စစ်တွေမြို့ မင်းဇာနည် ငါးပုဇွန် ကုန်ချောထုတ် အအေးစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြ

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၆



ရခိုင်ပြည်နယ် စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်မှုဇုန်ရှိ မင်းဇာနည် ငါးပုဇွန် ကုန်ချောထုတ် စက်ရုံတွင် အလုပ်သမား ၈၀ ကျော်က အောက်တိုဘာလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

“ ကျွန်တော်တို့ကို တစ်နေ့ ၃၆၀၀ ကျပ်နှုန်းနဲ့ ကန်ထရိုက်စာချုပ်မှာ ချုပ်ပေမယ့် တကယ်တန်းပေးတဲ့အခါ ကျပ် ၁၀၈၀၀၀ ရမယ့်နေရာမှာ ၈၀၀၀၀ ဘဲ ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က လက်မခံတော့ အရင်အခမဲ့ ပို့ပေးနေတဲ့ အကြိုအပို့ ဖယ်ရီကားခ အတွက် ၂၀၀၀၀ ဖြတ်မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကို တစ်နေ့ ၃၆၀၀ ကျပ်နှုန်းနဲ့ပေးပေမယ့် ဖယ်ရီကားခကို ဖြတ်မယ်ဆိုရင် ဘာမှ မကျန်တဲ့ အတွင် ဆန္ဒုပြ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု အလုပ်သမားခေါင်းဆောင် ဦးကျော်ဇောလှက ဆိုသည်။

ယခင်က မူလ လစာ ၇၀၀၀၀ ကျပ်၊ ရက်မှန်ကြေး ၁၀၀၀၀ ကျပ်နှင့် ကီလိုကြေး ၁၀၀၀၀ ကျော်အပါအ၀င် ကျပ် တစ်သိန်းကျော်ရရှိပြီး ၃၆၀၀ ကျပ်နှုန်း သတ်မှတ်ပြီးနောက်ပိုင်းမှ ကြိုပို့ ဖယ်ရီခ ၂၀၀၀၀ ကျပ် ဖြတ်တောက်မည်ဟု စက်ရုံတာဝန်ရှိသူများက ပြောဆိုလာသည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့က အလုပ်သမားတွေရဲ့ အခက်အခဲကို တင်ပြတာပါ။ ဖယ်ရီကားခကို ဖြတ်မယ်ဆိုရင် ရပိုင်ခွင့် အခွင့်အရေး ကျွန်တော်တို့မှာလည်း ဘာမှ မကျန်ပါဘူး။ ဒါကြောင့် ဒီအခက် အခဲကို ဖြေရှင်း ပေးဖို့ တောင်းဆို ရတာပါ။ စက်တင်ဘာလ လစာလည်း အခုထိ မရသေးပါဘူး” ဟု ဦးကျော်ဇောလှက ပြောသည်။
ဆန္ဒပြရာတွင်ပါဝင်သူ မလှတင်ချေကလည်း “အယင်တုန်းကဆိုရင် ရက်မှန်ကြေးတို့၊ ကီလိုကြေးတို့ ရကြပါတယ်။ အခု တစ်နေ့ လုပ်အားခ ၃၆၀၀ ပေးမယ်ဆိုပေမယ့် ဖယ်ရီခအနေနဲ့ အလုပ်သမားတစ်ယောက်ရဲ့ လစာထဲကနေ ၂၀၀၀၀ ကျပ်ဖြတ်မယ်လို့ပြောပါတယ်။ အဲ့ဒါကိုမကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်”ဟု ပြောသည်။

အများစု အလုပ်သမားများမှာ မြို့ပြင် ကျေးတောရွာဘက်မှ လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး ဖယ်ရီကား အကြိုအပို့မရှိလျှင် အလုပ်သို့လာရာတွင် အခက်အခဲ ဖြစ်နိုင်သဖြင့် ဖယ်ရီခကို မဖြတ်တောက်ရန် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

မင်းဇာနည် အအေးစက်ရုံသို့ ဆက်သွယ်ရာ မန်နေဂျာ ဦးအောင်အောင်မှ မြို့နယ်မှူးတို့နှင့် အစည်းအဝေး လုပ်နေပါသဖြင့် နောက်မှ ဆက်သွယ်မေးမြန်းပါဟု ပြောကြားသည်။

၂ နာရီခန့်အကြာတွင် နောက်ထပ် ပြန်လည်ဆက်သွယ်ရာ အမျိုးသမီး အရာရှိ တစ်ဦးက ဖုန်းကိုင်ပြီး ယခု အချိန်ထိ လူကြီးများနှင့် ပြုလုပ်နေသော အစည်းအဝေး မပြီးဆုံးသေးကြောင်း၊ ယခုအခါ စက်တင်ဘာလ လစာများကို ထုတ် ပေးနေပြီ ဖြစ်ကြာင်း၊ လစာဖြတ်တောက်ခြင်းမရှိဘဲ တစ်နေ့ ၃၆၀၀ နှုန်းဖြင့် ပေးနေကြောင်း၊ မယုံလျှင် လစာထုတ် ပြန်သွားသော အလုပ်သမားများကို မေးကြည့်နိုင်ကြောင်း ပြောကြားသည်။
ယခု ဆန္ဒပြမှုသည် လစာနှင့် ဖယ်ရီကားကိစ္စကို မန်နေဂျာနှင့် ညှိနှိုင်းလာခဲ့သည်မှာ ၅ ရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တစ်စုံတစ်ရာ အဆင်မပြေသဖြင့် နောက်ဆုံးတွင် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

လစာများကို ထုတ်ပေးလိုက်သော်လည်း အကြိုအပို့ ဖယ်ရီခကို နောက်ပိုင်းတွင် အလုပ်သမားများအတွက် စီစဉ် ပေး/ မပေးကို မသိရသေးကြောင်း အလုပ်သမားများက ပြောဆိုသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။