ရန်ကုန်မြို့၏ အထင်ကရ နေရာအချို့အား ကောင်းကင် မြင်ကွင်းများမှ ရိုက်ကူးထားသော ဓာတ်ပုံများကို ပြီးခဲ့သည့်ရက်ပိုင်း က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အများအပြား ဝေမျှခဲ့ကြသည်။ ဒရုန်းကင်မရာသုံးစွဲသူ အများအပြားရှိသည့်အနက် ရန်ကုန်မြို့ မြင်ကွင်းများအား စုစည်းတင်ဆက်ခဲ့သည့် ကိုနေလ၏ ဒရုန်း သုံးစွဲမှုအခြေအနေများနှင့် ဈေးကွက်အခြေအနေတို့အား မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က အထက်စီးမှ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ‘‘ဒီမြင်ကွင်းက မြန်မာနိုင် ငံလား’’ဟု အံ့သြမှတ်ချက်ပြု သည်အထိ အမြင်ဆန်းဆန်း၊ သာမန်နှင့်မတူသည့် ဓာတ်ပုံများကို ရိုက်ကူးခဲ့သူ နေလအား အောက်ပါမေးခွန်းအချို့ မေးမြန်းဖြစ်ခဲ့ သည်။
Drone တွေနဲ့ ရိုက်ဖို့ဘယ်တုန်းက စပြီး စိတ်ကူးရခဲ့လဲ။ ရိုက်တတ်ဖို့ ဘယ်လိုစပြီး လေ့လာခဲ့ရလဲ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး စိတ်ကူးရခဲ့တယ်။ ကျွန်တော်က ဒါရိုက်တာဖြစ်ချင်တော့ MMDCတက်ခဲ့တယ်။ တက်ရင်းနဲ့ Film Maker ပိုင်းကို သေသေချာချာ လေ့လာတယ်ပေါ့။ လေ့လာတဲ့ အချိန်မှာ ကျွန်တော့်ဆီမှာ ဗီဒီယို ရိုက်မယ်ဆိုရင် ထရော်လီ၊ ကရိန်း တို့ အရမ်းသုံးရတယ်။ အမှန်အ တိုင်းပြောရရင် ကရိန်းတို့၊ ထရော် လီတို့မငှားနိုင်ဘူး။ ဈေးနည်းနည်း ကြီးတယ်ပေါ့။ အဲဒီတော့ ဘာရှိမ လဲ ရှာရင်းရှာရင်းနဲ့ ဘာတွေ့လဲ ဆိုတော့ စလိုက်ဒါတွေ့တယ်။ ဂျစ်တွေ့တယ်။ Drone တွေ့ တယ်။ အဲဒီထဲက Drone ၀ယ်ခဲ့ တာပေါ့။ လေ့လာဖို့အတွက်က တော့ You Tube ပဲကြည့်ခဲ့တာ။ သိပ်ပြီး မခက်ခဲဘူးလေ။
အစ်ကို့ရဲ့ ရန်ကုန်မြို့အပေါ်စီးက နေ ရိုက်ထားတဲ့ ပုံတွေက အရမ်း ပေါက်ခဲ့တယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေက အရမ်းချီး ကျူးနေတာတွေ့ရတယ်။ အဲဒီအ ပေါ် ဘယ်လိုမျိုးခံစားရလဲ။ အဲဒီ ဓာတ်ပုံတွေရိုက်တဲ့အချိန်တုန်းက အများမသိတဲ့အခက်အခဲ၊ အ တွေ့အကြုံ၊ အမှတ်တရတွေကို လည်း ပြောပြပါဦး။
ဘယ်လိုခံစားရလဲဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ ပျော် တာပေါ့။ အဲဒီအချိန်တုန်းက ၀င် ငွေကမရှိသေးဘူး။ အိမ်ကပေးတဲ့ မုန့်ဖိုးက တစ်ရက်ကို တစ်သောင်းလောက်ပဲရှိတယ်။ Drone တစ်ခါ ရိုက်ဖို့ တက္ကစီခက အနည်းဆုံး တစ်သောင်းခွဲလောက်ကုန်တယ်။ အဲဒီတော့ သုံးရက်လောက်ကြာမှ တစ်သောင်းခွဲလောက်ကို ကျန် အောင်စုပြီး ကားခရပြီဆိုမှ အဆင်ပြေမယ့်နေရာတွေကို