အရက်ကျွန်

သန္တာမောင်မောင်


ကျွန်တော်ရေ ညဈာထမင်းစားပြီး သျှစ်နာရီလောက်မှာ အိမ်ပြင်ကိုထွက်လာပါရေ။ စာမူပို့ဖို့ကိစ္စနာင့်ပါ။ စစ်တွေမြို့ အဝီးသင်တက္ကသိုလ် စေတနာသင်တန်းငွီရတုအထိမ်းအမှတ် စာစောင်ထုတ်ဝီဖို့ဆိုလို့ ကဗျာဝတ္ထုစာမူသျှေတိပို့ဖို့လားခီစွာပါ။

ပို့ပြီးပြန်အလာမှာ ကြည်နူးစရာပင်။ စစ်တွေမြို့ လပသျှေရေ ထိန်ထိန်ပလို့။ လမ်းမတိကိုကြည့်လိုက်ကေ သနပ်ခါး နှိမ်းထားရေ မိမ္မသျှေတိလဲးလျောင်းနိန်ကတ်တေပိုင်။ လပြည့်ခါနီးဖြစ်လို့ ကောင်းကောင်းပရေဟိဖို့။ အေပိုင်လပသျှေကို စီတွိရကေ ကိုယ့်ကျွန်းရွာကိုစီ အခါခါသတိရမိရေ။ ကိုယ့်ကျွန်းရွာသျှေမှာက လျှပ်စစ်မီးမဟိလို့ လပပြင်သျှေအောက်မှာ ကစပ်ခ၊လမ်းလျှောက်ခ၊ တေးခြင်းဆိုခကတ်စွာ ပျော်ဖို့ကောင်းခပါရေ။ ဂုလေ့ စစ်တွေမြို့မှာ လပသျှတိပလို့။

လရောင်အောက်မှာ စိတ်ကြည်နူးစွာနန့် လမ်းလျှောက်လာလတ်စွာမှာ ရူပရွာအလယ်တန်းကျောင်းရှိ လမ်းမကြီးထက်မှာ ပက်လက်စင်းလို့ လဲနိန်ရေ လူငယ်တစ်ယောက်ကို တွိရရေ။ရန်ဖြစ်ကတ်လို့ သတ်ပစ်ခစွာလား၊ ကားယက်တိုက်ပစ်ခစွာလား။ ကြည်နူးစိတ်ကပင် အံ့ဩစိတ်
ကို ပြောင်းလားရေ။

အထူးလဲးလားကြည့်ခီခါ ကျွန်တော့်ညီနန့် သူငယ်ချင်းမျိုးဝင်းကို တွိရရေ။ အော်...မျိုးဝင်းကိုး။

မျိုးဝင်းရေ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ပါ။ တက္ကသိုလ်မှာကပင် သူငယ်ချင်းရို့နာင့်အပျော် အပါးသောက်စားမှုတိပြုခစွာ အရက်သမားဘ၀ကို စတင်ခရေ။ သူရေ ရိုးသားရေ၊ပျော်တတ်တေ။ စိတ်ကောင်းရေ၊ သူငယ်ချင်းတိကို ကူညီတတ်တေ။ အရက်ဝိုင်းဖွဲ့သောက်စားကတ်ကေလေ့ သူ့အိတ်ကထုတ်တေဂျေးဗျာယ်။

ဘွဲ့ရပြီးခါ ကုန်သွယ်လယ်ယာမှာ အလုပ်လုပ်တေ။ ကုန်သွယ်လယ်ယာမှာကသိကတ်တေ အတိုင်းဗျာယ်။ အရက်သောက်သူများရေ။ မျိုးဝင်းနန့် ကုန်သွယ်လယ်ယာ၊ကုန်သွယ်လယ်ယာနန့် မျိုးဝင်း၊ အရက်လမ်းခင်းလိုက်ကတ်စွာ အဂုအဖတ်ဆည်မရအောင်ဖြစ်လားရေ။

