တောင်ကုတ်ရွာမတွင် ဆိုင်ကယ်တိုက်၍ ကိုးတန်းကျောင်းသား တစ်ဦးသေဆုံး

လူသာကျော် (ရခိုင်)
တောင်ကုတ်၊ အောက်တိုဘာ ၅


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမသွားလမ်းခွဲတွင် ယမန်နေ့က ဆိုင်ကယ်နှစ်စီး မျက်နာချင်း တိုက်ရာမှ ကိုးတန်းကျောင်သား တစ်ဦးသေဆုံးသွားသည်ဟု ရွာမ ဒေသခံ ဦးခင်မောင်ရီက နိရဉ္စရာသို့ ပြောသည်။

“ သေဆုံးသွားသူ ကိုးတန်းကျောင်းသားမှာ ကြက်ကိုင်းရွာမှ ထွန်းထွန်းနိုင် (၁၆) နှစ် (ဘ) ဦးကွမ်းတင် ဖြစ်ပါတယ်။ ကားလမ်းမကြီးကနေ ရွာမရွာကို ၀င်လာတဲ့ ၁၃ မိုင် သုံးဖာလုံ လမ်းမှာ နေ့လယ် တစ်နာရီမှာ တိုက်တာပါ။ ရွာမတိုက်နယ်ဆေးရုံကို ယူလာပြီး ညနေ ၁၀ နာရီမှာ အသက်ဆုံး သွားပါတယ်” ဟု ဦးခင်မောင်ရီက ပြောသည်။

ဆိုင်ကယ်နှစ်စီးမှာ မျက်နာချင်းဆိုင် တိုက်ခြင်း ဖြစ်ပြီး ထွန်းထွန်းနိုင်တွင် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်းဒဏ်ရာဖြင့် သေဆုံး သွားခြင်း ဖြစ်သည်။

တစ်ခြား ဆိုင်ကယ်မျက်နာချင်းဆိုင် တိုက်သူမှာ တောင်ကုတ်မြို့နယ် တန်းလွဲဒေသ လက်ပံကျွန်းရွာက မောင်မျိုးမင်းသူ (၂၄) နှစ် (ဘ) ဦးသိန်းမြင့် ဖြစ်ကြောင်း၊ မျိုးမင်းသူ အပေါ်သွားကျိုးပြီး နုတ်ခမ်းကွဲသွားကာ ဘယ်ဘက် ပေါင်တွင်လည်း ဒဏ်ရာရရှိသွား သဖြင့် ရွာမ ဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။

ယခုအခါ ယင်းအမှုအား ယာဉ် (ပ) ၃ / ၂၀၁၅ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) ဖြင့် စခန်းမှူး ဦးအောင်မြင့်ထွန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရွာမရဲစခန်းမှ ပြောကြားသည်။

_____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။