အမျိုးဘာသာသာသနာစောင့်ရှောက်ရာတွင် သံဃာတော်များနယ်မကျော်ရန် သီတဂူဆရာတော်မိန့်ကြား


သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ပြုလုပ်သော မျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ၌ သီတဂူဆရာတော်၏ သြဝါဒစကားကို အားကစားကွင်းအပြင်ဘက်ရှိ ပရောဂျက်တာမှတစ်ဆင့် နာယူနေသည့် ရဟန်းရှင်လူများကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရာတွင် သံဃာ တော်အချို့ အနည်းငယ် နယ် ကျော်နေပြီး သံဃာတော်များအ နေဖြင့် နယ်မြေမကျော်ဘဲ ကိုယ့် နေရာတွင်သာ နေထိုင်ကြရန် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တိုက်တွန်း မိန့်ကြားသည်။

မဘသဆရာတော်များနိုင်ငံ ရေးတွင် ပါဝင်ပတ်သက်မှုရှိနေ ပါသလားဟု ပြင်ပ၌ မေးခွန်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ အောက်တိုဘာ ၄ ရက်တွင် မျိုးစောင့်ဥပဒေပေါ်ပေါက်ခြင်း ပြုလုပ်သည့်ဂုဏ်ပြုပွဲသို့ တက် ရောက်လာသော သီတဂူဆရာ တော်က မိန့် ကြားခဲ့ခြင်းဖြစ်သည်။

‘‘အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ကြတော့ သံဃာတော်တွေနိုင်ငံရေးလုပ်ကြ သလားမေးကြတယ်။ တချို့ကိုယ် တော်တွေ နည်းနည်းနယ်ကျော် တာတော့ရှိတယ်။ ကိုယ်ကသူ များနယ်ထဲကျော်တော့ အခုလို မေးမြန်းခံရတာဖြစ်တယ်။ ကိုယ့် စားကျက်ထဲကိုယ်နေကြပါ။ ဒါ ဘုရားစကား။ သူများစားကျက် ၀င်တော့ အူယားဖားယားဖြစ်ရင် ရှုံးတော့မယ်ဆိုတာမှတ်ထားကြ ပါ။ Over Speed မဖြစ်အောင် ထိန်းပါ။ ကိုယ့်နယ်မြေမှာ ကိုယ် အင်အားရှိပါ။ နယ်မြေ မကျူး ကျော်ဖို့အရေးကြီးတယ်’’ဟု မျိုး စောင့်ဥပဒေပေါ်ပေါက်ခြင်းအ ခမ်းအနားတွင် တက်ရောက်လာ သော သံဃာတော်များအား ဆရာ တော်ဒေါက်တာအရှင် ဉာဏိဿ ရက သိန်းငှက်နှင့် ဘီလုံးငှက်တို့ ၏ နယ်မြေကျူးကျော်ပုံနှင့် ဥပမာ ပေး မိန့်ကြားသွားခြင်းဖြစ်သည်။

ဆရာတော်က အဆိုပါအ ခမ်းအနားသို့  ရွာမကျောင်း  ဆရာတော်ကြီးက ပင့်သောကြောင့် မနေသာ၍ လာရခြင်းဖြစ်ကြောင်း လည်း မိန့်ကြားသည်။

‘‘သာသနာရေးနဲ့ လူမှုရေးကို တွဲပြီးဆောင်ရွက်ပါ။ ယနေ့နိုင်ငံ အခြေအနေအရ ဒီနှစ်ခုကို တွဲ လုပ်မှအမျိုးဘာသာသာသနာ စောင့်ရှောက်နိုင်မယ်။ သာသနာ ရေးလုပ်ပြီး လူမှုရေးကျန်နေခဲ့ရင် အမျိုးကောင်းသား ၊ အမျိုးကောင်း သမီးတွေဆုံးရှုံးသွားမယ်။ လူမှုရေးချည်းပဲလုပ်နေရင်လည်း ဆုံးရှုံး မယ်’’ဟု ဆရာတော်ဒေါက်တာအရှင်ဉာဏိဿရက မိန့်ကြားသည်။

