တာဝန်ကျေသော ရခိုင်သားများဖြစ်ရန် ANP ကို မဲပေးကြဟု ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် ပြော

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၂၇


တာဝန်ကျေသော ရခိုင်သား များဖြစ်ရန် ရခိုင်သားတိုင်း ရခိုင်အမျိုး သားပါတီ (ANP) ကိုမဲပေးကြပါဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြိံး ဦးဇော်အေးမောင် က စက်တင်ဘာလ ၂၇ရက်နေ့ က လှိုင်သာယာမြို့နယ် တွင် ပြုလုပ်သည့် လူထု မဲဆွယ်စည်ရုံး ပွဲတွင် ပြောကြားသည်။

"တာဝန်ကျေတဲ့ ရခိုင်သားတွေဖြစ်အောင် ရခိုင်သားတိုင်း ရခိုင်အမျိုးသား ပါတီကို မဲပေးကြပါ။ ရခိုင်အမျိုးသား ပါတီက များများနိုင်ရင် ရခိုင်လူမျိုး အကျိုးကို များများဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြိံး ဦးဇော်အေးမောင်က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဒေါ်သန်းနုမှလည်း " ဒီမှာနေတာ ကြာပါပြီ၊၂၀၁၀တုန်းက တော့ မဲပေးခွင့် မရခဲ့ပါဘူး။ ခုတော့ မဲပေးခွင့်ရတဲ့ အတွက် ရခိုင်ပါတီကိုဘဲ မဲပေးမှာပါ။ ရခိုင်လူမျိုး အကျိုး ကို ဆောင်ရွက်ပေး မယ့် ရခိုင်ရေးရာဝန် ကြိံး နေရာပါတဲ့အတွက် ပိုပြီးပေးချင် ပါတယ်" ဟု နိရဉ္စရာသို့ ပြောသည်
ရခိုင်အမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှမှ "ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်ရရှိမှသာ ကိုယ့်လူမျိုး အကျိုး စီးပွား ကို ဆောင်ရွက်နိုင်မှာပါ။ ဒါကြောင့် ရခိုင်ပြည်နဲ့ရခိုင်လူမျိုး အကျိုးစီးပွား အတွက် ရခိုင်အမျိုးသား ပါတီကို မဲပေးကြပါ” ဟု အခမ်းအနား တွင် ပြောကြားသည်။

ရခိုင်အမျိုးသားတေးသံရှင် ကိုဒိုးလ်ရီမှလည်း" ကျွန်တော်တို့ ရခိုင် လူမျိုးတွေရဲ့ တစ်ခုတည်းသော ရခိုင် အမျိုးသား ပါတီကို အားပေး ဂုဏ်ယူပါတယ်၊ ဒါကြောင့် ဒီပွဲကို ကိုယ်တိုင်လာရောက် သီဆိုဖြေဖျော် ပေးတာပါ၊ ရခိုင်လူမျိုးတိုင်း မိမိတို့ ရခိုင်အမျိုးသား ပါတီကိုဘဲ အားပေးကြပါ" ဟု ပြောသည်။

"ရခိုင်လူမျိုးဖြစ်တဲ့ အတွက် ရခိုင်အမျိုးသားပါတီကိုဘဲ မဲပေးချင် ပါတယ်။ ဒါပေမယ့် မဲစာရင်းမှာ မပါတော့ မဲပေးရ ၊ မပေးရဆိုတာ မသေချာသေးပါဘူး၊ ပုံစံ(၃) နဲ့တော့ လျှောက်ထားပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ် နေကြတဲ့ ရခိုင်လူမျိုး အများစု ကတော့ မဲစာရင်းမှာ မပါဘူး။ ဧည့်စာရင်းနဲ့ နေတဲ့ သူတွေ၊ ဧည့်စာရင်း မရှိတဲ့သူတွေ အများစုမို့ လို့ ခုလို မဲစာရင်းထဲမှာ မပါဘူး လို့ ထင်ပါတယ်"ဟု လှိုင်သာယာ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်နေသည့် မခိုင်ခိုင်ဇံက နိရဉ္စရာသို့ ပြောသည်။

လှိုင်သာယာမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါ်ခင်လှမြိုင် မှလည်း "လှိုင်သာယာမှာ ရခိုင်လူမျိုး တစ်သိန်းကျော်ရှိပေမယ့် မဲစာရင်းမှာ တော့ ကိုးသောင်းကျော်လောက် ဘဲပါတယ်။ မဲပေးခွင့်ရှိတဲ့ ရခိုင်သားတိုင်း မဲပေးခွင့်ရရှိအောင် ဧည့်စာရင်း နဲ့ နေသူတွေ၊ အမည်စာရင်း မပါသူတွေ ကို မဲပေးခွင့် ရရှိအောင် ဆောင်ရွက်ပေ နေပါတယ်" ဟု နိရဉ္စရာသို့ ပြောဆိုသည်။

အဆိုပါ လူထု မဲဆွယ်စည်းရုံး ဟောပြောပွဲသို့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြိံး ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှ ၊ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စား လှယ်လောင်းများ၊ပါတီအောင် နိုင်ရေး ဆောင်ရွက် နေသူများ၊ ပါတီ ၀င်များ၊ရခိုင်သူ၊ရခိုင်သား လူဦးရေ သုံးထောင်ကျော်ခန့် တက်ရောက် သည်။

ရန်ကုန်တိုင်းဒေသကြိံး ရခိုင်အမျိုးသားပါတီ၏ နောက်ထပ်လူထုဟောပြောပွဲ တစ်ခုကို အောက်တို ဘာလ ၄ ရက် တနင်္ဂနွေ နေ့လယ် တွင် ရွှေပြည်သာမြို့နယ် ၌ ပြုလုပ်မည်။

ထိုပွဲသို့ အမျိုးသားသီချင်းများ ဆိုရန်အတွက် ရခိုင်အမျိုးသားအဆိုတော် ၀င်းကိုခိုင်နှင့် ကို ဒိုးလ်ရီ တို့အား ဖိတ်ကြားထားကြောင်း ပါတီအောင်နိုင်ရေး ခေါင်ဆောင် ဦးဘဆွေက နိရဉ္စရာသို့ ပြောသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။