ဗြိတိသျှလေကြောင်းလိုင်း လေယာဉ် Las Vegas မှာ မီးလောင်မှုဖြစ်ပွား


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဦးတည်ပျံသန်းမယ့် ဗြိတိသျှလေယာဉ်တစီးဟာ အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် လေဆိပ်မှာ အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ သူ ၁၇ ၂ ဦးကို အရေးပေါ် လျှောဆင်းတဲ့ ထွက်ပေါက်တွေက ကယ်ဆယ်ခဲ့ရပါတယ်။

ခရီးသည် အနည်းဆုံး ၁၃ ဦးဟာ အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရတယ်လို့ လေယာဉ်ကွင်း အာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည် ၁၅၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၃ ဦးပါဝင်တဲ့ အဆိုပါ ဘိုရင်း777-200 အမျိုးအစား လေယာဉ်ရဲ့ ဘယ်ဘက်အင်ဂျင်ဟာ လေယာဉ်ပျံသန်းမှု မစခင်မှာ မီးစွဲလောင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဖယ်ဒရယ် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ Ian Gregor က ပြောပါတယ်။

လေယာဉ်ပျံဟာ မီးတောက်တွေ မီးခိုးတွေနဲ့ ဖုံးလွှမ်းသွားပြီး နောက်ပိုင်းမှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
လေယာဉ်မှူးဖြစ်သူက လေယာဉ်ကွင်း အရေးပေါ်ဌာနကို မီးလောင်မှုဖြစ်နေကြောင်း၊ ရွှေ့ပြောင်းကယ်ဆယ်မှုတွေ လုပ်နေကြောင်းနဲ့ မီးသတ်အကူအညီကို လှမ်းတောင်းခဲ့ပါတယ်။

အခုလို မီးလောင်မှုဖြစ်ပွားရတာဟာ ရုတ်တရက် ဖြစ်ပေါ်တဲ့ အင်ဂျင်ချို့ယွင်းမှုကြောင့်လို့ လေယာဉ်မှုးက ခရီးသည်တွေကို ပြောဆိုခဲ့ကြောင်း လေယာဉ်ပေါ်မှာပါလာတဲ့ ဂါဒီယန်း သတင်းဌာနက Jacob Steinberg က ပြောပါတယ်။

လေယာဉ် ပြူတင်းပေါက်ကကြည့်တဲ့အခါ လေယာဉ်အတောင်ပံနားမှာ မီးခိုးတွေ တွေ့ရပြီး ရာဘာကို မီးလောင်တဲ့အနံ့မျိုး ရရှိကြောင်း၊ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း မစ္စတာ Steinberg က ဖော်ပြထားပါတယ်။

____BBC Burmese
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။