သမ္မတဦးသိန်းစိန် ဓာတ်ပုံကိစ္စ ဒါရိုက်တာမိုက်တီးကို ခေါ်ယူမေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ ပြန်ကြားရေးဝန်ကြီးဌာန အကြောင်းကြား

လူမှုကွန်ရက်စာမျက်နှာ တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြု ပြင်၍ တင်ထားသည့် မိုက်တီးအ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် သည် ဒါရိုက်တာမိုက်တီး သုံးစွဲ သည့် အကောင့်အစစ် ဟုတ်၊ မဟုတ် ကာယကံရှင်အား ခေါ်ယူ မေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထား ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်။

‘‘အကောင့်စစ် ဟုတ်၊ မဟုတ် ကာယကံရှင်ကိုခေါ်ပြီး မေးမြန်းပြီးတော့ အကြောင်းပြန်ကြားပေးဖို့ ရုပ်ရှင်အစည်းအရုံးကို စာထုတ်လိုက်တာပါ။ အဲဒီအကောင့်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအရ ဖေ့စ်ဘွတ်ခ်ကို Report လုပ်ထားပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
လူဦးရေ ၄၀၀ ကျော် Like လုပ်ထားသော မိုက်တီးအမည် ဖြင့် ဖန်ပေ့ခ်ျသည် ‘‘ဂျီဟတ်ဂျွန်၏ညီ ဂျီဟတ်ပြောင်အား သစ္စာဖောက်မှုဖြင့် ISIS ကွပ်မျက်’’ဟုရေးသားကာ ကွပ်မျက်ခံရသူ မျက်နှာတွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏မျက်နှာကို ပြုပြင်ဖန် တီးကာ တင်ထားခြင်းဖြစ်သည်။
ယင်းအကောင့်နှင့် ပတ် သက်၍ ဒါရိုက်တာမိုက်တီးက အဆိုပါဖန်ပေ့ခ်ျသည် အကောင့်အတုဖြစ်ကြောင်း၊ ယင်းအကြောင်းအရာကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအနေဖြင့် မျှဝေပေးစေလိုကြောင်း ၎င်းကိုယ်တိုင်အသုံးပြုသည့် ‘မိုက်တီး’ ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် စက်တင်ဘာ ၁၁ ရက်တွင် ရေးသား၍ အကူအညီ တောင်းထားသည်။
‘‘FB မှ ကျွန်တော့်ရဲ့မိတ်ဆွေများအားလုံးကို မဖြစ်မနေ အကူအညီတစ်ခု တောင်းပါရစေ ခင်ဗျာ။ အခု ကျွန်တော့်ရဲ့ ဒီ Post လေးကို တတ်နိုင်သမျှ Share ပေးကြပါ။ ဒါမှမဟုတ်လည်း ကိုယ်တိုင်ရေးသားပြီး ဖြန့်ဝေ ပေးကြစေချင်ပါတယ်ဗျာ။ အ ကြောင်းကတော့ ကျွန်တော့်ရဲ့ နာမည်နဲ့ အကောင့်တုများလုပ် ပြီး ယုတ်မာရိုင်းစိုင်းသော စာများ ကို ကျွန်တော်ရေးသည့်အနေနှင့် တင်ကာ အောက်တန်းကျစွာ မိုက်ရိုင်းစော်ကားပြီး သိက္ခာကျ အောင် ပြုလုပ်နေကြခြင်းကြောင့် ပါပဲ။ ပို၍ဆိုးသည်မှာ မိမိကိုတင် မက အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမနဲ့ ဆွေမျိုးသားချင်းများ ပါ မကျန်ရအောင် လူမဆန်စွာ တိုက်ခိုက်ချိုးဖဲ့ရုံမက ယခုနောက်ဆုံး နိုင်ငံတော်အကြီးအကဲများ ကိုပင် စော်ကားမိုက်ရိုင်းသူဖြစ် အောင် လုပ်ကြံတိုက်ခိုက်နေကြပါသောကြောင့် အွန်းလိုင်းအသုံးပြုကြတဲ့ ပြည်သူများ သတိထား ဆင်ခြင်နိုင်စရာ အသိပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ’’ဟု ရေးသားထားခဲ့သည်။
အဆိုပါပို့စ်ကို သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးကိုယ်တိုင် သုံးစွဲသည့် Hmuu Zaw အကောင့်ကလည်း ပြန်လည်မျှဝေထားပြီး ဆိုရှယ်မီဒီယာကို တလွဲသုံးသည့် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဟု ရေးသားထားသည်။
‘‘အခုဟာက မကောင်းဘူးပေါ့ဗျာ။ ကျွန်တော့်နာမည်ကို လည်း ဖျက်သေးတယ်။ မီဒီယာ နဲ့ မစိမ်းတဲ့လူကြီးများက သိပါတယ်။ သိရဲ့သားနဲ့ တမင်တကာ သဘောမျိုးလား၊ မသိဘဲနဲ့ ရှဲတာ ဆိုရင်လည်း သိပ်တော့မဖြစ်နိုင် ဘူး။ တအားနစ်နာတယ်’’ဟု ယင်းကိစ္စအပေါ် ဒါရိုက်တာမိုက်တီး က ပြောသည်။
သမ္မတဦးသိန်းစိန်၏ ဖိုတို ရှော့အပါအ၀င် အခြားသူများကို တိုက်ခိုက်သည့်ပုံစံဖြင့် တင်နေ သော မိုက်တီးအကောင့်ကို ယခု အချိန်တွင် Report လုပ်ထားပြီး ဖေ့စ်ဘွတ်ခ်သို့လည်း အကြောင်းကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးကပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။