ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၁)ရပ်ကွက် ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးတွင် စိတ်ကြွဆေးပြား တစ်သန်းကိုးသိန်းကျော်နှင့် ဖန်ဒီဒိုင်းပုလင်းငါးရာကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။
စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ်အရှေ့မြို့နယ်၊ (၁၁၀)ရပ်ကွက် ဂန္ဓမာလမ်းရှိ Kaladan Delta Deve-lopment ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦးမင်းဦးခိုင်၏ နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ စိတ်ကြွဆေးပြား ၁,၉၂၃,၀၀၀ ဖမ်းမိတယ်။ ဖန်စီဒိုင်းပုလင်းကတော့ ၅၇၅ ပုလင်းမိတယ်။
ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ထားတဲ့နောက် အိမ်တွေကိုလည်း ဆက်လက်ရှာဖွေစစ်ဆေးဖို့စီစဉ်နေပါတယ်’’ဟု ၎င်းကပြောသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းတွင် ယာဉ်တစ်စီးပေါ်မှ စိတ် ကြွဆေးပြား ၂၆ သန်းကျော်ကိုပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီးနောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ၁ ဒသမ ၅ သန်းနှင့် သာကေတမြို့နယ်တွင် ငါးသိန်းကိုးသောင်းကိုးထောင်ဖမ်းဆီးရမိခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့)တွင် စိတ်ကြွဆေးပြားများ ၁ ဒသမ ၉ သန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စက်တင်ဘာ ၂၁ရက် ည ၇နာရီခန့်တွင် ပစ်ကပ်အပြာရောင်ကားဖြင့် ဒဂုံမြို့သစ်(အရှေ့) ရဲစခန်းသို့ သယ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသတင်းကို မိမိအနေဖြင့် ဖြေကြားခွင့်မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းနိုင်ကြောင်း အဆိုပါရဲစခန်းမှ စခန်းမှူးက ပြောသည်။
‘‘အခုချိန်အထိတော့ ကျွန်တော် တို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို မူးယစ်ဆေးဝါးမိတဲ့သတင်းက တက်မလာသေးဘူး။ သူတို့တွေလည်း အမှုပုဒ်မတွေ မဖွင့်ရသေးလို့ သတင်းမတက်သေးဘူးထင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှအကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။
ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ယင်းစိတ်ကြွဆေးပြားများနှင့် ပတ်သက်ဆက်နွှယ်နေသည့် Kaladan Delta Development ကုမ္ပဏီမှ အမျိုးသားကိုးဦးနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်အမျိုးသားနှစ်ဦးတို့ကို တရားခံပြေးအဖြစ် ထုတ်ပြန် ကြေညာခဲ့စဉ် ကုမ္ပဏီပိုင်ရှင်ဦးမင်းဦးခိုင်အားစက်တင်ဘာ ၁၅ရက်က မြ၀တီမြို့နယ်တွင်ဖမ်းဆီးရမိပြီးနောက် ခြောက်ရက်အ တွင်း စိတ်ကြွမူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိသည့် စိတ်ကြွ ဆေးပြားများကို မင်္ဂလာဒုံစက်မှုဇုန်ဝင်းအတွင်း ဇူလိုင် ၂၆ရက်က ပိုင်ရှင်မဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဦးမင်းခိုင်ဦးအပါအ၀င် ၁၁ ဦးကို ရဲ တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမူး ယစ်တပ်ဖွဲ့မှ အရာရှိအချို့ရာထူးဌာနအပြောင်းအလဲဖြစ်ခဲ့သည် ဟု ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သိရပြီး တိုက်ရိုက်သက်ဆိုင်မှုရှိ၊မရှိ သီးခြားအတည်ပြုချက်မရရှိသော်လည်း အဆိုပါအမှု စစ်ဆေး ပေါ်ပေါက်ပါကနေပြည်တော်(သို့ မဟုတ်)ရန်ကုန်မြို့တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်မည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သ တင်းရရှိသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။