ဂုဆိုကေ မျိုးဝင်းရေ အရက်ကြောင့် ဦးနှောက်ကိုတောင် ထိခိုက်နီဗျာ။ အရူးတစ်ပိုင်းဖြစ်နီဗျာ။ ညဥ့်ဆိုကေ အိပ်လို့မရလတ်။ အရက်မသောက်ရကေ လက်တိခြီတိတုန်ရေ။ ခန္ဓာတိအား မဟိပိုင်တွိရေ။ "ဓာတ်ဆီဖြည့်မှ ကားလားရေပိုင်" ။ အရက်ရေ သူ့ခန္ဓာ၏အသွီးအသားအကြော အခြင်တိကို အားလုံးစိမ့်ဝင်ထိုးဖောက်လို့ ရောက်လားဗျာယ်။ အရက်ရေသူ့ကိုအပြီးအပိုင် စိုးမိုးထားလီဗျာယ်။

ညဥ့်အိပ်မရလို့ သူရမိရရာလျှောက်လားနီရေ။ ဂုလေလျှောက်လားန်ီရာက ဇာစိတ်ပေါက်လဲမသိ၊ လမ်းမကြီး သမံသလင်းထက်မှာ ပက်လက်လဲနီရေ။ ဆောင်းရာသီ အအီးဓာတ်နန့်သမံတလင်းယလောက်အီးဖို့စွာမှာ လဲးပင်လေ့လဲ နီရေပင်။

သူလဲးနီစွာရှိက Prince တည်းခိုရိပ်သာရှိမှာ ကြိမ်ကုလားထိုင်တိနန့် ထိုင်ပနာမျိုးခြားတိက ကြည့်နီရေ။ ရခိုင်ပြည်မှာ အထူးအဆန်းမြင်ကွင်းတစ်ခုလို့ ယင်းမျိုးခြားတိကကြည့်နီကတ်စွာဟိဖို့။ အမှန်က အေမြင်ကွင်းမျိုးရေ ရခိုင်ပြည်မှာ အထူးအဆန်းတော့မဟုတ်။

ကျွန်တော်က မျိုးဝင်းကိုတွဲထူးရင်း သူ့ဘ၀ကိုကောင်းအောင်ပြုပြင်ယူလားဖို့ ဆုံးမအကြံပီးရေ။ မင်းပိုင် မျိုးကြီးဆွီကြီး ဘွဲ့ရစာတတ်တစ်ယောက်အနီနန့် ကိုယ့်ဂုဏ်ကို ကိုယ်ထောက်ဖို့သင့်ကြောင်း ရခိုင်အမျိုးဂုဏ်ကို လေ့ထောက်ဖို့သင့်ကြောင်း၊ အယင်ခေါက် ရခိုင်သားတိဇာလောက်တိုးတက်ခလဲဆိုစွာ သမိုင်းမှာ အထင်အရှားဟိကြောင်း၊ အယင်ခေါက် ရခိုင်သားတိ ဂုပိုင်အရက်မသောက်ကြောင်း၊ အမျိုးကိုစောင့်လို့ သီလကိုစောင့်မှ ရခိုင်ခေါ်ကြောင်း၊ အရက်သောက်ဗျာယ်သီလမစောင့်ကေ ရခိုင်မဟုတ်ကြောင်း ၊ အမျိုးဂုဏ်မစောင့်ကေ ရခိုင်မဟုတ်ကြောင်း အရှည်ကြီးပြောပြရေ။ သူကလေ့ နားစိုက်လို့ ထောင်နီပါယင့်။

"မင်းကြည့်စမ်း၊ ဟိုမှာ Prince တည်းခိုရိပ်သာရှိက ထိုင်ကြည့်နီရေ မျိုးခြားတိ။ရခိုင်လူမျိုးကို မျိုးခြားတိ အထင်သေးလားစွာကို မင်းရို့ငါရို့ခံကတ်ဖို့လား။"

ယင်းပိုင်ပြောလိုက်တေခါ သူရေ ကျွန်တော် ညွှန်ပြရာကို လှမ်းကြည့်ရေ။ လှမ်းကြည့်ပြီးကေ လက်တိကို ကျစ်ကျစ်ပါအောင်ဆုပ်ယင်း"မင်ရို့လားဝေးမျိုးခြားတိ"လို့ အော်လိုက်တေ။

