၁၂.၉ လက်မ screen ပါဝင်သော iPad Pro ကို Apple မိတ်ဆက်

Apple သည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သော ပွဲ၌ iPhone သစ်များနှင့်အတူ screen အရွယ်အစား ကြီးမားသော ၁၂.၉ လက်မ iPad Pro သစ်ကို မိတ်ဆက်ပေးခဲ့သည်။
iPad Pro သည် Apple ၏ MacBook Pro နှင့် Mac Pro ကွန်ပျူတာများအတိုင်း လုပ်ငန်းသုံး သို့မဟုတ် ပရော်ဖက်ရှင်နယ်သုံး tablet အဖြစ် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် screen ပေါ်၌ application နှစ်ခုကို ဘေးချင်းယှဉ်ကာ အသုံးပြုနိုင်သည်။
၁၂.၉ လက်မ iPad Pro screen သည် လက်ရှိ ၉.၇ လက်မ ထက် screen ဧရိယာ ၇၆ ရာခိုင်နှုန်း ကျယ်ဝန်းသည်။
အဆိုပါ tablet သစ်တွင် Apple ၏ A9X ပရိုဆက်ဆာသစ်ကို အသုံးပြုထားပြီး ၎င်းသည် iPad Air 2 တွင် အသုံးပြုထားသော A8X ထက် ၁.၈ ဆ ပိုမိုလျင်မြန်သည်။ ဂရပ်ဖစ် စွမ်းဆောင်ရည်ကလည်း A8X ထက် နှစ်ဆ ပိုမိုလျင်မြန်သည်။
iPad Pro ကို ဘက်ထရီဖြင့် ၁၀ နာရီ အသုံးပြုနိုင်သည်။ အထူမှာ ၆.၉ မီလီမီတာ ဖြစ်ပြီး Air 2 ထက် ၀.၈ မီလီမီတာ ပိုထူသည်။ စတီရီယိုအသံဖန်တီးပေးနိုင်မည့် စပီကာ လေးလုံး ပါဝင်သည်။
iPad Pro ကို နိုဝင်ဘာလတွင် ငွေရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ 32GB အတွက် ၇၉၉ ဒေါ်လာ ဖြစ်ပြီး 128GB နှင့် 4G အတွက် ၁,၀၇၉ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။
ထို့အပြင် Apple သည် Microsoft ၏ Surface stylus နှင့် ဆင်တူသော Apple Pencil ကို iPad Pro အတွက် မိတ်ဆက်ပေးခဲ့သည်။ ၎င်း Pencil ၏ တန်ဖိုးမှာ ၉၉ ဒေါ်လာ ဖြစ်သည်။

___
Internet Journal 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။