ဘန်ကောက် ဗုံးကွဲမှုနှင့် ဆက်နွှယ်သည့် မသင်္ကာသူ သုံးဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် မသင်္ကာသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ဩဂုတ် ၁၇ ရက်က ဘန်ကောက်ရှိ လူအများ စည်ကားနေရာ နတ်ကွန်း ဧရိယာတွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀ အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက မိမိတို့သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်မှု ရှိနေသည်ဟု ယုံကြည်ရသူ သုံးဦးကို ထိန်းသိမ်းထားကြောင်း စက်တင်ဘာ ၁၄ ရက်တွင် မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက သတင်းထုတ်ပြန်ခဲ့သည်။
ခါလစ်ဒ်က မလေးရှား နိုင်ငံသား နှစ်ဦးနှင့် ပါကစ္စတန် နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေး မေးမြန်းမှုများ စတင်ပြုလုပ်နေပြီဟု ပြောကြားခဲ့သည်။ ဖမ်းဆီးထားသူ သုံးဦးအနက် အမျိုးသမီး တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များ မလေးရှားသို့ လာရောက် အကူအညီ တောင်းခံပြီးနောက် ယခုကဲ့သို့ သံသယ တရားခံများကို ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဟု ခါလစ်ဒ်က ဆိုသည်။
နတ်ကွန်းဧရိယာထဲတွင် ဗုံးပါသည့် ကျောပိုးအိတ်ကို လာချသွားသည့် အဓိက သံသယ တရားခံကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး မလေးရှားတွင် ခိုအောင်းနေခြင်း ရှိမရှိ ကူညီ စစ်ဆေးပေးသွားမည်ဟုလည်း ခါလစ်ဒ်က ကတိပြုခဲ့သည်။
“အဓိက တရားခံက ဘယ်ရောက်နေတယ် ဆိုတာတော့ ကျွန်တော်တို့ သေချာ မပြောတတ်ဘူး။ သိလည်း မသိသေးဘူး။ စုံစမ်းထားသလောက်တော့ မလေးရှားမှာ သူရှိနေတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရသေးဘူး”ဟု ခါလစ်ဒ်က ပြောကြားသွားသည်။
လက်ရှိ ထိန်းသိမ်းထားသူ သုံးဦးကို မလေးရှား ရဲတပ်ဖွဲ့ကပင် တာဝန်ယူ စစ်ဆေးနေပြီး ထိုင်းရဲများထံ လွှဲပေးရန် လတ်တလော အစီအစဉ် မရှိသေးကြောင်းလည်း သိရသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။