ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင် - Maze Runner: The Scorch Trials



-ဒီတစ်ပတ် ပိတ်ရက်လေး ရုပ်ရှင်ကြည့်မယ် စိတ်ကူးနေသူတွေအတွက် သည်းထိတ်ရင်ဖို သိပ္ပံအက်ရှင်ကားလေး ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ခဲ့တဲ့ The Maze Runner ဇာတ်ကားနဲ့ ရင်းနှီးပြီး သားပရိသတ်တွေ ဆက်ကြည့် သင့်တဲ့ ဇာတ်ကားလေးမို့ ဖော်ပြ ပေးလိုက်ပါတယ်။

လူငယ်လေး သောမတ်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ နယူ၊ မင်ဟို၊ တယ်ရီဆာအဂ္ဂနက်စ်၊ ဖရိုင်ပန်၊ ၀င်စတန်တို့ဟာ ၀င်္ကပါ ကြီးထဲက ခက်ခက်ခဲခဲ လွတ် မြောက်ပြီးတဲ့နောက် မစ္စတာဂျန် ဆန်ဆိုသူ ခေါ်ဆောင်တဲ့နောက် လိုက်ပါခဲ့ပါတယ်။ မစ္စတာဂျန် ဆန်ခေါ်သွားတဲ့နေရာမှာ တခြား ၀င်္ကပါက လွတ်မြောက်လာသူ တွေလည်းရှိပြီး ဖလဲဗိုင်းရပ်စ်ပိုး တွေနဲ့ ဇမ်ဘီတွေရဲ့ရန်က ကာ ကွယ်ပေးထားတဲ့ နေရာလို့ဆိုပေ မယ့် မသင်္ကာစရာ တွေ့တဲ့အ တွက် သောမတ်စ်စုံစမ်းခဲ့ပါတယ်။ဝင်္ကပါထဲက ပထမဆုံး လွတ်မြောက်ခဲ့တဲ့ အဲရစ်ဂျုံးစ်ရဲ့ ပြောကြားချက်အရ သူ

တို့အဖွဲ့ကို လိုက်ဖမ်းနေတဲ့ WCKD အဖွဲ့ ခေါင်းဆောင်အေဗာပေ့ခ်ျအသက်ရှင်နေဆဲဖြစ်ပြီး ဂျန်ဆန်က အေဗာအတွက် အလုပ်လုပ်နေတာဖြစ်တယ်လို့ သိခဲ့ပါတယ်။

ဖလဲဗိုင်းရပ်စ်စ်မကူးစက်နိုင်တဲ့ လူတချို့ တောင်ပေါ်တစ်နေရာမှာ ရှိနေတာကြောင့် အဲရစ်ဦးဆောင်ပြီး သောမတ်စ်တို့ ထွက်ပြေးခဲ့တာကြောင့် ဂျန်ဆန်လိုက်ဖမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ပြေးရင်းဈေးဆိုင်တန်း အပျက်အစီးတွေကြားမှာ ဖလဲဗိုင်းရပ်စ်အကူး ခံထားရတဲ့ ဇမ်ဘီတွေနဲ့ ဆုံရာက ၀င်စတန်ဗိုင်းရပ်စ်အကူးခံခဲ့ရပြီး ဇမ်ဘီဘ၀ မပြောင်းမီ အပြတ် ရှင်းခဲ့ရပါတယ်။ ဒီလိုနဲ့ ဆက်ပြေးကြရင်း စကော့ခ်ျလို့ခေါ်တဲ့ သဲကန္တာရထဲကလွတ်မြောက်နယ်မြေတစ်နေရာမှာ ၀င်ခိုနေတုန်း မင်ဟိုမိုးကြိုး အပစ်ခံခဲ့ရပေမယ့် အသက်မသေခဲ့ပါဘူး။ အဲဒီနေရာမှာ သံကြိုးခတ်ထားတဲ့ ဇမ်ကီ အများအပြားရှိနေပြီး ဇမ်ဘီတွေကို အစောင့်ခွေးတွေလို သုံးနေတဲ့ ဘရန်ဒါနဲ့ ဂျော့ခ်ျတို့နှစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။

ကန္တာရထဲကို ဂျန်ဆန်နဲ့အ ဖွဲ့တွေ လိုက်လာခဲ့ပြန်တာကြောင့် သောမတ်စ်ဟာ ဘရန်ဒါတို့နဲ့အတူ ဇမ်ဘီတွေရန်ကရော WCKD အဖွဲ့ရဲ့ ရန်ကရော လွတ်မြောက်ဖို့ကြိုးပမ်းရပါတော့တယ်။ အန္တရာယ်အသွယ်သွယ် ဘက်ပေါင်းစုံက လာနေတဲ့ကြားက ထွက်ပြေးရတဲ့ သောမတ်တို့အဖွဲ့ ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာတော့ ကိုယ်တိုင်ရင်ခုန် စိတ်လှုပ်ရှားရင်း ကြည့်တာပိုအရသာ ရှိပါတယ်။

ဒီဇာတ်ကားမှာ သောမတ်စ် အဖြစ် ဒီလန်အိုဘရိုင်ယန်၊ နယူ အဖြစ် သောမတ်စ် ဘရိုဒီဆန် စတာ၊ မင်ဟိုအဖြစ် ကီဟုန်လီ၊ တယ်ရီဆာအဖြစ် ကာယာစကို ဒယ်လာရီယို၊ ဘရန်ဒါ အဖြစ် ရိုဆာဆလာဇာ၊ အဲရစ်ဂျုံးစ်အဖြစ် ဂျက်ကော့ဘ်လော့ဖ်တို့စတဲ့ သရုပ်ဆောင်တွေ အများကြီး အားဖြည့်ပေးထားပါတယ်။ ကဲ ...  ဇာတ်လမ်း အကျဉ်းလေးလည်း သိပြီဆိုတော့  မိသားစုနဲ့အတူ ၀င်္ကပါထဲ ၀င်ကြည့်ဖို့သာ လုပ်လိုက်ပါတော့။          ။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။