Google၏ အမှတ်တံဆိပ် အသစ်ပြောင်းလဲ


Google ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ်ကို သိသာထင်ရှားစွာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။

အင်တာနက် ရှာဖွေရေး လုပ်ငန်းဖြင့် အစပြုခဲ့ပြီးနောက် ယခုအခါ မိုဘိုင်း နည်းပညာ နယ်ပယ်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာပြီဖြစ်သည့် အမေရိကန် ကုမ္ပဏီကြီးသည် ယခင်တံဆိပ်မှ စာလုံးများကို အနားသတ် ပိုမိုချောမွေ့ ညီညာအောင် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ အဆိုပါ တံဆိပ် အပြောင်းအလဲသည် မိုဘိုင်းကိရိယာများအတွက် ပိုမိုအဆင်ပြေစေမည့် ဒီဇိုင်းဖြစ်သည်။
Googleက မိမိတို့၏ ဝက်ဘ်ဆိုက်ကို လာရောက်သူများ၊ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် ရောက်ရှိလာသူ အများအပြား ရှိနေပြီး ကွန်ပျူတာများဖြင့် ဝင်ရောက်လာသူ အရေအတွက် နည်းပါးလာခြင်းကြောင့် မဟာဗျူဟာမြောက် အပြောင်းအလဲ တစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။
Google အမှတ်တံဆိပ်သစ်သည် အရွယ်အစား ကွဲပြားသည့် Screen အမျိုးမျိုးနှင့် သင့်တော်စွာ ပြောင်းလဲ အံဝင်နိုင်မည် ဖြစ်သည်။ Googleသည် ၎င်းတို့၏ အဓိက ကိုယ်စားပြု အရောင်များဖြစ်သည့် အပြာ၊ အနီ၊ အဝါနှင့် အစိမ်းရောင်တို့ကို အမှတ်တံဆိပ်သစ်တွင် ဆက်လက် သုံးစွဲထားပြီး Googleကို အတိုကောက် ဖော်ပြသည့် G စာလုံးနှင့် သီးခြား အမှတ်တံဆိပ်ကိုလည်း လေးရောင်ခြယ် ဒီဇိုင်းဖြင့် မိတ်ဆက်ခဲ့သည်။
Google ဝက်ဘ်ဆိုက်တွင်လည်း အမှတ်တံဆိပ် အပြောင်းအလဲကို Animation ကာတွန်းပုံရိပ်များဖြင့် ပြသနေပြီး အမှတ်တံဆိပ် အသစ်သည် သုံးစွဲသူများ အမြင်တွင် ပိုမိုရိုးရှင်း သေသပ်ကာ အရောင်အသွေး စုံလင်ပြီး ရင်းနှီးကျွမ်းဝင်မှုမျိုး ခံစားရမည်ဟု ကုမ္ပဏီက ဖော်ပြထားသည်။ 
Googleသည် ၎င်းတို့၏ အမှတ်တံဆိပ် အပြောင်းအလဲကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကလည်း ပြုလုပ်ခဲ့ဖူးသည်။ ယခုအသစ်တီထွင်လိုက်သည့် အမှတ်တံဆိပ်သည် နောက်ပိုင်းကာလများတွင် နည်းပညာ ကုမ္ပဏီကြီးများ ပိုမို ဦးစားပေးလာသည့် ရိုးရှင်းပြီး မျက်စိပသာဒဖြစ်အောင် ဖမ်းစားနိုင်သည့် စံနှုန်းမျိုးနှင့် ပိုမိုကိုက်ညီလာကြောင်းလည်း သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။