ဗီဒီယို အကြိုခံစားခြင်း - နတ်သမီးမသောက်ဖြစ်တဲ့ ဂျစ်ပစီကော်ဖီ



- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

သင်တန်းတစ်ခုမှာမင်းခက်ထန်က ရုပ်ရည်ကြောင့်ကောင်မလေးတွေဝိုင်းကြိုက်နေကြသလို တစ်ယောက်နဲ့မှ မသိတဲ့ပတ်ဝန်း ကျင်ကို ဂရုမစိုက်ဘဲ ဂျစ်ပစီဆန်ဆန်နေတဲ့ ခေါင်ခိုက်စိုးကိုလည်း သင်တန်းကကောင်မလေးတွေက ကြိုက်ကြပါတယ်။ ခေါင်ခိုက်စိုးရဲ့ နေထိုင်မှုပုံစံကြောင့် သူ့ရဲ့ နာမည်ရင်းထက် ဂျစ်ပစီလို့ပဲခေါ် ကြပါတယ်။ သူက သူ့ကဗျာတွေကို ဖေ့စ်ဘွတ်ခ်မှာတင်ပေးလေ့ရှိပါတယ်။ အဲဒါကြောင့် မင်းခက်ထန်က သူ့ကဗျာတစ်ပုဒ်ကိုဝယ်ချင်တယ်လို့ပြောရင်း ခင်မင်ခဲ့တာပါ။

ခင်ခင်မင်မင်သူငယ်ချင်း မပေါင်းတတ်တဲ့ ခေါင်ခိုက်စိုးက မင်းခက်ထန်ကိုတော့ ရင်းရင်းနှီးနှီးပေါင်းခဲ့ပါတယ်။ အဲဒီလိုပဲတစ်ယောက်အကြောင်းကို တစ်ယောက်ပြောခဲ့ပါတယ်။ မင်းခက်ထန်မှာ တော်ဝင်သူဆိုတဲ့ ချစ်သူရှိပါတယ်။ တော်ဝင်သူက နိုင်ငံခြားမှာ ကျောင်းတက်နေပြီး ပြန်လာရင် လက်ထပ်ဖို့ စီစဉ်ထားတာပါ။ နောက်ပြီး တော်ဝင်သူ့ဆီမှာ အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့အကျင့်ရှိတယ်ဆိုတာကိုလည်း မင်းခက်ထန်က ခေါင်ခိုက် စိုးကိုပြောပြခဲ့ပါတယ်။ အဲဒီနေ့က မင်းခက်ထန်ပြန်တဲ့အချိန်သူ့ရဲ့ စာအုပ်ထဲကနေ ဓာတ်ပုံလေးတစ်ပုံ အောက်ကိုကျသွားပါတယ်။ သူပြန်သွားတဲ့အချိန်မှ ခေါင်ခိုက်စိုးက ဓာတ်ပုံလေးကို  ကောက်ရသွားပါတယ်။ သူတို့ သင်တန်းပြီးတဲ့အချိန်မှာတော့ မင်းခက်ထန်က သူ့အဖေရဲ့ကုမ္ပဏီအလုပ်ကို ဆက်လုပ်ခဲ့သလို ခေါင်ခိုက်စိုးကတော့ ဂျစ်ပစီဆိုတဲ့ နာမည်နဲ့ ကော်ဖီဆိုင်လေး  တစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်သမီးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း ရင်းနှီးလာပြီး ချစ်သူတွေဖြစ်သွားကြပါတယ်။

အဲဒီအချိန်မှာပဲ မင်းခက် ထန်ရဲ့ ကောင်မလေးတော်ဝင်သူ လည်း မြန်မာနိုင်ငံကို ပြန်ရောက် လာခဲ့ပါတယ်။ ခေါင်ခိုက်စိုးက မင်းခက်ထန်ကို သူ့ရဲ့ နတ်သမီးအကြောင်း ပြောပြလေ့ရှိတာ ကြောင့် လူချင်းမတွေ့ဖူးပေမယ့် နတ်သမီးအကြောင်းကိုသိနေခဲ့ ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ တော့ တော်ဝင်သူကို ခေါင်ခိုက်စိုး နဲ့ တွေ့ပေးခဲ့ပါတယ်။ အဲဒီအချိန် မှာတော့ ခေါင်ခိုက်စိုးက တော်ဝင်သူနဲ့ နတ်သမီးဟာတစ်ယောက်တည်းဆိုတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ တော်ဝင်သူကတော့ ခေါင် ခိုက်စိုးကို မသိသလိုပဲ နေခဲ့ပါ တယ်။

တော်ဝင်သူနဲ့ နတ်သမီး ဘာကြောင့်တစ်ယောက်တည်း ဖြစ်နေတာလဲ။ သူတို့သုံးယောက် ရဲ့ ဇာတ်လမ်းကောဘာတွေ ဆက် ဖြစ်လာဦးမလဲဆိုတာကိုတော့ ရွှေစင်ဦးထုတ်လုပ်ရေးကနေ ဖြန့် ချိပေးထားတဲ့ နတ်သမီးမသောက် ဖြစ်တဲ့ ဂျစ်ပစီကော်ဖီဆိုတဲ့ဇာတ် ကားလေးမှာ ဆက်လက် ရှုစားပေးပါ။

ဒီဇာတ်ကားမှာခေါင်ခိုက်စိုး အဖြစ် နေမင်း၊ မင်းခက်ထန်အ ဖြစ် ထူးခြားနဲ့ တော်ဝင်သူအဖြစ် သက်မွန်မြင့်က ပါဝင်သရုပ် ဆောင်ထားပါတယ်။ မင်းတခေတ်ရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။