လိုက်ရိုက် ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြိုးစားခဲ့တာလေ အသိအ မှတ်ပြုခံရတာတော့ ပျော်ပါတယ်။ အတွေ့အကြုံတွေကတော့ အ များကြီးရတယ်။ ဒီနိုင်ငံမှာ Drone ဆိုတာ နည်းပညာအသစ် ဖြစ် တယ်။ အဲဒီတော့ အထက်လူကြီး ပဲဖြစ်ဖြစ်၊ လုံခြုံရေးဝန်ထမ်းပဲဖြစ် ဖြစ် ကြောက်ကြတယ်။ တစ်ခုခု ဖြစ်မှာကို ကြောက်ကြတာ။ အဲဒီ အတွက် ကျွန်တော့်မှာ Drone နဲ့ ရိုက်တော့မယ်ဆိုရင် ကျွန်တော် ဓာတ်ပုံ ၁၀ ပုံမှာ ၉ ပုံက ညဘက် ပုံတွေပဲရှိတယ်။ ညဘက်ထွက် ရိုက်ရတယ်။ ညဘက်တောင် တစ်နာရီလောက်မှ ထွက်ရိုက်ရတယ်။ အဲဒီအချိန်မှဆိုတော့ လိုက်ပေး မယ့် အဖော်ကမရှိဘူး။ ကျွန်တော့်ဦးလေးကိုပဲ အတင်းနိုးပြီး သွား ရိုက်ရတာပေါ့။
ဓာတ်ပုံရိုက်ကူးမှုတွေအတွက် Drone တွေက ဘယ်လောက်ထိ အကျိုးပြုမယ်လို့ ယူဆလဲ။ Droneစသုံးမယ့် ဓာတ်ပုံဆရာတွေအ တွက်ရော ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်မလဲ။
ဓာတ်ပုံတင်မဟုတ်ပါဘူး။ သုတေသနဖြစ်ဖြစ်၊ အခုနောက် ပိုင်း 3D မြေပုံရေးဆွဲတာတွေအ ထိ အသုံးပြုလာကြတယ်။ ကျွန် တော်ဆိုရင် Drone ကို မသုံးတာ မရှိသလောက်ပဲ။ ဘယ်ဗီဒီယိုပဲ ရိုက်ရိုက် Drone အမြဲထည့်ပြီး သုံး တယ်ဗျ။ ဘာပဲဖြစ်ဖြစ် အကျိုးက တော့ အများကြီးဖြစ်မှာပါ။ ပထမ ဆုံးသုံးတဲ့သူက တစ်ခါ၊ နှစ်ခါ လောက်ပဲ စိုးထင့်မှုဖြစ်မှာပါ။ You Tube ကိုလည်း သေချာကြည့်၊Manual စာအုပ်ကိုလည်း သေချာဖတ်ပြီး သုံးရင် ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ Remote Controlကားမောင်းသလောက်လွယ်ပါ တယ်။ နိုင်ငံခြားသတင်းဌာနတ ချို့ဆိုရင် မီးလောင်တာ၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ရင် Drone နဲ့ ရိုက်ကူးတာတွေရှိလာပြီ။ ကျွန် တော်တို့ဆီက သတင်းထောက် တွေလည်း Drone သုံးပြီး ဓာတ်ပုံ ရိုက်လာလိမ့်မယ်လို့ ထင်တယ်။
Drone နဲ့ ဓာတ်ပုံပညာကိုပေါင်း စပ်ပြီး ပြည်သူလူထုကို အနုပညာ မက်ဆေ့ခ်ျပေးလိုက်ရတဲ့အပေါ် ဘာပြောစရာရှိမလဲ။
Drone နဲ့ ရိုက်ထားတဲ့ ဓာတ် ပုံလေးကြည့်ပြီး ငါတို့နိုင်ငံမှာ ဒီလို လေးရှိတယ်။ အခြားနိုင်ငံက လူ တွေတွေ့ရင်လည်း မြန်မာနိုင်ငံက ဒီလောက်လှတယ်။ ဒီလောက်တိုး တက်နေပြီဆိုတာ သိနိုင်တယ်။ ဒီ လိုမှမဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံ ကနေ တခြားနိုင်ငံရောက်နေတဲ့ လူတွေအနေနဲ့လည်း ကျွန်တော့် ဓာတ်ပုံကိုဖြစ်စေ၊ တခြားသူရဲ့ ဓာတ်ပုံပဲဖြစ်စေတွေ့ပြီး ငါတို့နိုင် ငံက တော်တော်တိုးတက်နေပြီလို့ ခံစားမိရင်ပဲ ကျွန်တော်ကျေနပ်ပါ ပြီ။