သူရေ အမှန်တကယ်မြင်လို့ အော်လိုက်စွာမဟုတ်။ ကျွန်တော်ပြောလို့နဂိုသွီးကြွလာလားမသိ။"ရခိုင်သွီး"ဓာတ်ခံတော့မပျက်သိပုံရရေ။ ဦးနှောက်ပျက် အရက်သမားတောင် အမျိုးသားရေးစိတ်ဓာတ်မပျက်သိပါလားလို့ တစ်ဖက်မှာ ဝမ်းသာမိကေလေ့ အရာမရောက်တေ အမျိုးသားရေးစိတ်ဓာတ်ရာလို့ ဝမ်းနည်းရပါရေ။ လက်တွိကြုံကြိုက်နီရစွာက ကြီကွဲစရာပါ။

ရခိုင်လူငယ်သျှေတစ်ယောက် ဆောင်းရာသီညဥ့်အချိန်မှာ လမ်းမကြီး သမံတလင်းထက်မှာ ပက်လက်လဲဗျာယ် စင်းနီစွာကို တွိရရေ ရခိုင်သားတိအနီနန့် ဇာလောက်ကြီကွဲစရာပါလဲး။

ယေလေ့လမ်းက ဖြတ်လားခရေ လူအများကတော့ လျစ်လျူရှုလားစွာများပါရေ။ ယင်းသူ့ထိုက်နန့် ယင်းသူ့ခံလီ၊ ယင်းသူကို အေပိုင်ဖြစ်အောင် ယင်းသူလုပ်စွာရာလို့ ပြောပနာလားခကတ်ပါယင့်။

ကျွန်တော်ကကော့ ကျွန်တော်ညီနန့် တက္ကသိုလ်တက်ဖက် သူငယ်ချင်း၊ သူ့အစ်ကိုနန့်လေး ကျွန်တော်က အမျိုးသားရေး အနုပညာနယ်ပယ်မှာ ခင်မင်သူတိဆိုတော့ အကြောင်းကြောင်းထောက်ပနာတွိတိုင်း အကြံပီးရေ၊ ဆုံးမရေ၊ လမ်းကောင်းညွှန်ပြခပါရေ။

ယေလေ့သူက "ပြောခါအုံးခံ ပြန်ခါနောက်ခိုင်း "လူစားမျိုး၊ " ခွီးပတုံးကျိုင်ထောက်စွပ်"လူစားမျိုး။ 'ကျွန်တော် အစ်ကိုကြီးကို ရှိခိုးပါရေ၊ အစ်ကိုကြီးစကားအတိုင်း အရက်ဖြတ်ဖို့ကြိုးစားပါမေ"လို့ အတန်တန် ကတိပီးခဖူးကေလေ့ ကတိမတည်ခ။

ဂုလေ့သွင့် လမ်းမကြီးထက်မှာ မြီမှာဝပ်ဗျာ ကျွန်တော့်ကို သူရှိခိုးနီပါဗျာယ်။ ကျွန်တော့်ရင်ထဲမှာ ဝေဒနာပြင်းထန်စွာနန့် အေပိုင်ပသိပီးလိုက်ပါရေ။

"အရက်သမားဘ၀က လွတ်မြောက်ပြီးကေ၊ ရခိုင်လူမျိုးအကျိုးကို ရောက်ရာအရပ်မှာကျရာတာဝန်နန့် ဖြစ်နိုင်သရွိ ထမ်းဆောင်နိုင်ပါစီ" လို့။

ပသိပီးပြီးခါ သူ့လက်မောင်းကို ကိုင်တွယ်ယင်း၊ ရူပရွာက သူ့အမျိုးအိမ်ကို ကျွန်တော်ခေါ်ယူလာခပါရေ။

