ဆိုက်ဘာရာဇ၀တ်မှုတွေ ပြင်းထန်စွာအရေးယူဖို့ တရုတ်သမ္မတတိုက်တွန်း

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး Susan Rice တရုတ်သမ္မတ ရှိကျင်းပင် နဲ့ တွေ့ဆုံစဉ် (သြဂုတ် ၂၈၊ ၂၀၁၅)

တရုတ်အစိုးရဟာ ဆိုက်ဘာအင်တာနက်လုံခြုံရေးကို အလေးအနက်ထားပြီး၊ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူတဲ့ ဟက်ကာတွေအပါအ၀င် အင်တာနက်ကနေ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေတွေ၊ နိုင်ငံတကာသဘောတူညီချက်တွေအရ အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ အင်္ဂါနေ့မှာ စတင်လာရောက်ဖို့ရှိတဲ့ တရုတ်သမ္မတ ရှီကျင်ပင်းက ပြောလိုက်ပါတယ်။ Wall Street Journal ရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး တုံ့ပြန်ထားတာမှာတော့ တရုတ်အစိုးရကိုယ်တိုင် အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတာကို ခံရပြီး၊ စီးပွားရေးအချက်အလက်တွေ ခိုးယူတဲ့ကိစ္စမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ တရုတ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာလျှို့ဝှက်ချက်တွေကို ဘယ်ပုံစံနဲ့ ခိုးယူခဲ့ခြင်းမရှိသလို၊ တရုတ်ကုမ္ပဏီတွေကိုလည်း အဲဒီလိုလုပ်ဖို့ အားပေးတာတွေ၊ ထောက်ခံတာတွေမလုပ်ခဲ့ဘူးလို့ တရုတ်သမ္မတက ရေးသားထားပါတယ်။

တရုတ်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ အင်တာနက်သူလျှိုလုပ်မှုမတွေက အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ အဓိက အတားအဆီးဖြစ်နေတယ်ကြောင်း၊ အဲဒီလို သူလျှိုလုပ်နေတာတွေကို ရပ်တန့်ဖို့လိုတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Susan Rice က တရုတ်အစိုးရကို တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

အင်တာနက်ကနေ ပြစ်မှုကျူးလွန်နေတဲ့ ပြဿနာကို အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့အဆင်သင့်ပဲလို့ သူက Wall Street Journal ကို ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားခဲ့ပါတယ်။

http://burmese.voanews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။