မဟာမိတ်တောင်သူလယ်သမားပါတီ(C.F.P)


၁။ ဥက္ကဋ္ဌ - ဦးဆန်းလင်း။

၂။ ပါတီဝင်အရေအတွက် - ၂၀,၀၀၀ ခန့်။

၃။ မဲဆန္ဒနယ်- ပဲခူးတိုင်းဒေသကြီး မြို့နယ် နှစ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- ဒီမိုကရေစီလမ်းကြောင်းတူညီပါက နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့အစည်းတို့နှင့်ပူးပေါင်းကာ လက်တွဲဆောင်ရွက်သွားမည်။ သဘောထားကွဲလွဲခြင်း၊ သာတူညီမျှမှုမရှိခြင်း၊ လူမှုအခွင့်အရေးဆုံးရှုံးခြင်း စသည့်အကြောင်းအမျိုးမျိုးသော စိန်ခေါ်မှုပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည်။ တောင်သူ လယ်သမားအကျိုးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်။

၅။ ဆောင်ပုဒ်- မရှိ။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ကိုယ်စားလှယ်လောင်းများကို ဗဟိုအလုပ်အမှုဆောင်ထဲက ရွေးချယ်ထားသည်။ ပညာအရည်အချင်းကန့်သတ် မထားသော်လည်း နိုင်ငံရေးအတွေ့အကြုံရှိသူများကို ဦးစားပေးရွေးချယ်ထားသည်။

၇။ ပါတီရန်ပုံငွေ− ပါတီရန်ပုံငွေကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက စုပေါင်းထည့်ဝင်သုံးစွဲသည်။ ကိုယ်စားလှယ်လောင်းများက မိမိငွေကြေးဖြင့် စိုက်ထုတ် သုံးစွဲကြသည်။

၈။ ပါတီနောက်ခံသမိုင်း- အခြေခံတောင်သူလယ်သမား၊ အလုပ်သမားတို့၏လူမှုဘဝတိုးတက်မြင့်မားစေရေးအတွက် ဆန္ဒတူညီသူများ ပူးပေါင်းကာ မဟာမိတ်တောင် သူလယ်သမားပါတီကို ဖွဲ့စည်းရန် ၂၀၁၄ ဇူလိုင်တွင် ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့သည်။ ၂၀၁၅ ဇူလိုင် ၂ ရက်တွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ရရှိခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေပြင်ဆင်ဖို့က ဒီမိုကရေစီလမ်းကြောင်းအရ ပြောပေ မယ့် ကွာဟချက်တွေ၊ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပိတ်ပင်တားဆီး မှုတွေရှိတယ်။ အဲဒီဟာတွေကို အရင်ဆုံး ဖြေရှင်းသွားမှ ကျွန်တော်တို့ လိုချင်တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ အတွက်လည်း ဆန္ဒသဘောထားတူညီတဲ့သူတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားလဲ။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့က လွှတ်တော်ထက် လက်ရှိ အစိုးရအပေါ်မှာ မူတည်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော် က လမ်းကြောင်းခင်းပေးရုံပဲ ရမယ်။ အစိုးရလက်ခံမှ လက်တွေ့အကောင်အထည်ဖော်နိုင်မယ်။ အန်ကယ်တို့ ပါတီအနေနဲ့လည်း ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားမယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတအောင် ကူညီပေးဖို့ စဉ်းစားထား လား။
အခြေခံတောင်သူလယ်သမားတွေရဲ့အလုပ်အကိုင်၊ စားဝတ်နေ ရေးတွေ ပြေလည်ဖို့အတွက် လုပ်ဆောင်ပေးသွားမယ်။ တောင်သူလယ် သမား၊ အလုပ်သမားတွေရဲ့ဝင်ငွေ၊ ထွက်ငွေမျှတဖို့အတွက် ကိုယ့်ပြည် နယ်မှာ စက်ရုံ၊ အလုပ်ရုံတွေ၊ စက်မှုလယ်ယာစနစ်တွေ ပိုမိုထွန်းကား အောင် ဆောင်ရွက်ပေးသွားမယ်။ လွှတ်တော်ထဲရောက်ရင်လည်း ပြည် သူတွေရဲ့လိုအပ်ချက်တွေကို တင်ပြတောင်းဆိုသွားမယ်။

ပြည်သူတွေက မဟာမိတ်တောင်သူလယ်သမားပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
အန်ကယ်တို့ပါတီက လယ်သမားအရေး၊ အလုပ်သမားအရေးတွေ ကို အဓိကထားပြီး ဖြေရှင်းပေးသွားမယ်။ ၂၀၁၂ မြေယာဥပဒေပေါ်ပေါက်  လာပြီးမှ လယ်ယာမြေပြဿနာတွေလည်း ပေါ်ပေါက်လာတယ်။ အဲဒါတွေကိုလည်း ဖြေရှင်းပေးနေတယ်။ ဒါကြောင့် ပြည်သူတွေကို အင်အားဖြစ်စေ တဲ့အတွက် အန်ကယ်တို့ပါတီကို မဲပေးကြမယ်လို့ ထင်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
နိုင်ငံတကာမှာလည်း ပေါင်းသင်းဆက်ဆံနိုင်တဲ့သူ၊ အခြေခံပြည်သူလူထုတွေရဲ့လိုအပ်ချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနိုင်တဲ့သူ၊ အပြောနဲ့ အလုပ်ကိုက်ညီတဲ့သူကို သမ္မတအဖြစ် ရွေးချယ်သွားမယ်။

ဥက္ကဋ္ဌအသက်-(၅၇) နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၂၀၁၀ တွင် ပြည်ခိုင်ဖြိုးပါတီ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ အာဏာရလာပြီးနောက် ပါတီမှ နုတ်ထွက်ကာ ၂၀၁၄ တွင် မဟာမိတ်တောင်သူလယ်သမားပါတီကို တည်ထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

လက်ရှိအလုပ်အကိုင်-တရားလွှတ်တော်ရှေ့နေ။

စံပြပုဂ္ဂိုလ်-အတွေ့အကြုံရှိသူ၊ ဉာဏ်ပညာရှိသူ၊ ပြည်သူများအပေါ် ပြန်ကြည့်တတ်သူကို စံပြပုဂ္ဂိုလ်အဖြစ် ထားရှိသည်။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-အမှတ်(၂၆၂၆)၊ အင်းဝင်(၄)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး။ (ယာယီ) ၀၉-၂၅၀၂၀၈၈၁၆။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။