Iron Cross တီးဝိုင်း၏ဖျော်ဖြေမှုတစ်ခုအားတွေ့ရစဉ်
Iron Cross တီးဝိုင်း၏ ဖျော်ဖြေပွဲကို သီတင်းကျွတ် လပြည့်ညတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းနှင့် တင်ဇာမော်တို့ ပါဝင်သီဆိုရန် စီစဉ်ထားသည် ဟုသိရသည်။ ဖျော်ဖြေပွဲတွင် ထိုင်ခုံများနှင့်ရော၊ မတ်တတ်ရပ် ကြည့်ရှုလိုသူများအတွက်ပါ လက်မှတ်များကို ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ ဟု သတ်မှတ် ရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။
“ IC က သီတင်းကျွတ် လပြည့်ညမှာ ရန်ကုန် ပြည်သူ့ရင်ပြင်မှာ လုပ်ဖို့ရှိပါမယ်။ ပုဂံအင်တာတိန်းမန့်က စီစဉ်တာတော့ မဟုတ်ဘူး။ ကန်ထရိုက်အနေနဲ့ သီးခြားစီစဉ်တဲ့ပွဲပါ။ ဒီပွဲမှာIC ရဲ့ ပင်တိုင် အဆိုရှင်လေးယောက် အပြင် မတင်ဇာမော်လည်း ပါပါမယ်။ လက်မှတ်တွေကတော့ အောက်တိုဘာ လဆန်းလောက် စပြီးရောင်းပါမယ်။ လက်မှတ် ဈေးနှုန်းကတော့ ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ်မယ်လို့ အကြမ်းဖျင်း သိထားတယ်။ ထိုင်ခုံရော မတ်တတ်ရပ် ကြည့်ချင်တဲ့သူတွေရော အဆင်ပြေမယ့်ပွဲပါ။ ပွင့်လင်းရာသီ ရောက်တော့မယ် ဆိုတော့ ပွဲတွေကတော့ ရှိနေမှာပါ။ တစ်ယောက်ချင်း ပွဲတွေကလည်း သူတို့ဆက်ဆိုဖို့ ရှိနေပါသေးတယ်” ဟု ပုဂံ အင်တာတိန်းမန့်မှ ကိုညီညီက ဆိုသည်။
Iron Cross တီးဝိုင်း၏ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၆ ရက်တွင်လည်း မန္တလေး မြို့၌ ပြုလုပ်မည်ဖြစ်ကာ တစ်ဦးချင်း ဖျော်ဖြေ ပွဲအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန် မြို့ Myanmar Event Park ၌ ပြုလုပ်ရန် စီစဉ်ထားကာ လက်မှတ်များကို ရောင်းချလျက်ရှိသည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။