ဂျာမန် အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့၏ နှစ်ပတ်လည်လှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၂၀



ဂျာမန်အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော PEGIDA အဖွဲ့၏နှစ်ပတ်လည်ဆန္ဒပြပွဲအား ဂျာမနီနိုင်ငံ အရှေ့ပိုင်း မြို့တော်ဒရက်စဒမ်မြို့၌ တနလာင်္နေ့ကကျင်းပခဲ့ရာ ကြီးမားသည့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆန္ဒပြ သူများနှင့် တန်ပြန်သပိတ်ပြုလုပ်သူများကြား လုံးထွေးသတ်ပုတ်မှုများကို ရဲများက တာဆီးပေးခဲ့ရသည်။ ဒရက်စတမ်မြို့ ပြောရေးဆိုခွင့်ရှိ ရဲအရာရှိ မာကိုလက်ဇ်ကီက လူတစ်ဦးအား ဆေးရုံသို့တင်ပို့ထားရပြီး တန်ပြန် ဆန္ဒပြသူများအား ထိန်းသိမ်းထားကြောင်းပြောသည်။

ဂျာမနီအာဏာပိုင်များက PEGIDA အဖွဲ့၏ “အနောက်ပိုင်းဒေသ၌ အစ္စလာမ်လွမ်းမိုးမှုအား ဥရောပ မျိုးချစ် များ ဆန့်ကျင်ရေး” ဟူသော မဲဆွယ်မှုဖြင့် အစွန်းရောက်လုပ်ဆောင်လာခဲ့ခြင်းများအပေါ် ကြိုတင်သတိပေး ချက်ထုတ်ခဲ့ပြီးနောက် ဒရက်စဒမ်အာဏာပိုင်များက ပြဿနာ ထပ်ဖြစ်နေချိန်တွင် အဓိကရုဏ်းထပ်မဖြစ်စေ ရန် ထိန်းသိမ်းလိုက်သည်။

ဂျာမန်တာဝန်ရှိသူများက အဆိုပါ အုပ်စုအနေဖြင့် ရွေ့ပြောင်း လုပ်သားများ အပေါ် အရင်းအနှီးပြု၍ အစဉ်အလာ မရှိသော ဒုက္ခသည် စီးဝင်ခြင်းများအားပြီးခဲ့သည့်လများအတွင်း လုပ်ဆောင်ခဲ့သည်ဟူ၍ စွပ်စွဲပြောဆိုထား သည်။

ဆန္ဒပြသူများက “ ဒုက္ခသည်များအား မကြိုဆိုပါ” ဟူသည့် စာတန်းများဖြင့် ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် “ သူတို့ကို ပြန်ပို့ပါ” ဟူ၍လည်း ကြွေးကြော်ခဲ့ကြသည်။

ဂျာမန်ထိပ်တိန်းလုံခြုံရေးတာဝန်ရှိသူများက PEGIDA ကဲ့သို့ အဖွဲ့များအား ပဋိပက္ခကိစ္စရပ်များ၊ ဒုက္ခသည် စခန်း တိုက်ခိုက်ခံရမှုများ၊ ကိုလုံးမြို့တော်ဝန်ဖြစ်ရန် ရေပန်းစားနေသည့်အမတ်လောင်း ဓားဖြင့်တိုက်ခိုက်ခံရမှုများ အတွက် သတိပေးပြောဆိုမှုပြုလုပ်ထားသည်။ ယင်းအမှုမှ တိုက်ခိုက်သူကမူ နိုင်ငံခြားသား ဆန့်ကျင်ရေး အတွက် သတ္တိရှိရှိလုပ်ဆောင်ခြင်းဟု ရဲအရာရှိအား ပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး သောမတ်မိုင်ဇီရီက PEGIDA နှင့် ယင်းအဖွဲ့ခေါင်းဆောင်များအား မည်သည့်အချက်များ ကြောင့် လုပ်ဆောင်နေရသည်ဆိုခြင်းအား စုံစမ်းထောက်လှမ်းနေပြီဟု ARD ရုပ်သံနှင့်တွေ့ဆုံရာတွင် ပြော ဆိုခဲ့သည်။