ထို့အပြင် ကမ္ဘာ့သမိုင်းတစ် လျှောက်လုံးမတည့်သည့် အ ကောင်နှစ်ကောင်ဖြစ်သော နဂါး နှင့် ဂဠုန်အား ဒီနေ့ကစပြီး ပျော် ပျော်ပါးပါးလက်တွဲညီညာကခုန် မြူးထူးနိုင်ပါစေလို့ ရှေးဦးစွာ ဆု တောင်းကြရန် သီတဂူဆရာတော် က အခမ်းအနားတွင်မိန့်ကြားသည်။

အတည်ပြုပြီးသော မျိုး စောင့်ဥပဒေအား ဆက်လက် တည်မြဲရန် ၀ိုင်းဝန်းကြရန်နှင့် ယ ခင်ကတည်ရှိပြီး ပျက်ပြယ်သွား သော ဗုဒ္ဓဘာသာဆိုင်ရာ ဥပဒေ များလည်း အတည်ပြုပြဋ္ဌာန်းနိုင် ရန် ကြိုးစားသင့်ကြောင်း တက် ရောက်လာသည့် သံဃာတော်များအား ဆရာတော်ကတိုက်တွန်းသည်။

‘‘တပည့်တော်တို့ ဘုရားသားတော် သံဃာတော်တွေဟာ (၁) မြန်မာ့မြေပေါ်မှာ ရှိနေကြတဲ့ တခြားဘာသာတရားတွေနဲ့ငြိမ်း ချမ်းစွာ အတူယှဉ်တွဲ၍ နေထိုင် သွားမည် ဖြစ်တဲ့အကြောင်း တပည့်တော်ဒီနေရာကနေပြီး တော့ သံဃာ တော်များကိုလည်း လျှောက်ပါတယ်။ ပရိသတ်များ ကိုလည်း ပြောပါတယ်။ တခြား ဘာသာဝင်များကိုလည်းကြေညာ ပါတယ်။ ’’ ဟု သီတဂူဆရာတော် က ဆက်လက်မိန့်သည်။

‘‘ နံပါတ် (၁) ကတော့ အချင်းချင်း အပြန်အလှန် တစ် ယောက်နဲ့တစ်ယောက် နားလည် မှုကို တည်ဆောက်၍ နေသွားကြ ပါစို့။ နံပါတ် (၂)ဘာသာရေး အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အ ပြန်အလှန် ရိုသေလေးစားစွာ တစ်ယောက်နဲ့တစ်ယောက် လေး လေးစားစားဆက်ဆံပြီး နေသွား ကြပါစို့။ နံပါတ်(၃) ဘာသာရေး အဖွဲ့အစည်းတစ်ခုက တခြား ဘာသာရေး အဖွဲ့တစ်ခုအတွင်း သို့ ၀င်ရောက်စွက်ဖက်ခြင်းမပြု ဘဲနဲ့ ငြိမ်းချမ်းစွာ နေထိုင်သွားကြ ပါစို့။ နံပါတ်(၄) ဆူပူ သောင်းကျန်း ခြင်းတို့ကိုရှောင်ရှား၍ ငြိမ်းချမ်း စွာလက်တွဲ၍ အတူနေထိုင်သွား ကြပါစို့။ နံပါတ်(၅) ကြီးကျယ် မြင့်မြတ်သော သည်းခံခြင်းတရား ကို လက်ကိုင်ထား၍  မည်သည့် ဘာသာရေးအဖွဲ့အစည်း၌မဆို ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင်သွားကြပါစို့လို့ ငြိမ်း ချမ်းစွာ လက်တွဲနေထိုင်ရေး မူ ငါးချက်ကို ဘုရားတပည့်တော် ဒီနေ့ဒီနေရာကနေကြေညာပါ တယ်။’’ဟုလည်း  မြန်မာ အင်္ဂလိပ်နှစ်ဘာ သာဖြင့် မိန့်ကြားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။