လမ်းမှာလေ့ သူနားဝင်မှဝင်စီ အမျိုးမျိုးပြောပြပါယင့်။

"အေ ရူပရွာဆိုစွာ ကမ္ဘာကျော်အာဇာနည် ဆရာတော် ဦးဥတ္တမမွီးခရေရွာဝေး။ ဆရာတော် ဦးဥတ္တမပိုင် ထွန်းထွန်းပေါက်ပေါက် ရခိုင်သားတိ ကိုလိုနီခေတ်မှာ ပေါ်ပေါက်ခရေ။မျိုးခြားနယ်ချဲ့တိကို တစ်ယောက်လေ့ မော်မကြည့်ဝံ့ရေအချိန်မှာ ဆရာတော် ဦးဥတ္တမရေအင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို" အဝေး -ကရက်ဒေါက် ငါရို့ပြည်က မင်းထွက်လားလီ" လို့ စာရွီးနှင်ထုတ်ဝံ့ခရေ။ ဦးဥတ္တမရေ ရခိုင်သားသတ္တိကို ကမ္ဘာသိအောင်လုပ်ခရေ။ မင်းရို့အေနိရခိုင် လူငယ်တိဝါဇာပိုင်လဲ။ သင်္ကြန်ခါ အရက်မူးလို့ ယိုင်ပီယိုင်ပါးလားပနာ"ရခိုင်သားသတ္တိကို ကမ္ဘာကသိအောင်စွမ်းဆောင်ပြလိုက်မေ"လို့ သင်္ကြန်အမြောက်တေးခြင်းတိကို ဆိုနီကတ်တုန်းသိလား။ အသံရာမြည်ပြီး အဆန်မပါရေ သင်္ကြန်အမြောက်ပိုင်လေ"။

"ဂုလေ့ မင်းကပါ ရခိုင်သားသတ္တိကို ကမ္ဘာကသိအောင် လုပ်ခစွာလား။ ဆောင်းရာသီလမ်းမကြီးထက်မှာ အနွီးထည်မပါဘဲ ပက်လက်မလဲနီစွာကို အာဂန္တုမျိုးခြားတိ မြင်စီခစွာလေ"

"မင်းစဉ်းစားကြည့်ဝေ မျိုးဝင်း၊ မင်းသင်ခန်းစာယူရဖို့ဝေး။ မင်းကို ငါအေပိုင် အချိန်ကုန်ခံပြောပြနီစွာရေ မင်းရို့ရခိုင်လူငယ်သျှေတိ အရက်ကြောင့် ရီတိမ်မနစ်စီချင်လို့ပါ။ ရန်ကုန်မှာ ရခိုင် သားတစ်ယောက်က လူအများရှိမှာ'ငါရခိုင်သားဝေး'လို့ အော်ပြောပနာ အရက်တပုလင်းကိုဂေါင်းထက်က သွန်ချပြရေ၊ ရခိုင်သားသတ္တိကို ဇာလုပ်ဖို့လဲဝေ၊ ငါရေ ငါ့သူငယ်ချင်းတိ၊ ငါ့ညီအရွယ်မင်းရို့ပိုင် လူငယ်သျှေတိကို အရက်နှင့် ပတ်သက်လာကေ တွိတိုင်းပြောဖူးရေ၊ အရက်ကြောင့်ငါရို့ရခိုင်လူမျိုး နစ်နာခစွာ အဖုံဖုံကို စုံနိုင်သမျှ ပြောဖူးရေ၊ ပြောဖို့စွာက ငါ့တာဝန်၊ စဉ်းစားလိုက်နာကျင့်ကြံဖို့စွာက မင်းတာဝန်"

"ငါပြန်ဖို့ဗျာဝေး မျိုးဝင်း၊ ညဥ့်လေ့နက်လာယာ"

မျိုးဝင်း ကြားလီဖို့လား၊ မကြားလီလားမသိ၊ ကျွန်တော်ရေ လာလမ်းအတိုင်း ပြန်လတ်တေ၊ မျိုးဝင်းတော့ သူ့အမျိုးအိမ်ကို ဝင်လားခယင့်၊ ဇာပိုင်ကျလီကတ်ဖို့လဲးမဆိုနိုင်။

............................၀.....................

အိမ်ကိုရောက်တေခါ ငါအိပ်မရ။ ရခိုင်လူမျိုး၏ အနာဂါတ်ကို လက်ဆင့်ကမ်းဆောင်ယူလားဖို့ ရခိုင်လူငယ်တိ။ အရက်ခွက်မှာမျိုး၊ အရက်ပုလင်းမှာမြုပ်} ဖြစ်နိန်ကတ်စွာကို စဉ်းစားပနာရင်မှာမွမ်းလာရေ၊ အိပ်လို့မရ၊ ဂေါင်းတိနောက်ကျလာရေ။

ပြတင်းကိုဖွင့်ပစ်တေ။ မွန်းလို့ကျပ်လို့ဖြစ်နီစွာ လီယက်ရဖို့လားလို့၊ လရောင်ရေ ပြတင်းကို ဖြတ်ပနာ အိမ်ခန်းတွင်းကို ဝင်နီရေ။

လရောင်၏အရသာကိုခံစားဗျာယ် အိပ်ခန်းတွင်းမှာ တနားလမ်းလျှောက်နီရေ၊ လမ်းလျှောက်ရင်း ဖြစ်ရပ်တူ ကိုယ့်အဖိုးသျှင်ကိုအတွက် ပေါ်လာရေ။

.....................၀...................

