ့ပတ် သက်လို့တော့  များများစားစား လေ့လာထားတာတော့မရှိဘူး။ အခုဆရာတော်ကြီးတွေပြောတာ နားထောင်ကြည့်ရသလောက်က တော့ ကောင်းပါတယ်။ လုံခြုံမှုရှိ အောင် လုပ်ထားတယ်ဆိုတာ သိရလို့ ဥပဒေအပေါ်လက်ခံနိုင်ပါ တယ်’’ဟု ပအိုဝ်းတိုင်းရင်းသား အကဖြင့် လာရောက်ဖျော်ဖြေမှုပြု လုပ်ခဲ့သည့် စီးပွားရေးတက္ကသိုလ် ကျောင်းသူ မနန်းကြူမွှေးကပြော သည်။

မျိုးစောင့်ဥပဒေပေါ်ပေါက် လာခြင်း ဂုဏ်ပြုကြိုဆိုပွဲတွင် တိုင်းရင်းသားအချို့ကလည်း ရိုး ရာအကများဖြင့် လာရောက် ဖျော်ဖြေခဲ့ကြသည်။

‘‘ကျွန်တော်တို့ကို လာငှား လို့ လာရောက်ဖျော်ဖြေတာ။ ဒီပွဲ ဆိုတာလည်း မသိဘူး။ ဥပဒေအ ကြောင်းလည်း နားမလည်ဘူး။ ကရင်ပြည်နယ်ကနေ တိုက်ရိုက် ဆင်းလာတာ’’ဟု ကရင်ရိုးရာ အကဖြင့် ဖျော်ဖြေခဲ့သည့် ကရင် တိုင်းရင်းသားအကအဖွဲ့မှ ကို စောနိုင်လူကပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။