စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကွန်ပျူတာ ကက္ကသိုလ်မှ ကျောင်းအုပ်ဆရာမကြီး၏ စည်းကမ်း တင်းကြပ်လွန်းမှုနှင့် ဆရာ ဆရာမများ အပေါ် မတော်မတရားပြုလုပ်မှုအပေါ်မကျေနပ်၍ ကထိက အပါအ၀င် ဆရာဆရာမ ၃၀ ဦးက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို စက်တင်ဘာ ၁၅ ရက်နေ့က လိပ်မူတပ် စာရေးတိုင်ကြားလိုက်သည်ဟု သတင်းရရှိသည်။
ယင်းတိုင်ကြားစာအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စု အဆင့်ထိ မိတ္တူ ပေးပို့ခဲ့သည်ဟု သိရသည်။
တိုင်ကြားစာထဲတွင် နိုင်ငံပိုင်ပစ္စည်းများကို ရောင်းချပြီး မမှန် မကန်ပေးသွင်းမှုနှင့် ၀န်ထမ်းများအား မမှန်မကန် လစာငွေ ဖြတ်တောက်မှုများကို အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်သည်ဟု သိရသည်။
ယခု တိုင်ကြားမှုသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမအကြိမ်တိုင်ကြားစဉ်က နည်းပညာတက္ကသိုလ်ကျောင်းအုပ် ဦးဆောင်သော သုံးဦးပါ အဖွဲ့က လာရောက် စစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခဲ့ခြင်း မရှိဟု တိုင်ကြားရာတွင် ပါဝင်သူ ကထိက တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုတစ်ကြိမ်တွင် အရေးမယူပါက ဆရာဆရာမ အများအပြား နှုတ်ထွက်မည်ဟု ဆိုသည်။
(ဓာတ်ပုံ- နိရဉ္စရာ)
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။