ကျွန်တော် အဖိုးသျှင်မှန်းမသိခင်ကပင် အဖိုးသျှင်ကွယ်လွန်ခပါရေ။ မသီခင် အဖိုးသျှင်ကကျွန်တော့်ကို မှတ်မိခကေလေ့၊ ကျွန်တော်ကတော့ အဖိုးသျှင်ကို မမှတ်မိခပါ။ အဖိုးသျှင်ကိုမမှတ်မိကေလေ့၊ တဆင့်တဆင့်ကြားသိခရစွာတိက ရွီးကေဝတ္ထုတစ်ပုဒ်ရဖို့။

ဂုတော့ အကြောင်းစပ်လို့အတွက် ပေါ်လာစွာပါ။ အဖိုးသျှင်ကို လူအများက 'တက်တိုးဖ'လို့ခေါ်ကတ်တေ။ ကျွန်တော့်ဘကြီး ဦးတက်တိုး၏ဖခင် အနီနန့်ခေါ်စွာပါ။ နာမည်ရင်းကဦးကျော်ထွန်း။ အဖိုးသျှင်ရေ ပေါက်တောမြို့နယ် တောင်ရင်းကျွန်းမှာ ကျွန်းသူဋ္ဌီး။ လယ်ကျွဲးအမြောက်အမြားပိုင်ဆိုင်ရေ လယ်ပိုင်သျှင်ကြီး။ ဖွေသာအဟိတ်နန့် အဖိုးသျှင်ရေ နယ်တလွှားမှာထိန့်ထိန့်ကြိုးခရေ။

ယေလေ့ စီးပွားရေးကျဆင်းလာရေခါ အဖိုးသျှင်ရေ ယင်းအင်္ဂလိပ်ခေတ်က လူရတတ်တိထုံးစံအတိုင်း ဘိန်းယှူရေ၊ ဘိန်းစားရေ၊ ဘိန်းစားလို့ ယင်းခေတ်ကအောက်မကျ။ လူရတတ်တိမှ ဘိန်းစားနိုင်လို့ ဘိန်းစားဖြစ်ကေပင် ဂုဏ်ယူရဖို့ပိုင်။

အဖိုးသျှင် ဘိန်းဆီဝင်နီလို့ အဘောင်သျှင်ကို မသမာလူဆိုးတစ်စုက ဒါးနန့်ခွတ်ခရေ။အဘောင်သျှင်ရေ ယင်းဒဏ်ရာနန့်သီဆုံးခရရေ။

အဘောင်သျှင်အသုဘမှာ အဖိုးသျှင် ဇာပိုင်ပျင်နီလီမေမသိ။ အဘောင်သျှင်အသုဘနောက်ပိုင်းမှာ အဖိုးသျှင် ဘိန်းကိုဖြတ်လိုက်တေဆိုရေ။ ယင်းခါမှ ပျင်လို့ဇာရဖို့သိလဲ။ ခရီးကလွန်လားယါ။

ညဥ့်သိုင်ခေါင်ကိုရောက်လတ်ဗျာ။ ကောင်းကောင်းညဥ့်အိပ်ပျက်ကေ မဖြစ်ဆိုပြီး အားဓမ္မအိပ်ပစ်လိုက်တေ။

...................၀................

