အစိုးရတပ်မှ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်



တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၁ ရက် ယနေ့နံနက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဟူးဖြတ်ဒေသ ကျေးရွာများသို့ အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

အစိုးရ တပ်မ(၉၉) စစ်ကြောင်းများမှ မံပုန်(Man Pung)နှင့် ၀ယော့(Wa Yaw)ကြား ဟူးဖြတ်(Huhpyet) နှင့် မံကောင်းရွာ(Man Kawng) ရွာများသို့ နံနက်ပိုင်း ၉ နာရီခန့်မှာ နက်လက်ကြီး စတင်ပစ်ခတ်ပြီး နေ့လည်ပိုင်းမရောက်မီ ရပ်နေကြောင်း ရွာသားများ ကချင်သတင်းဌာန KNG ကို ပြောသည်။

အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရသေးပါ။

နှစ်ရက်မတိုင်မီ အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းမှာလည်း ၎င်းတပ်မ(၉၉)စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့ကြား ဟူးဖြတ်(Huhpyet)နှင့် မံပုန် (Man Pung)ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ကို ကူညီခဲ့သည်ဟုဆိုသော ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ(၄)နှင့် TNLA တို့ လက်နက် ဖြုတ်သိမ်းရမည်ဟု သြဂုတ်လ က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

နေပြည်တော်အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မရေးထိုးသေးသော အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များတွင် KIO/KIA နှင့် PSLF/TNLA ပါဝင်သည်။

တိုက်ပွဲ ပဋ္ဋိပက္ခဖြစ်ပွားသော တိုင်းရင်းသားဒေသများမှ အပြစ်မဲ့ပြည်သူများသည် အစိုးရတပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ရန်သူကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်း၊ မိသားစုပိုင် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းနှင့် အခြားသော လူ့အခွင့်အရေးခြိုးဖောက်မှု အမျိုးမျိုးခံနေရပါသည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် တက်လာသော်လည်း ပဋ္ဋိပက္ခဖြစ်ပွားသော နေရာမှ တိုင်းရင်းသားအမျိုးသမီးနှင့်ရွာသားများပေါ် တပ်မတော်၏ လူ့အခွင့်အရေးခြိုး ဖောက်ခဲ့သော အမှုများ တရားမျှတမှုရရှိရေးကိစ္စမှာ အစိုးရက ကြိုးပမ်းဆောင်ရွက်ခြင်း မရှိသေးပါ။


http://kachin.kachinnews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။