၁။ ဥက္ကဋ္ဌ - ဒေါက်တာလှမြင့်။
၂။ ပါတီဝင်အရေအတွက် - နှစ်သောင်းခန့်။
၃။ မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးနေရာနှင့် မန္တလေးတိုင်းဒေသကြီး တစ်နေရာ၊ စုစုပေါင်း ၁၀ နေရာဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ပသီအမျိုးသားအမည်နာမဥပဒေကြောင်းအရနှင့်သမိုင်းကြောင်းအရ ပြန်လည်ရရှိရေး၊ ပြည်သူများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရန်၊ လူ့အခွင့်အရေး အပြည့်အ၀ရရေးနှင့် ဖက်ဒရယ်စနစ် တည်ထောင်ရေး။
၅။ ပါတီဆောင်ပုဒ် - လူ့အခွင့်အရေးစံနှင့်အညီ လူ့တန်ဖိုးပြည့်ဝစေဖို့ UNC ကို မဲပေးကြစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဘွဲ့ရပညာတတ်များ ဦးစားပေးထားပြီး စီးပွားရေးတောင့်တင်းသူများကို ရွေးချယ်ထားသည်။
၇။ ပါတီရန်ပုံငွေ- ကိုယ်ပိုင်ရန်ပုံငွေဖြင့် လည်ပတ်နေ။
၈။ ပါတီနောက်ခံသမိုင်း - ၁၉၄၅ ဗမာ-မွတ်စလင် ကွန်ဂရက်ပါတီမှ စတင်သန္ဓေတည်ခဲ့။ ၁၉၄၆ တွင် ဗမာ-မွတ်စလင် ကွန်ဂရက်ပါတီ (အသစ်)ကို ပြောင်းလဲဖွဲ့ စည်းခဲ့သည်။ ၁၉၆၁ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ပသီကွန်ဂရက်ပါတီကို ထပ်မံဖွဲ့စည်းခဲ့သည်။ ယင်းပါတီမှာ ၁၉၆၄ တွင် ဖျက်သိမ်းခံခဲ့သည်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ်ခဲ့။ ၂၀၁၂ တွင် အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီအမည်ဖြင့် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။
ပါတီအတွင်းရေးမှူးနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ဒီမိုကရက်တစ်ယဉ်ကျေးမှုနဲ့ Identify ဖြစ်တဲ့အထိ အခြေခံဥပဒေ ပြင်ဆင်ဖို့အထိ သွားရမှာပါ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံက နာမည်ကြီးခဲ့တဲ့ ၄၃၆ ကိုမပြင်ရင် ကျန်တာတစ်ခုမှပြင်လို့မရဘူး။ အဲဒီ ၄၃၆ ကိုပြင်ဖို့ ဘယ်လောက်ခက်ခဲခဲ့သလဲဆိုတာ တွေ့ခဲ့ပြီးတဲ့အခါ ၄၃၆ နဲ့ပတ်သက် ပြီး မဲရဖို့ အရင်လုပ်ရမယ်။ အဲဒါကလွှတ်တော်အတွင်း လုပ်ဆောင်ရ မှာပေါ့။ အဲဒီ ၄၃၆ တံခါးပွင့်သွားတဲ့အခါ အဓိကနဲ့ သာမညလုပ်ဆောင် စရာတွေ ပါလာလိမ့်မယ်။ အဲဒီတော့ ဘယ်အတိုင်းအတာအထိ ပြင်မလဲ ဆိုတာ ဒီအချိန်မှာ ပြောဖို့ ခဲယဉ်းသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အခြေခံ ဥပဒေပြင်ဖို့ကတော့ လိုကိုလိုအပ်တယ်။ ဘယ်လောက်ပြင်မလဲဆိုတာ တော့ ဒီမိုကရေစီနဲ့ ဘယ်လောက်လွဲနေလဲ။ လွဲနေသလောက် ပြင်ရမှာ ပဲ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
