ဖြူသစ်လွင် - ဆက်သွယ်မေးမြန်းသည်
တချို့ကျောင်းတွေမှာ သရဲတွေဝင်ပူးတာမျိုးကို တော် ရုံနဲ့ မဖြေပေးတတ်ကြပါဘူး။ ဆရာမကြီးက အဲဒီ လိုမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းဖော်ပြတာတွေ့ရတယ်။ ဘယ်လိုကြောင့် ပြောဖြစ်တာပါလဲ။
စာရေးလိုက်တယ်ဆိုတာ အခြားမဟုတ်ပါဘူး။ မော်လမြိုင်ကကျောင်းတစ်ကျောင်းမှာလည်း ကျောင်း သူလေးတွေဝင်ပူးတာကို ဆရာမတွေကဗွီဒီယိုရိုက် ပြီး တင်ထားတယ်။ နောက်မကြာသေးခင်က ရန်ကုန် အထက(၃)လှိုင်မှာလည်း ကလေးတွေ ၁၂ယောက်လောက် ပူးတယ်လို့တင်တာတွေ့ရတယ်။ မရှိဘူးလို့တော့ ၁ဝဝရာ ခိုင်နှုန်းတော့ပြောလို့မရဘူးလေ။ ရှိလို့လည်း ဒီလိုတွေဖြစ် တာပါ။ အဲဒီလိုဖြစ်လာရင် တချို့ကလည်း ကိုယ်ထင်တာ ကိုယ်လုပ်တာပေါ့။ စားစရာကျွေးတာတို့၊ ဘာတို့တွေလုပ် တာပေါ့။ ဒီတော့ ဆရာမကြီးတို့ကျောင်းမှာ အဲဒီလိုဖြစ် ခဲ့တာလေးကိုပြန်ပြောပြပြီး နောက်ကြုံခဲ့ရင်ပေါ့။ သူတို့ အတွက်ကောင်းမှုကုသိုလ်လုပ်ပေးဖို့ ပြန်လည်မျှဝေတဲ့ သဘောပါ။ သူတို့က ကျောင်းမှာရှိတော့ရှိမှာပေါ့၊ ဘုရား ဟောမှာလည်းရှိခဲ့တာ။ အဓိကကတော့ တကယ်ကြောက် စရာမဟုတ်ဘူးပေါ့။ တကယ်လို့ သူတို့အကူအညီတောင်း ချင်လို့ လူတွေနားကိုသိအောင်လုပ်တာ။
အခြားကျောင်းတွေက ဆရာ၊ ဆရာမတွေကို ကလေးတွေ ဒီလိုဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်ပေးဖို့အကြံပြုပြောကြား လိုပါသလဲ။
အဓိကကတော့ ဆရာတော်တွေရဲ့ သြဝါဒခံယူပေါ့ နော်။ ဆရာမကြီးတို့လည်း ဒီလိုဖြစ်တယ်ဆိုရင် ဒါဆရာ တော်တွေဆီသွားရတာပဲလေ။ ဖြစ်လည်းဖြစ်နိုင်တယ်ပေါ့။ ဆရာမကြီးတို့အဲဒီတုန်းကဖြစ်တာကတော့ အခြားမဟုတ် ပါဘူး။ အဓိက သင်္ချိုင်းတွေ၊ ဘာတွေရွှေ့တယ်ဆိုတော့ သူတို့နေစရာမရှိလို့ဖြစ်တာပါ။ ဆရာမကြီးတို့လည်း ဒီလို မျိုးဖြစ်မှသာယုံတာ။ မျက်မြင်ကိုယ်တွေ့မို့လို့လေ။ တကယ် လို့အဲဒီလိုကြုံခဲ့ရင်တော့ အစာတွေကျွေး၊ ဘာကျွေး မောင်း ထုတ်တစ်ခုခုလုပ်တာထက် နတ်ကတော်တွေ၊ ဘာတွေနဲ့ လုပ်တာမျိုးထက် ဘုန်းကြီးတွေဆီကိုသွားပြီးတော့ ဘုန်း ကြီးတွေရဲ့သြဝါဒကိုခံယူပြီးတော့ ပရလောကသားတွေ အတွက်ကောင်းမှုကုသိုလ်လုပ်ပေးတာအကောင်းဆုံးပါ။
ဒီနောက်ပိုင်းကျောင်းတွေမှာ သရဲတွေဝင်ပူးတာ မကြာခဏ ဆိုသလိုဖြစ်နေတယ်။ အဲဒီအပေါ်ဘယ်လိုမှတ်ချက်ပြုလို ပါသလဲ။