Drone နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့်ပြုမထားတော့ ခိုးသွင်းတာတွေရှိတယ်။ ဈေးကြီး တာတွေရှိတယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာရဲ့ လုပ်ဆောင်မှုကို ဘယ်လိုမြင်လဲ။ ဘယ်လိုဖြေရှင်း ရင် အကောင်းဆုံးဖြစ်မလဲ။
ကျွန်တော်တို့ အိမ်နီးချင်းနိုင် ငံတွေထဲမှာ စင်ကာပူနိုင်ငံတစ်ခု ပဲ Drone ဥပဒေပီပီပြင်ပြင်ရှိ တယ်။ တခြားနိုင်ငံတွေမှာ မရှိ ဘူး။ ဒါကို လေကြောင်း DCA အနေနဲ့ သေချာစဉ်းစားတယ်။ ခွင့် ပြုသင့်လား၊ ခွင့်မပြုသင့်လား ပေါ့။ တကယ်လို့ ခွင့်ပြုလိုက်မယ် ဆိုရင် မှတ်ပုံတင်တာလုပ်ရမယ် ပေါ့။ ပြီးတော့ လိုင်စင်ထုတ်ပေး မယ်။ ကိုယ်သုံးမယ့်နေရာကို လည်း သုံးရက်ကြိုစာတင်ရတာ မျိုးလုပ်ရမယ်။ ဒါကတော့ ကောင်းတယ်။ လက်ရှိကျွန်တော်တို့ဆီမှာ Drone သုံးတာ နှစ်ရာ၊ သုံးရာ ကျော်ရှိတယ်။ ဥပမာအနေနဲ့ပြော ရရင် ဘုရင့်နောင်မှာ Drone တစ် စီးပျက်ကျတယ်ဆိုပါတော့။ မှတ် ပုံတင်မထားရင် ဘယ်သူ့ Drone မှန်းမသိဘူး။ အားလုံးနဲ့ သက်ဆိုင်တယ်ပေါ့။ မှတ်ပုံတင်လုပ်လိုက် မယ်ဆိုရင်တော့ သတ်သတ်မှတ် မှတ်ရှိသွားမယ်။ ချက်ချင်းလိုက် လို့ရမယ်ပေါ့။
အပျော်တမ်းကနေ ပရော်ဖက်ရှင်နယ်သုံးဖို့ Drone တစ်စီးရဲ့ အနိမ့်ဆုံးဈေးနှုန်းနဲ့ အများဆုံးဈေးနှုန်းတွေကကော ဘယ်လိုရှိလဲ။ အခုအစ်ကိုလက်ရှိသုံးနေတဲ့ Droneအမျိုးအစားက ဘာလဲ။
Commercial ပိုင်းအရပြော ရင် တော်တော်များများသုံးတာ တော့ DJI ကုမ္ပဏီကထုတ်တဲ့ Drone တွေပေါ့။ သုံးလို့ရတာဆို ရင် ၁၅ သိန်းကစမယ်။ နည်းနည်း ပိုကောင်းတာဆိုရင် ၃၅ သိန်း လောက်ရှိတယ်။ DSLR ကင်မရာ တင်တဲ့အကြီးကြီးတွေဆိုရင် သိန်း ၅၀ လောက်ရှိတယ်။ မြန်မာနိုင်ငံ မှာတော့ ကျွန်တော်တွေ့သ လောက် အရမ်းဈေးကြီးတာ မသုံးသေးဘူး။ ဒီမှာ အသုံးများတာကတော့ ၁၅ သိန်းနဲ့ ၃၅ သိန်းကြားပေါ့။ ဘက်ထရီဈေးကြီးတော့ စောစောကပြောတဲ့ဈေးနှုန်းတွေထဲမှာ ဘက်ထရီတော့ မပါဘူးပေါ့။ ဘက်ထရီတစ်တုံးသုံးသိန်းလောက်ရှိတော့ စီးပွားဖြစ် သုံးဖို့ဆိုရင် ဘက်ထရီ ငါးလုံးလောက်လိုတယ်။ ဒါမှ ရိုက်တဲ့ အချိန်မှာ Delay မဖြစ်မှာ။ ကျွန်တော့် Drone က Phanton 3 ပါ။ ဘက်ထရီနဲ့ဆိုတော့ သိန်း ၂၀ ကျော်သွားတယ်။
စီးပွားရေးလုပ်ငန်းတွေ၊ ရုပ်ရှင်ဗီ ဒီယိုထုတ်လုပ်မှုတွေမှာ Drone နဲ့ ရိုက်တဲ့ဓာတ်ပုံ၊ ဗီဒီယိုငှားရမ်းတဲ့ ဈေးကွက်ကကော ဘယ်လိုရှိလဲ။
