ထိုင်းတွင် အခိုးခံရသည့် စိန်တစ်ပွင့်ကို အမျိုးသမီး တစ်ဦး၏ အူလမ်းကြောင်း အတွင်းမှ ခွဲစိတ်ဖယ်ရှားခဲ့

ထိုင်းနိုင်ငံတွင် ခိုးရာပါ ပစ္စည်းများဟု ယုံကြည်ရသည့် တန်ဖိုးကြီး စိန်တစ်ပွင့်ကို အမျိုးသမီး တစ်ဦး၏ အူအတွင်းမှ ခွဲစိတ် ဖယ်ရှားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်အမျိုးသမီး တစ်ဦးသည် ဘန်ကောက်မြို့တော်တွင် ခိုးယူခံရသည့် ဒေါ်လာ သုံးသိန်းတန် စိန်ပွင့်နှင့် ဆက်နွှယ်မှု ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အသက် ၃၉ နှစ်ရှိ ဂျင်ရှုလင်းသည် အဆိုပါ ခိုးရာပါ ပစ္စည်းများကို မြိုချကာ ထိုင်းနိုင်ငံမှ ထွက်ခွာသွားရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကျောက်မျက်ရတနာ ပြပွဲတစ်ခုတွင် ခြောက်ကာရက် အလေးချိန်ရှိ အရည်အသွေးမြင့် စိန်တစ်ပွင့်ကို စိန်အတုနှင့် လဲလှယ်ကာ ခိုးယူသွားမှု ဖြစ်ပွားခဲ့သည်။ သို့သော်လည်း သံသယ တရားခံကို လုံခြုံရေး ကင်မရာ မှတ်တမ်းဖြင့် ပြန်လည် ရှာဖွေနိုင်ခဲ့ပြီးနောက် သူမကို သုဝဏ္ဏဘူမိ လေဆိပ်တွင် ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ် တားဆီးနိုင်ခဲ့သည်။ အမျိုးသမီးနှင့်အတူ ဘန်ကောက်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် အမျိုးသား တစ်ဦးကိုပါ ရဲများက ဖမ်းဆီးခဲ့သည်။
သူမက ခိုးမှုနှင့် မည်သို့မျှ မပတ်သက်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သော်လည်း ဓာတ်မှန်ရိုက် စစ်ဆေးမှု အပြီးတွင် အစာလမ်းကြောင်း အတွင်းမှ စိန်ပွင့်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ သူမကို ဝမ်းနုတ်ဆေးကျွေးသော်လည်း စိန်ပွင့်ကို ပြန်မရသည့်နောက် အူသိမ်အတွင်းကြည့်သည့် မှန်ပြောင်းငယ်ကို အသုံးပြုကာ ခွဲစိတ်မှု တစ်ခုပြုလုပ်ပြီး ခိုးရာပါ ပစ္စည်းကို ပြန်လည် ရယူခဲ့ရခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ခွဲစိတ်မှုသည် အသေးစားမျှသာဖြစ်ပြီး ကြာမြင့်ချိန် ၁၂ မိနစ်ဖြင့် အပြီးသတ်နိုင်ခဲ့ကြောင်း ဆိုသည်။ အမျိုးသမီးသည် လတ်တလောတွင် ဆေးရုံ၌ပင် ကုသမှု ဆက်လက် ခံယူနေရဆဲဟု သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။