အင်ဒိုတောမီးကြောင့် စင်ကာပူတွင် လေထုညစ်ညမ်းပြီး ကျောင်းများပိတ်ထားရ



အင်ဒိုနီးရှား နိုင်ငံတွင် လောင်ကျွမ်းနေသည့် တောမီးများနှင့် ဆက်နွှယ်ပြီး လေထုညစ်ညမ်းမှုများ ဖြစ်လာသဖြင့် စင်ကာပူတွင် ကျောင်းများကို ပိတ်ထားလိုက်ရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၅ ရက်တွင် စင်ကာပူ အစိုးရက နိုင်ငံအတွင်းရှိ မူလတန်းနှင့် အလယ်တန်း ကျောင်းများကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အင်ဒို တောမီးနှင့် ဆက်နွှယ်ပြီး အိမ်နီးချင်း စင်ကာပူ နိုင်ငံ၏ လေထုသန့်စင်မှုသည် အန္တရာယ် ရှိနိုင်သည့် အဆင့်သတ်မှတ်ချက်ထိ ကျဆင်းလာမှုကြောင့် ယခုလို ကျောင်းများ ပိတ်လိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းခွင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲ ဖြစ်သော်လည်း သက်ကြီးပိုင်းများအတွက် မျက်နှာဖုံးများကို စီစဉ်ပေးထားသည်။ ထို့အပြင် လူတိုင်း အနေဖြင့် အတတ်နိုင်ဆုံး အိမ်ထဲမှ အိမ်ပြင် မထွက်ရန်လည်း အစိုးရ တိုက်တွန်းထားသည်။

စင်ကာပူ အမျိုးသား သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက ပြီးခဲ့သည့် ၂၄ နာရီအတွက် စင်ကာပူ၏ လေထုညစ်ညမ်းမှု စံနှုန်းသည် ၂၆၈ မှ ၃၂၀ သို့ ရောက်ရှိလာကြောင်း ဆိုသည်။ ၃၀၀ အထက်သည် အန္တရာယ်ရှိသည့် အဆင့်ဟု သတ်မှတ်ထားသည်။ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း လူမှုကွန်ရက်မှတစ်ဆင့် လက်ရှိ လေထုညစ်ညမ်းမှု၏ အန္တရာယ်ကို သတိထားကြရန် စင်ကာပူ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

“ဒီနေ့ (စက်တင်ဘာ ၂၄)မှာ လေထုအရည်အသွေးက ကျန်းမာရေးအရ လုံးဝ မသင့်တော်တဲ့ အဆင့်ကို ရောက်လာပါပြီ။ နောက်ထပ် ၂၄ နာရီအတွင်း လေထုသန့်စင်မှု ညွှန်ကိန်းကလည်း ကျန်းမာရေးအရ မသင့်တော်တဲ့ အဆင့်မှာ ဆက်ရှိနေမယ့် သဘောပါပဲ။ ဒါကြောင့် မနက်ဖြန်မှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေကို ပိတ်ထားမှာ ဖြစ်ပါတယ်”ဟု လီက ရေးသားထားခဲ့သည်။

အင်ဒိုတွင် ဆူမားတြားနှင့် ကာလီမန်တန် ဒေသများတွင် တောမီးများ လောင်ကျွမ်းနေပြီး အဆိုပါ မီးလောင်ကျွမ်းမှုများကို ထိန်းချုပ်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။ သို့သော်လည်း မီးကူးစက်မှုသည် ခြောက်သွေ့သည့် သစ်ဆွေးတောများဘက် ဆက်လက် ပျံ့နှံ့နေသဖြင့် ငြှိမ်းသတ်ရန် အခက်ကြုံနေကြောင်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။