တစ်ပတ်လောက်အကြာမှာ မျိုးဝင်းသီရေလို့ ကြားရရေ။ မျိုးဝင်းရေ ကျွန်တော်နန့်တွိရေနိက ကြီးစွာနောင်တရရေ အသိဝင်လားပြီးကေ အရက်ဖြတ်တေလတ်။ ဗြုန်းကနဲးတိကနဲးအရက်ဖြတ်ပစ်တေခါ သူရေ အကောင်းလုပ်စွာ ဒဏ်ကိုမခံနိုင်ခ။ သနားစရာ သီဆုံးလားခရရေ။ဆီးဒဏ်မခံနိုင်လို့ သီလားရရေ ရောဂါသည်ပိုင်။

အဖိုးသျှင်ရို့ခေတ်က ဘိန်းဖြတ်လို့ သီခကတ်ရရေ။ အဂုမျိုးဝင်းရို့ခေတ်မှာ အရက်ဖြတ်လို့ သီရစွာကို မျိုးဝင်းကိုယ်တိုင် တွိကြုံလီခဗျာယ်လေ။

အဖိုးသျှင်က ဘိန်းစားကေလေ့ အသက်ရှည်ခံရေ။ အဂုမျိုးဝင်းကတော့ အရက်ကြောင့်အသက်တိုရရေ။ လူ့သက်တမ်း တစ်ဝက်မကျခင် လူ့ဘ၀ကို စွန့်ခွါလားခရေ။

ဒါးနာင့်ခွတ်၊ သနတ်နာင့်ပစ်လို့က ပုဂ္ဂိုလ်ချင်းရာသီရေ။ အရက်က ပုဂ္ဂိုလ်တဘ၀ချင်းတောင်မက မိသားစု အစုပတ်ဝန်းကျင်၊ ရပ်ရွာ၊ တိုင်းပြည်၊ လူမျိုးဒေါက်လျှောက်နစ်နာလားကက်ရရေ။

အရက်မသောက်ကေ မနီနိုင်ရေအဆင့်ထိရောက်လားကေ၊ အရက်၏အခိုင်းအစီဖြစ်လားရေ။ အရက်ကျွန်ဖြစ်လားရေ။ အရက်သောက်ရဖို့ဆိုကေ ဇာမဆိုလုပ်ဖို့။ အရက်ရေသူ၏သခင်ဖြစ်လာရေ။ မယားထက် အရက်ကိုချစ်တေ။ မိဖထက်အရက်ကိုချစ်တေ။သားသမီးထက်အရက်ကိုချစ်တေ။ အရက်နန့်မတွိကေ မနီတတ်မတိုင်တတ်။ မိဖနီမကောင်းစွာကို ဂရုမစိုက်၊အရက်ဆိုင်ကိုလားရေ။ မယားမှာသွီးသွင်းရဖို့စွာကို အရက်သောက်နီလို အချိန်မမှီလိုက်။ အရက်မူးပြီးကေ ကိုယ့်အသျှေကို ဆီးတိုက်စွာမှာ ဆီးလုံးမြက်လို့ အသျှေသီလာရေ။ အရက်ရေအနိဋ္ဌာရုံအဖုံဖုံကို ဖန်တီးရေ။

ကိုယ့်ဘ၀ထက်ပင် အရက်ကို တွယ်တာကတ်တေ။ ကိုယ်ဝတ်ထားရေ အနွီးထည်ကိုပေါင်ပနာ၊ ရောင်းပနာ အရက်သောက်တတ်တေ။ ဆောင်းခါ အနွီးထည်ကိုရောင်းလို့ ကင်စီပရာသျှေနာင့် အရက်သောက်နီရေ ရခိုင်သားတိကို ရခိုင်ပြည်မှာ အများအပြားတွိရလိမေ။

ဇာလောက်ထိ အရက်ကျွန်ဖြစ်ကတ်လဲးဆိုကေ၊ အရက်ကြောင့် ရှိကယလောက် သီလားခကတ်ဗျာ။ ကိုယ်လေ့သီခါနီးဗျာ။ အဆုတ်ဆန်ခါပေါက်ဖြစ်နိန်ဗျာယ်။ စစ်တွေစကားနန့်ဆိုကေမီးစက်ခွဆုံ ရောက်နီဗျာယ်။ ရခိုင်ပြည်စကားနင့်ပြောဖို့ဆိုကေ အမ်းကိုရောက်နီဗျာယ်။ အမ်း ကိုရောက်နီဗျာယ်ဆိုစွာက မြေပုံမြို့ကို မရောက်ခင် အမ်းမြို့ကိုရောက်နီဗျာယ်လို့ ခိုင်းနှိုင်းပြောစွာပါ။ ပုလင်းရောင်တောက်ပြီး မျက်နှာတိအမ်းနီရေ အရက်သမားတိကို "မင်း အမ်းကိုရောက်နီယာ၊ သတိထား၊ အရာမြေပုံကို ရောက်မေဂါး"လို့ သတိပီးကတ်တေ။မြေပုံဆိုစွာ သချိုင်းကိုဆိုလိုရေ သဘောနာင့် ပြောစွာပါ။ စစ်တွေမြို့မှာတော့ အရက်သမားတိကို "အဝေးမီးစက်ခွဆုံထက် မလွန်စီကေ့နန်း"လို့ သတိပီးကတ်တေ။ မျိုးဝင်းကတော့ မီးစက်ခွဆုံမကရောက်လားခပါဗျာယ်။

