Hajj ဘုရားဖူးများပြားသည့်အတွက် တိုးဝှေ့ရာမှ လူ ၃၁၀ သေဆုံး

1027446909


ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးရန် ကမ္ဘာတ၀ှမ်းက အစ္စလာမ်ဘာသာဝင် ၂ သန်းကျော် ရောက်ရှိနေရာ များပြားတဲ့အတွက် တိုးဝှေ့မှုကြောင့် လူပေါင်း ၃၁၀ သေဆုံးကာ ၄၅၀ ဒဏ်ရာရသွားကြောင်း ဆော်ဒီပြည်သူ့လုံခြုံရေး အဖွဲ့ကပြောပါတယ်။

ယခုအဖြစ်အပျက်ဟာ မက္ကာမြို့နဲ့  ၅ကီလိုမီတာကွာဝေးတဲ့ မီနာမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ကျင်း ပတဲ့ ၅ ရက်ကြာ ဘုရားဖူးခရီးစဉ်အတွက် နှစ်စဉ် ကမ္ဘာတ၀ှမ်းက အစ္စလာမ်ဘာသာဝင်တွေ လာရောက်ကြတာဖြစ်ပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မက္ကာမြို့က Grand ဗလီကြီးပေါ် ကရိန်းပြုတ်ကျရာ လူပေါင်း ၁၀၇ဦးသေဆုံးသွားပြီး ၂၃၈ ဦး ဒဏ်ရာရရှိသွားပါသေးတယ်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။