အောက်တိုဘာ ၁၉ ရက်နေ့ဆန္ဒပြမှုမှာ ပြီးခဲ့သည့် တစ်ပတ်ကထက် ပိုမို၍ ပြင်းထန်လာခဲ့ပြီး လူဦးရေ ၉၀၀၀ ခန့် အထိ ယခု တစ်ပတ်တွင် ထပ်တိုးလာဟု ပွဲစီစဉ်သူများကပြောသည်။ ၎င်းတို့၏ အဆိုအရ ၁၉ရက်နေ့ ဆန္ဒပြမှုတွင် ပါဝင်သူများမှာ လေးသောင်းအထိ ရှိနေဟု ဆိုသည်။ ယင်းတို့ထဲမှာ အချို့မှာ နာဇီထောက်ခံသည့် သင်္ကေတများ ကိုဝတ်ဆင်မှုရှိခဲ့သည်။

“ အစိုးရဘာလုပ်နေလဲ။ ဒုက္ခသည်တွေအတွက် တံခါးဖွင့်ဖို့လုပ်နေတဲ့ကိစ္စက မှားပါတယ်။ သူတို့အများစုက ဒုက္ခသည်တွေမဟုတ်ပါဘူး။ စီးပွားရေးသမား ဒုက္ခသည်တွေပါ” ဟု အီကတ်အမည်ရ ပုဂ္ဂိုလ်ကပြောသည်။

ဂျာမနီ ဒု-အဓိပတီ ဆစ်မာဂါဘရီယယ်က PEGIDA နှင့် ဆက်စပ်အဖွဲ့များကြောင့် အစ္စလာမ်ဆန့်ကျင်ရေး ငြင်းခုန်မှုကိစ္စမှာ ဂျာမနီ၌ သိသိသာသာတိုးတက်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆစ်မာဂါဘရီယယ် က “ ဒါက ပေါကြောင်ကြောင်လူတွေရဲ့ ညစ်ညမ်းမှုပါ။ အယူသည်းသူတွေက အခြား လူတွေရဲ့ဆန္ဒကို သေတမ်းစာ ထဲမှာ ထည့်ရေးဖို့ ဆုံးဖြတ်ထားသလိုပါပဲ။ ကိုလုံးမှာ အမတ်လောင်း တစ်ဦးကို ဓားနဲ့ တိုက်သလိုမျိုးပေါ့” ဟု ဖရန့်ဖတ်အလုပ်သမား ကွန့်ဖရင့်တွင် ပြောဆို လိုက်သည်။

“ သူတို့က တကယ်ပဲ မီးလောင်ရာလေပင့်အောင် လုပ်သူတွေပါ” ဟုလည်း ဆက်ပြောသည်။

ယခုလအတွင်း ဂျာမနီ၌ ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား ဆန့်ကျင့်သည့် ဂယက်များမြင့်တက်လာသည်။ ယခုနှစ်အစောပိုင်းမှ စတင်၍ မတော်တဆထိခိုက်မှု ၅၂၀ကျော်ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် တစ်နှစ်လုံးထက် အနည်းငယ်သာ ကွာဟတော့သည်။

လုံခြုံရေးတာဝန်ရှိသူများက ဆန္ဒပြလှုပ်ဆော်သူများမှ ၃ပုံ ၁ ပုံမှ အချို့ကို သံသယရှိနေပြီး ကျန် ၂ပုံမှာ ယခင် ကိစ္စ ရပ်များ၌ ပါဝင်မှုမရှိဟု ဆိုထားသည်။

German Marshall Fund မှ တီမိုလိုချော့ကီက EGIDA ကဲ့သို့ အဖွဲ့များ၏ လုပ်ဆောင်မှုများအတွက် နိုင်ငံရေး သမားများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့်အရာအားလုံးကို လုပ်ရမည်ဟု တိုက်တွန်းထားသည်။

“ ဒီကိစ္စကို နိုင်ငံရေးသမားတွေ ဆောင်ရွက်မှုပြုကြမယ်လို့ ထင်တယ်” ဟု ၎င်းကဆက်ပြောသည်။ ထိုပြင် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပက်သက်၍ ဂျာမနီအနေဖြင့် ပေါ်လစီအပြောင်းအလဲလုပ်မည်ဟု ယူဆရကြောင်း တီမိုလိုချော့ကီက ဆိုသည်။


_____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။