တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ကိုတိုင်းရင်းသားအားလုံး ပါဝင်မှသာ လက်မှတ်ရေးထိုးသင့် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။
လှည်းကူးမြို့နယ်၌ အောက် တိုဘာ ၁၁ ရက်တွင် ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားများ၊ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဒေသခံတစ်ဦး၏မေးမြန်း ချက်အ ပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားအဖွဲ့များနှင့် အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရာတွင် ၎င်းတို့ကို ဖိတ်ကြားခဲ့ပါက ကိုယ် စားလှယ်စေလွှတ်မည်ဖြစ်သော် လည်း သက်သေလက်မှတ်ရေးထိုးရန်မှာ တိုင်းရင်းသားအားလုံး ပါ ၀င်ရန်လိုသည်ဟု ၎င်းကဆို သည်။
‘‘အပစ်အခတ်ရပ်စဲရေးက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ ရေးကို ဦးတည်တယ်လို့ နားလည် ထားတယ်။ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့ရှိတဲ့အထဲမှာ ရှစ်ဖွဲ့ထက် ပိုပြီးလက်မှတ်ရေးထိုးမှာမဟုတ် ဘူးလို့လည်းကြားထားတယ်။ အ ဖွဲ့ချုပ်ကိုဖိတ်ရင် ကိုယ်စားလှယ် လွှတ်မှာပါ။ ဒါပေမဲ့ဒီအပစ်အခတ် ရပ်စဲရေးအတွက် ကျွန်မတို့ သက် သေအဖြစ် လက်မှတ်ရေးထိုးထား ရမယ်ဆိုလို့ရှိရင် တိုင်းရင်းသား တွေအားလုံး စုံစုံညီညီ ပါစေချင် တယ်။ စုံစုံညီညီပါမှ လက်မှတ် ရေးထိုးသင့်တယ်လို့ ကျွန်မတို့ ယုံ ကြည်ပါတယ်။ မစုံမညီဘဲ လက် မှတ်ထိုးလို့ရှိရင် တိုင်းရင်းသား တွေကြား စိတ်ဝမ်းကွဲအောင်လုပ် လေသလားလို့ ကျွန်မတို့စိုးရိမ်မိ ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အစိုးရကလက်ရှိ အချိန်အထိ အပစ်အခတ်ရပ်စဲ ရေးနှင့်ပတ်သက်၍ ဖြစ်နိုင်သ လောက် လုပ်ဆောင်ခဲ့မှုအပေါ် ကြိုဆိုသည်ဟု ဆက်လက်ပြော ကြားခဲ့သည်။
သို့သော် အပြည့်အ၀ဖြစ် မြောက်အောင်မြင်သည်အထိ စောင့်ကာ တာဝန်ယူစေချင်သည်ဟု လည်းဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အ နေဖြင့် လှည်းကူးမြို့ရှိ ဖောင်ကြီး ရွာ၊ ရဲမွန်၊ ရိပ်သာရွာနေရာ သုံးခု ၌လှည့်လည်ကာ မဲဆွယ်စည်းရုံး ရေးဟောပြောခဲ့သည်။ လှည်းကူး မြို့နယ်သည် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုး ၀င်ရောက်ယှဉ်ပြိုင်ရမည့် မြို့ နယ်ဖြစ်သည်။
ဝန်ကြီးဦးခင်မောင်စိုးသည်လက်ရှိအစိုးရက ဖွဲ့စည်းထား သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်ဖြစ်ကာ ဒေါ်အောင် ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ၎င်းဆန္ဒကိုယင်း မြို့နယ်၌ မဲဆွယ်စည်းရုံးစဉ်ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။