ရခိုင်အသင်း ရေဘေးရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများကို ကူညီရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ မြန်မာမိသားစုများနှင့် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (WAO) တို့ ပူးပေါင်းကာ စက်တင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဈေးရောင်းပွဲတော်တွင် မိမိတို့၏ စားသောက်ဖွယ်၊ လုပ်အားတို့ဖြင့် ကုသိုလ်ပြုရင်း ဆိုင်ဖွင့်လိုသူများ ဆက်သွယ်စာရင်းပေးရန်လည်း တိုက်တွန်းနှိုးဆော်လျက် ရှိသည်။
ရခိုင်ဒေသ ရေဘေးသင့်ပြည်သူများကို ကူညီရန် သွားရောက်သော နာမည်ကျော်အနုပညာရှင်များ ပါဝင်သည့် အလိုတော်ပြည့် ပရဟိတအဖွဲ့ကို စစ်တွေလေဆိပ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ရခိုင်ဒေသ ရေဘေးသင့်ပြည်သူများကို ကူညီရန် သွားရောက်သော နာမည်ကျော်အနုပညာရှင်များ ပါဝင်သည့် အလိုတော်ပြည့် ပရဟိတအဖွဲ့ကို စစ်တွေလေဆိပ်တွင် တွေ့ရပုံ ဖြစ်ပါသည်။နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (World Arakanese Organization) သည် မြန်မာနိုင်ငံတွင် ရေဘေးကျရောက်ခဲ့သော အရပ်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဈေးရောင်းပွဲတော်မှ ရရှိသော ရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်သည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းကိစ္စများအား ကိုယ်တိုင်ကိုယ်ကျ စီမံဆောင်ရွက်ပေးနေသော အလိုတော်ပြည့်ဆရာတော်ကြီးထံ အလှူငွေများ ပေးပို့ကာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်အောင် စီစဉ်မည် ဖြစ်၏။
မြန်မာနိုင်ငံတွင် ဇူလိုင်လအလယ်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီး ရေလျှံခြင်းများ ဖြစ်ပွားခဲ့သည်။ ရေလွှမ်းမိုးမှု အဆိုးဝါးဆုံး ခံစားလိုက်ရသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရက အရေးပေါ် သဘာဝဘေးဒဏ်အခြေအနေ ကြေညာခဲ့ရသည်။
ရေလွှမ်းမိုးခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ ရွှံ့မြေများ စီးဆင်းဖုံးအုပ်ခြင်းတို့ကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူဦးရေ ၁.၇ သန်း ဝန်းကျင် ဘေးဒုက္ခခံစားရကြောင်း ကုလသမဂ္ဂမှ ခန့်မှန်း တွက်ချက်ထားပါသည်။
ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လိုအပ်နေသော အရေးပေါ် ရန်ပုံငွေ ပေးပို့ ထောာက်ပံ့ ကူညီနိုင်ရန် ပြည်ပရောက် မြန်မာနွယ်ဖွားများလည်း အားတက်သရော လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။
နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (WAO) နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု ဈေးရောင်းပွဲတော်တွင် ကူညီ ရောင်းချကာ တစ်တပ်တစ်အား ကူညီလိုသူ စေတနာရှင်များသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
ရေဘေးရန်ပုံငွေ ဈေးရောင်းပွဲတော် လက်ကမ်းကြော်ငြာ ရယူရန် ကလစ်ခ် လုပ်ပါ။ 
ပွဲတော်နေ့ရက်
စက်တင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့
ပွဲတော်အချိန်
နံနက် ၁၀ မှ ညနေ ၃ နာရီ
ပွဲတော်နေရာ
Newark Pavilion
6430 Thornton Ave, Newark, California 94560
ဆက်သွယ်ရန်-
ဦးစိန်ထွန်း (650)387-6894ဦးနီမောင်= (650) 291-2069မနွေဦး (510) 213-1452
ဦးအောင်သန်းမိုး (808) 888-9885Steve (408) 42-6258Myo Lwin (510) 857-7852
Jason (510) 402-7779Cho Oo (510) 552-7973ဒေါ်ယုခင်မြင့် နှင့် အဖွဲ့ (925) 200- 3531;
(925) 918-1854;
(415) 218-5506


http://kabarthit.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။