.................၀................

မျိုးဝင်းအလောင်းကို ရင်ခွဲရုံဇရပ်မှာ ချထားရေ။ အသုဘကတော့ စည်ပါယာင့်။ မျိုးကြီးဆွေကြီး၊ သူ့ဆွေမျိုးတိက အများအပြား။ ကျွန်တော့်ညီအပါအဝင် တက္ကသိုလ်တက်ဖက် ကျောင်းသူငယ်ချင်းတိ၊ ကုန်သွယ်လယ်ယာဌာနမှ ဝန်ထမ်းတိ၊ အရက်သမား မိတ်ဆွေအသိအကျွမ်းတိအများကြီးကြည့်ဖို့ ရောက်လာကတ်ပါရေ။

ကျွန်တော်လေ့ ကြားရေချိန်းချင်းရင်ခွဲးရုံကို စက်သီးအပြင်းနင်းဗျာလားခရေ။ ရင်ခွဲရုံကိုအပြင်းဝင်ကြည့်ရေ။ ဟုတ်တေ။ မျိုးဝင်းရေ မျက်နှာ ဖြူဖပ်ဖြူရော်နာင့် အိပ်နီရေပိုင်။

ကျွန်တော်မြင်လိုက်စွာက မျိုးဝင်းရေ ကျွန်တော်နာင့် နောက်ဆုံးတွိလိုက်တေနိညဥ့်ကကျွန်တော့်စကားတိကြောင့် အပြင်းအထန် နောင်တရလားပြီးကေဘ၀ကို ပြန်တည်ဆောက်ဖို့ကြိုးစားပျင်ဆင်လားဖို့ ဆုံးဖြတ်ခရေ မျက်နှာမျိုး။ ရွက်အသစ်လှယ်ဗျာယ် ဘ၀လှီကိုနှင်ဖို့ ကြိုးစားမေလို့ ရွက်တိုင်ကိုထူခါမှ ရွက်တိုင်ကျိုးလို့ ညိုးနွမ်းလားရေလောင်းသမား မျက်နှာမျိုးပါ။

ကျွန်တော်ကတော့ ပိုးစားနိန်ရေ ပန်းတပွင့်ကို ပိုးသတ်ဆီးဖြန်းလိုက်တေခါ ယင်းပန်းပွင့်ကြွီလို့ရာကျလားလို့ စိတ်မကောင်းဖြစ်နိန်ရေ ဥယိုင်မှူးတယောက်ပိုင်။

မျိုးဝင်းအလောင်းကို တအောင့်တမော ကျွန်တော်ငေးကြည့်နီယင်း၊ ကျွန်တော့်ရင်တွင်းမှာ လီးလံလာရေပိုင် တွိလာပါရေ။ ငါနာင့်တွိလို့ မျိုးဝင်းသီလားရစွာလား။ ငါဆုံးမခလို့ မျိုးဝင်းနောင်တရပနာ အရက်ဖြတ်စွာကြောင်း သီလားရစွာလား။ မျိုးဝင်းသီရစွာ ငါတရားခံလား။ ငါမဟုတ်ကေ အသူတရားခံလဲ။

မျိုးဝင်းအလောင်းဘေးမှာ ကျွန်တော် မျက်ရည်ကျခရပါရေ။

.................၀................
သန္တာမောင်မောင်

ဝန်ခံချက်။  ။ ၁၉၉၇ ခုနှစ်တွင် ရခိုင်သားကြီးစာပီမှ ထုတ်ဝီရေ "ရခိုင့်ညွှန့်ဖူး အမှတ် (၄)" မှ ကူးယူဖော်ပြပါရေ။ 

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။