မနက်ဘက်ဆိုရင်ပေါ့။ ဘုရားရှိခိုးတာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်တွေရွတ်တာ။ အဲဒါက ကျောင်းတိုင်းလုပ်သင့် တယ်။ ဆရာမကြီးတို့ကျောင်းတွေလည်း အဲဒီတုန်းက လုပ်ပါတယ်။ လုပ်ရင်းနဲ့ဖြစ်တာလေ။ နောက်ပြီးတော့ ဒီလိုလုပ်တဲ့အခါမှာ ကိုယ့်ဘုရားမှာဆွမ်းတော်ကပ်တယ် ပေါ့။ အတန်းလိုက်ကပ်တာတို့၊ ဘာတို့ရှိတယ်လေ။ အဲဒီ လိုလုပ်တယ်ဆိုရင် ကိုယ်ကပ်တဲ့ကောင်းမှုကုသိုလ်ကို သူ တို့အတွက်၊ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့၊ မကျွတ်မလွတ် တဲ့သူတွေများရှိရင် ဒါကို သာဓုခေါ်ပေးဖို့ကိုမမေ့ဘဲနဲ့ သူတို့အတွက်ပါလုပ်ပေးပေါ့။ အဲဒီလိုလေးဆိုရင်တော့ လည်း အေးမယ်ထင်ပါတယ်။
ဒီလိုဝင်ပူးတဲ့အခါမှာ ဆရာ၊ ဆရာမ၊ ကျောင်းသားတွေ ထက် ကျောင်းသူတွေကိုပဲဝင်ပူးတာများတယ်။ အဲဒီအပေါ် ဆရာမကြီးအမြင်ကိုပြောပြပါ။
ဆရာမကြီးတွေ့ဖူးတာလည်း ကျောင်းသားကို၊ ယော က်ျားလေးကိုဝင်ပူးတာလို့တစ်ခါမှမတွေ့ဖူးဘူး။ ကြည့် ရတာ ယောက်ျားကိုဝင်လို့မရဘူးထင်တယ်။ ဘာလဲဆို တော့ ယောက်ျားလေးရဲ့ဘုန်းလည်းပါမယ်။ နောက်ပြီး တော့ စိတ်ပေါ့။ စိတ်ကလည်း ယောက်ျားလေးကမာတယ် လေ။ မိန်းကလေးကိုပဲဝင်တယ်ဆိုတာ မိန်းကလေးတွေက စိတ်ပျော့တယ်၊ နူးညံ့တယ်။ ဆိုလိုတာက သူတို့ကပ်ပြီး တော့ သူတို့ ပြောချင်တာပြောမယ်၊ ဆိုချင်တာ ဆိုမယ် ဆိုရင် ကပ်ပြီဆိုကတည်းကိုက ယောက်ျားလေးဆိုရင် ဘယ် လိုမှ သူတို့မယှဉ်နိုင်လောက်ဘူးလေ။ ဏသတနမ ပေါ့။ စိတ် ရဲ့ ဏသတနမ ပေါ့။ ဒီတော့ မိန်းကလေးတွေကို အမေါနအ တစ်ခု လိုဖြစ်သွားတယ်လို့ထင်ပါတယ်။
ဒါပေမဲ့ အဲဒီလိုမျိုးပူးလို့၊ ကပ်လို့ဒုက္ခရောက်သွား တယ်တို့၊ အသက်ပါသွားတယ်လို့တော့ တစ်ခါမှမကြား ဖူးပါဘူး။
နောက်ကိုကျောင်းတွေမှာအဲလိုမျိုးတွေမရှိအောင် ဘယ် လိုလုပ်ဆောင်သင့်တယ်ဆိုတာအကြံပြုပြောကြားပေးပါ။
မေ့မေ့ပျောက်ပျောက်မနေဘဲနဲ့ ကိုယ်ကသူတို့အ တွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်။ ဘုရားရှိခိုးတာ မျိုးမှန်မှန်လေးလုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အခုဟာကလည်း နောက်ပိုင်း သူတို့နေတဲ့အဆောင်ကို ဖျက်လိုက်တာတို့၊ ဘာတို့အဲလိုကြားတာလေ။ အခုရန်ကုန် ကကျောင်းဆိုရင် အဲဒီလိုဖြစ်မှာပါ။ သာမန်ကျောင်းတော့ ဝင်ခဲပါတယ်။
သရဲဝင်ပူးတယ်ဆိုတာမျိုး ထပ်ဖြစ်လာရင် သူတို့အ တွက် ကောင်းမှုကုသိုလ်လေးလုပ်ရင်၊ သူတို့ကိုသာဓုခေါ် ပါဆို သူတို့မမေ့ဘူးပေါ့။ ကျွန်မတို့တုန်းကလည်း အဲဒီနည်း နဲ့ဖြေရှင်းပေးခဲ့တယ်။
ယခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
_____ YangonTimesJournal

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။