ဒီမေးခွန်းကို အရမ်းဖြေချင် ပါတယ်။ ဒီမေးခွန်းမေးမယ်လို့ လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာ ဖြစ်အောင် ကြိုးစားနေတဲ့ လူတစ် ယောက်ပေါ့။ မြန်မာနိုင်ငံမှာ ဒါ ရိုက်တာတွေ အများကြီးရှိတယ်။ လက်ရှိကျွန်တော်တို့ကို ရုပ်ရှင် ရိုက်ဖို့လာ ငှားတာမျိုးမရှိသေး ဘူး။ နည်းပညာပိုင်းမှာလိုအပ် ချက်တွေရှိနေသေးတယ်။ Seco-nd Generation က ကျွန်တော်တို့ ကို တွဲခေါ်တယ်။ နောက်ပိုင်းဆို Drone ရိုက်ချက်တွေပိုမြင်တွေ့ ရဖို့ရှိတယ်။ လောလောဆယ် ကျွန်တော်ရုပ်ရှင်တစ်ကားလက်ခံဖို့ ညှိနှိုင်းနေတယ်။ အရိုက်များနေတာ တော့ မင်္ဂလာဆောင်တွေပဲ။
လက်ရှိငှားရမ်းခတွေထဲမှာ အစ်ကိုယူတဲ့ ဈေးနှုန်းတွေက ဘယ်လို ရှိလဲ။
ကျွန်တော်ဈေးနှုန်းကို အသက်သာဆုံးယူတယ်။ အနည်းဆုံး တစ်သိန်းခွဲတန် Package ရှိ တယ်။ တစ်သိန်းခွဲတန် Package က ဘက်ထရီ နှစ်တုံးဆိုတော့ ရိုက်ချိန်နည်းတယ်။ အခုနောက်ပိုင်း နှစ်သိန်းတန် Package နဲ့ လိုက် ရိုက်နေတယ်။ ဘက်ထရီသုံးတုံး ပေါ့။ အဲဒီအတွက် Delay မဖြစ် တော့ဘူး။ အဲဒီ နှစ်သိန်းတန်က 1 Duty ပေါ့။ မနက် ၉ နာရီကနေညနေ ၅ နာရီအထိ။ MTV ဆိုရင် ငါးသိန်းယူတယ်။ Drone ပါမယ်။ နည်းပညာပိုင်းအကုန်ပါတယ်။ ဒါရိုက်တာကြေးပါတယ်။
လက်ရှိ Drone ရိုက်ကူးရေးအတွက် အပြင်က ငှားရင် စရိတ်နဲ့ ပြန်ရတဲ့ နှုန်းထားက ကာမိရဲ့လား။
ပြောရမယ်ဆို မကာမိဘူး။ ကျွန်တော်သက်သက်မယ့် Drone Shot တွေကို အများကြီးသုံးစေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်ဖေ့စ်ဘွတ်ခ်မှာ အမြဲတင်ပေး တယ်။ အဲဒီကနေ သိသွားပြီးအ လုပ်အပ်တဲ့သူတွေရှိတယ်။ ဈေး လျှော့ယူတယ်။ အဲဒီလူတွေကို ဈေးသက်သက်သာသာနဲ့ သုံးစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် လုပ်နေတာ။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ဆို ကာမိမှာမဟုတ်ဘူး။ နည်းပညာအရ ဖြစ် ဖြစ်၊ အနုပညာအရဖြစ်ဖြစ် စိတ် ၀င်စားရင်တော့ ကာမိပါတယ်။
Drone အသုံးပြုတဲ့အပေါ်မှာ သက်ဆိုင်ရာက လုံခြုံရေးအရ ကန့်ထားတဲ့ နေရာတွေရှိတယ်။ အသုံးပြုမယ့် နေရာတွေကို ကြို ပြီးခွင့်ပြုချက်တင်ရတယ်လို့ လည်း ကြားတယ်။ ဒီအကန့်အ သတ်တွေက ရိုက်ကူးသူတွေအ တွက် ဘယ်လောက်အခက်အခဲ ဖြစ်စေလဲ။