အန်ကယ်တို့ပါတီအနေနဲ့ တကယ်အားပြုပြီး ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဖက်ပါတီတွေနဲ့ ဆက်ဆံရတာက တိုင်းရင်းသားပါတီတွေနဲ့ပါ။ သူတို့တွေနဲ့ပတ်သက်လို့ ပိုပြီးစာနာနားလည်ပါတယ်။ သူတို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့အချက်တွေကိုရောပေါ့။ နောက်တစ်ချက်က နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ်နဲ့ တည်ဆောက်ဖို့ဆိုတာ တိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိတယ်လို့ ယုံကြည်ပါတယ်။ အဲဒါ တွေနဲ့ပတ်သက်လို့ လိုအပ်ချက်တွေအားလုံးကို အန်ကယ်တို့ပါတီက ဖြည့်စွက်နိုင်ဖို့ ကြိုးစားသွားမှာပါ။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတအောင်က ဈေးကွက်စီးပွားရေး စနစ်ကို ဖွင့်ပေးလိုက်ရင် ရောင်း၊ ၀ယ်ပြုလုပ်နိုင်သူတွေဟာ အာဏာ ပါဝါရှိသူတွေနဲ့ တစ်တန်းတည်းလုပ်နိုင်ပါတယ်။ နောက်တစ်ချက်က အတတ်ပညာအခြေခံရှိထားတဲ့သူဟာ မိမိအတတ်ပညာကိုအသုံးပြုပြီး ကုန်ထုတ်လုပ်ငန်းတွေကို လုပ်မယ်ဆိုရင် နိုင်ငံတော်က အရင်းအနှီးစိုက် ပေးဖို့လိုပါတယ်။ အဲဒါအတွက် စဉ်းစားထားပါတယ်။
ပြည်သူတွေက အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
အန်ကယ်တို့ပါတီဟာ နှစ်ပေါင်း ၅၀ ကျော် ပျောက်ဆုံးနေတဲ့ မိမိကိုယ်မိမိ တန်ဖိုးသတ်မှတ်ထားခြင်းကို ပြန်လည်ရရှိအောင် ဆောင် ရွက်ပေးမယ်။ အထူးသဖြင့် ကျောင်းသားတွေကို ဂုဏ်သိက္ခာရှိတဲ့ ကျောင်းတွေမှာ ဂုဏ်သိက္ခာရှိတဲ့ ပညာကို သင်ကြားနိုင်အောင်၊ အလုပ် သမားတွေကိုလည်း ထိုက်တန်တဲ့ဝင်ငွေနဲ့ ထိုက်တန်တဲ့ အလုပ်နေရာမှာ အလုပ်လုပ်နိုင်အောင် လယ်သမားတွေအနေနဲ့လည်း သူတို့လယ်ကို သူတို့ပိုင်ရမယ်ဆိုတဲ့မူကို လက်ကိုင်ထားတော့ ပြည်သူတွေ မဲပေးသင့် ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းတစ်ယောက်ဟာ နိုင်ငံတော်မှာ အမှန်တကယ် ဘာ တွေလိုအပ်နေသလဲဆိုတာသိရမယ်။ ဆင်းရဲရင် ဆင်းရဲတယ်။ နေစရာ မရှိဘူးဆို နေစရာမရှိဘူး။ စားစရာမရှိဘူးဆိုရင် စားစရာမရှိဘူး။ ပညာမတတ်ရင် မတတ်ဘူး။ အဲဒါတွေကို အမျိုးဂုဏ်ဆိုတာမျိုးနဲ့ မြှောက်ပြောတဲ့ သမ္မတလောင်းကိုတော့ မလိုချင်ဘူး။ နိုင်ငံမှာ မြေနေရာ အလွတ်တွေ အများကြီးရှိတယ်။ အဲဒါကို ခရိုနီတွေ လက်ဝါးကြီးအုပ် မယ့်အစား နေစရာမရှိတဲ့ပြည်သူတွေကို ခွဲဝေပေးရင် ကောင်းမလားဆို ပြီး စဉ်းစားရဲတဲ့ သမ္မတလောင်းတစ်ဦးကို အလိုရှိတယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက် - (၆၅) နှစ်
ပညာအရည်အချင်း - M.B.B.S(Ygn)
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထား။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - ဆေးကျောင်းသားဘ၀ကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး နှစ်ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရသည်။ ၁၉၄၇ ၀န်းကျင်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးကွန်ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။
စံပြပုဂ္ဂိုလ်- ဆရာကြီး သခင်ကိုယ်တော်မှိုင်း။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၉-၄၃၀၅၇၅၇၆ ၊ ၀၉-၂၅၀၀ ၈၅၀၁၆
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။