အမေရိကန်နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဆန့်ကျင်ရေးများကြောင့် မွတ်ဆလင်အများစု စိုးရိမ်



USA Today
နိရဉ္စရာ၊ အောက်တိုဘာ ၁၄

အမေရိကန်နိုင်ငံ တစ်ဝှန်းတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှု ၂၀ခန့် ပြုလုပ်မည်ဖြစ်ရာ ဗလီ အများစု၌ သတိပေးတားမြစ်မှုများပြုလုပ်ထားရသည့် အပြင် ဒေသခေါင်းဆောင်များက ဆန္ဒပြမှုများအတွက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် တပ်လှန့် ထားကြောင်း သိရသည်။

ဆန္ဒပြသူများ၏ Global Rally for Humanity က အစ္စလာမ်ဆန့်ကျင်ရေးများအတွက် Facebook page များဖန်တီးကာ သတ်ဆိုင်ရာ နယ်မြေများ၌ လှုပ်ရှား ရန်ညွန်ကြားထားသည့်အပြင် ဗလီများရှေ့၌ လှုပ်ရှားကြရန် တိုက်တွန်းထားသည်။

အမေရိကန်၌ ဗလီအရေအတွက်မှာ ၂၀၀၀ခုနှစ်တွင် ၁၂၀၀ခန့်ရှိရာမှ ၅နှစ်အတွင်း ၂၁၀၀ အထိတိုးတက်လာကြောင်း ဟတ်ဖို့ဒ်အင်စတီကျု့ ဘာသာမှပြုလုပ်သော ဘာသာရေးသုသေတနစာတမ်းတစ်ခုဖြစ်သည့် The American Mosque 2011 ကဖော်ပြသည်။

Facebook page များသည် ဆန္ဒပြမှုတွင်ပါဝင်ရန်အတွက် နှိုးဆော် ထားသော်လည်း မည်သို့ ဆက်သွယ်ရမည် ဆိုခြင်းကိုမှု ထုတ်ပြန်ထားခြင်း မရှိချေ။

ချီကာဂိုအခြေစိုက် Center for new community မှ တက်ကြွလှုပ်ရှားသူ ဂျွန်ရစ်ဇီမာက အရီဇိုးနားရှိလှုပ်ရှားမှု ကို ပုံဖော်မည်ဖြစ်ပြီး လှုမှုစာမျက်နှာ များတွင် ဗီဒီယိုများစွာကိုတင်ထားသည်ဟု Southern Poverty Law Center က ထုတ်ပြန်သည်။

ပြီးခဲ့သည့်မေတွင် ဂျွန်ရစ်ဇီမာမှာ ဖိုးနစ်ဒေသရှိ အစ္စလာမ် စာသင်ကျောင်းရှေ့တွင် သေနတ်ဖြင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ဖူးသည်။ ယင်းကဲ့သို့ပုံစံမျိုးကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်ရန် ၎င်းက တောင်းဆိုထားသည်။

ယင်းကဲ့သို့အခြေအနေကြောင့် အဓိကရုဏ်းများဖြစ်လာမည်ကို အမေရိကန်အာဏာပိုင် များက ကြောက်ရွံ့ နေကြပြီး FBI အပါအ၀င် တရားရေး အဖွဲ့အစည်းများစွာက ကူညီမှုပေးနေသည်။ Southern Poverty Law Center မှ ဟီဒီဘီရစ်က “ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဗလီတွေကို ဒီလိုပစ်မှတ်ထား ဆောင် ရွက်တာမျိုး မတွေ့ဖူးသေးဘူး” ဟုဆိုသည်။

“ဒီလိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်တာမျိုးလဲ မရှိခဲ့ဖူးဘူး” ဟု ယင်းက ဆက်ဆိုသည်။

လက်ရှိကာလ အတွင်း သမ္မတရွေးချယ်ရေးကမ်ပိန်းနှင့် ဥရောပဒုက္ခသည် အကျပ်အ တည်းကြောင့် အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေးမှာ ပိုမိုကြီးထွားလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ် နေကြသည်။
“ သူတို့ရဲ့ အီးမေးလ်တစ်စောင်မှာပြောထားတာက ၀ါရှင်တန်ဒီစီ ဗလီတစ်ခုရှေ့မှာ လူ (၃၀၀၀)လောက် ခေါ်ဖို့ ရှိတယ်လို့ဆိုထားတယ်။ ပြီးတော့သူတို့အနေနဲ့ လက်နက်တွေလဲယူလာမယ်လို့ အကြောင်းကြားထားတယ်” ဟု မာဂျစ်မိုဟာမက်ဗလီမှ ဆက်ဆံရေးအရာရှိ အီဗရာဟင်မူမင်က ပြောသည်။

“ ဒီခြိမ်းခြောက်မှုအတွက် ကျွန်တော်တို့ စဉ်းစားနေရပြီ” ဟုပြောသည်။ Global Rally for Humanity's national Faceboook မှာ ပြီးခဲ့သည့်သောကြာင်္နေ့တွင် Like လုပ်သူ (၃၀၀၀)ခ န့်ရှိထားပြီး ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဒါဇင်များစွာ သော မွတ်ဆလင်အဖွဲ့အစည်းများသည် မတ်လ(၁)ရက်နေ့တွင် ရွေးချယ်မည့် သမ္မတ ရွေးချယ်ခွင့်အတွက် မဲပေးနိုင်ရန် လူ (၂)သောင်းကျော် မဲစာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းစစ်ဆေးခွင့်များကို ဗလီများနှင့် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းများတွင် ကျင်းပသွားမည်ဖြစ်ပြီး မွတ်ဆလင် မဟုတ်သော ပြည်သူများ သည်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း အမေရိကန် အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီက ဖော်ပြခဲ့သည်။

အချို့သော ဆန္ဒပြမည့်နယ်များတွင်မှု အစီအစဉ်များ ဖျက်သိမ်းခဲ့သည်ဟု Center for New Community မှ ခါလီယာအဘီဒီကပြောသည်။

မစ်ချီဂန်ပြည်နယ် ဒီယာဘွန်းတွင် ၄၀ရာခိုင်နှုန်းသောသူများမှာ အာရပ်အနွယ်ဝင်များဖြစ်ကြပြီး အစ္စလာမ် ကျောင်းများရှေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း ခွင့်ပြုမိန့်အား ချက်ချင်းထုတ်ပေးခြင်းမရှိသေးပေ။

Ref: Anti-Islam rallies across USA making Muslims wary

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။