Drone ကို စိတ်ဝင်စားပြီဆို ကတည်းက အကုန်လေ့လာမှာပဲ။ Manual စာအုပ်ထဲမှာပါပြီးသား ဘယ်လိုမပျံရဘူး။ အခုနောက် ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ဥပဒေ ပြဋ္ဌာန်းဖို့ လုပ်နေတုန်းဆိုတော့ ကျွန်တော်တို့ဆိုရင် စင်ကာပူနိုင်ငံ က ဥပဒေကို လက်ကိုင်ထားပြီး လိုက်နာနေတယ်။ ဥပမာ ပေ ၄၀၀ ထက်ပိုမပျံရဘူး။ ပေ ၂၀၀ အောက် နိမ့်မပျံရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ Spy လုပ်တယ်ထင်မှာစိုးလို့။ လူများတဲ့နေရာမှာ မပျံရ ဘူး။ Drone ရဲ့ လုပ်ဆောင်နိုင်ပုံ အားလုံးကို မောင်းနှင်သူက သိရ မယ်။ Drone ပေါ်ကနေ ဘာဆို ဘာမှ ပစ်ချလို့မရဘူး။ ပြီးတော့ ကျွန်တော်တို့ Drone ဆိုတာ လည်း ဘက်ထရီတစ်တုံးကို တောင် အနိုင်နိုင်သယ်နေရတာ။ အဲဒီအတွက် လုံခြုံရေးအတွက် ဘာမှထိခိုက်စရာမရှိပါဘူး။ Drone အကြီးကြီးတွေဆိုရင် တော့ မပြောတတ်ဘူး။ ကျွန်တော်တို့ Drone တွေရဲ့ ဘက်ထရီက ၂၅ မိနစ်ပဲခံတယ်။ အဲဒီအချိန်နဲ့ တော့ ဘယ်လိုမှ လုံခြုံရေးပိုင်းကို ထိခိုက်နိုင်စရာမရှိဘူးထင်ပါ တယ်။
Drone တွေကို စီးပွားရေးအရ ရိုက်ကူးဖို့မဟုတ်ဘဲ တလွဲသုံးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သက်ဆိုင်ရာ က မကြာခဏပြောလေ့ရှိတယ်။ ဒီလိုတလွဲသုံးမှုတွေက ဘာတွေ စိုးရိမ်စရာရှိလဲ။ Drone တွေကို ဘယ်လိုနေရာတွေမှာ တလွဲသုံး နေတာတွေ တွေ့ရလဲ။
ကျွန်တော်တို့ဆီက Drone အများစုက ထိုင်းနိုင်ငံက သွင်း တယ်။ ထိုင်းနိုင်ငံမှာ အခုထိတော့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သုံး တာမျိုးမရှိသေးဘူး။ တစ်ခါမှမ ကြားဖူးသေးဘူး။ မြန်မာနိုင်ငံမှာ လည်း မရှိဘူးထင်ပါတယ်။ ပြည် ထဲရေးကတော့ နိုင်ငံတော်လုံခြုံ ရေးအတွက် စိုးရိမ်တာတွေရှိမှာ ပေါ့။ ဒါပေမဲ့ မကြာခင် ဥပဒေ ထွက်လာရင်တော့ ကျွန်တော် တို့လို Drone အသုံးပြုသူတွေ သတင်းကောင်းကြားရမယ်လို့ ယူဆပါတယ်။
ပရိုအဖြစ်ရပ်တည်မယ်ဆိုရင် Drone နဲ့ ရိုက်တဲ့ ကုန်ကျစရိတ်က မနည်းဘူးလို့သိရတယ်။ အခုမှစပြီးDrone ကို စိတ်ဝင်စားသူတွေ၊ ရိုက်မယ့်သူတွေအတွက် ဘာအ ကြံပြုချင်လဲ။
ပထမဆုံးကတော့ အန္တရာယ်မရှိအောင်အရင်လုပ်ပါ။ Indoor မှာ ရိုက်ရင်တော့ အပျက်အစီး များတယ်။ Drone အကုန်လုံးက တော့ Save ဖြစ်ပါတယ်။ ကိုယ် အလေးမထားလို့ဖြစ်ချင်ဖြစ်မှာ ပါ။ ဥပမာ ပန်ကာဆိုလည်း သေ ချာကျပ်မယ်။ GPS ကို သေချာမိ အောင်ဖမ်းမယ်။ ဘက်ထရီကို သေချာကြည့်။ ပြီးရင် Check လုပ်မယ်ဆိုရင် ပျက်ကျစရာအကြောင်းမရှိပါဘူး။ ကျွန်တော်လည်း ပျံလာတာ တော်တော်များနေပါပြီ။ တစ် ခါမှ ပျက်မကျဖူးသေးပါဘူး။
ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။