စစ်တွေဆေးရုံအုပ်ကြီးက သူနာပြုများအပေါ် ရင့်သီးစွာဆက်ဆံမှု သူနာပြုတစ်ဦး၏ ရင်ဖွင့်သံ


(စစ်တွေတွင် လတ်တလော ဟော့ဖြစ်နေသည့် စစ်တွေဆေးရုံအုပ်ကြီးနှင့် သူနာပြုဝန်ထမ်းများ ပြဿနာဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်၍ သူနာပြုဆရာမတစ်ဦးက ကျနော့်ထံ ရေးပို့လာသည်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။ ဖော်ပြပါဓာတ်ပုံကိုလည်း ရင်ဖွင့်ရေးပို့လာသည့်သူနာပြုက ပေးပို့ထားခြင်းဖြစ်ပါသည်။)
မာန် ယုကျော် (ရွှေဝမြေ)
၂၃ဝ၉၁၅

စက်တင်ဘာလ (၁၈) ရက်၊ သောကြာနေ့ည (၈း၁၀)အချိန်တွင် စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး၏ ကလေး ကုသဆောင်တွင် တာဝန်ကျနေသော အထက်တန်းသူနာပြု (ဒေါ်စန်းစန်းအေး)နှင့် သူနာပြုဆရာမ (မသိန်းမြင့်)တို့အား လက်ထောက်ဆရာဝန် (ဒေါက်တာရန်နိုင်အောင်၊ အောင်မင်္ဂလာရွှေဆိုင်)နှင့် အလုပ်သင်ဆရာဝန် (သန်းသန်းစံ)တို့မှ ကိုယ်ထိလက်ရောက် စော်ကားမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ -
အထက်တန်းသူနာပြုသည် လူနာများအကြောင်း Night Report ရေးနေချိန်တွင် အလုပ်သင်ဆရာဝန်က ထိုReoprtအား ကူးယူရန် တောင်းရာမှ ထိုသူနာပြုကမပြီးသေးကြောင်း ပြန်ပြောခဲ့ရာ သူနာပြုအား မလေးမစားဆက်ဆံခဲ့သည်။ ထို့နောက် အလုပ်သင်ဆရာမလေးက လက်ထောက်ဆရာဝန်အား မဟုတ်မမှန်သွေးထိုးစကားဖြင့် တိုင်ကြားခဲ့သည်။ လက်ထောက်ဆရာဝန်က ထိုတာဝန်ကျသူနာပြုနှစ်ဦးအား တာဝန်ကျအခန်းသို့ခေါ်သည်။ အလုပ်သင်ဆရာဝန်မလေးက လာခေါ်ပြီး ထိုသူနာပြုနှစ်ဦး အခန်းထဲသို့ မရောက်မီ သူနာပြုတို့က ပြန်ပြောလိုက်သည့်ပုံစံနှင့် “ငါတို့ကို xxxxလုပ်ဖို့ခေါ်တာလား ပါးရိုက်လိုက်မယ်” ဟု လက်ထောက်ဆရာဝန်ကို မဟုတ်မမှန်လုပ်ကြံပြောဆိုခဲ့သည်။ သူနာပြုများရောက်သည့်အချိန်တွင် လက်ထောက်ဆရာဝန်က ကြမ်းတမ်းမာထန်သော မျက်နှာထားဖြင့် “ငါ့ရှေ့မှာကောင်းကောင်းရပ်၊ လက်ပိုက်ပြီးရပ်” စသည်ဖြင့် မချေမငံပြောဆိုသည်။ ပြီးလျှင် စားပွဲပေါ်မှဖန်ခွက်ဖြင့် ပစ်ပေါက်လိုက်ရာ သူနာပြုဆရာမ၏ခြေမတွင် ပြတ်ရှဒဏ်ရာရခဲ့သည်။
“ငါ့ကိုတစ်ခွန်းမှပြန်မပြောနဲ့၊ ငြိမ်ငြိမ်နေဟုပြောပြီး စားပွဲပေါ်မှ ရှိရှိသမျှကိုခွဲချခြင်း၊ ထိုင်ခုံများကိုရိုက်ချိုးခြင်း၊ “နင်နဲ့ငါနဲ့ကအဆင့်အတန်းတူသလား၊ ငါ့ကိုပြန်ခံမပြောနဲ့ ငါပြောတာပဲနားထောင်“ဟု သူနာပြုဆရာမများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းအောင် အော်ဟစ်ကြိမ်းမောင်းပြောဆိုခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် လက်ထောက်ဆရာဝန်သည် အထက်တန်းသူနာပြုအား ဆောင့်တွန်းလိုက်ရာ ဘယ်ဘက်ပါးရိုးနေရာတွင် ဖူးရောင်ဒဏ်ရာရရှိသွားသည်။ “နင်တို့၊ အဆုံးထိလိုက်ရဲရင်လိုက်လေ၊ နင်တို့ကတစ်ယောက်ထိတော့တစ်ယောက်နာတတ်တယ်ပေါ့၊ နင်တို့ကဘာမို့လို့ ပြန်ခံပြောချင်နေတာလဲ”ဟု ရိုင်းစိုင်းစွာပြောဆိုဆက်ဆံပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်။ ထိုအခြင်းအရာအားလုံးကို ကလေးကုသဆောင်မှ ကလေးလူနာမှအစ လူနာစောင့်များအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်။ ထိုနောက် ပြင်ပလူနာဌာနတွင် တာဝန်ကျနေသော သူနာပြုဆရာမကြီး (Sister) ရောက်လာပြီး သက်ဆိုင်ရာလူကြီးများသို့ အကြောင်းကြား အကူအညီတောင်းခဲ့သည်။ ထိုအခါ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်ရောက်လာပြီး ဆရာဝန်များနှင့် သူနာပြုများကို မျက်နှာချင်းဆိုင်ဖြေရှင်းစေခဲ့ပါသည်။ ဖြေရှင်းရာတွင်လည်း အလုပ်သင်ဆရာဝန်မလေးမှ မဟုတ်မမှန်ရိုင်းစိုင်းသောစကားများပြောဆိုခဲ့သည်။ လက်ထောက်ဆရာဝန်လည်း ထိုသူနာပြုများ၏ဒဏ်ရာများမှာ သူနှင့်မသက်ဆိုင်ကြောင်းဗြောင်လိမ်ဗြောင်ငြင်းခဲ့ သည်။ ဆေးရုံအုပ်ကြီးကလည်း ဆရာဝန်များ ဘက်မှနေပြီး သူနာပြုများအား “ညဉ်းတို့မဖြစ်စလောက်ဒဏ်ရာ လေးတွေနဲ့ ပြသနာကြီးအောင်လုပ်နေတယ်၊ ဆရာဝန်တွေကို အသရေဖျက်နေကြတယ်၊ ညဉ်းတို့ရာထူးမယူချင်တော့ဘူးလား၊ ညဉ်းတို့ပြသနာလုပ်တဲ့အတွက် မှင်နှီတားပြီး အလုပ်ထုတ်ပစ် လို့ရတယ်၊ ညဉ်းတို့ကိုယ့်အဆင့် ကိုယ်သိ၊ ဆရာဝန်တွေကိုပြန်ခံပြောနေစရာ အကြောင်းမရှိဘူး”ဟု သူနာပြုဆရာမများကို တစ်ဖက်သတ်ဖိနှိပ် သောစကားများဖြင့် ပြစ်တင်ပြောဆိုကြိမ်းမောင်းခဲ့သည်။ ထိုသို့ လက်အောက်ဝန်ထမ်းများအပေါ် တန်းတူ မဆက်ဆံပဲခွဲခြားနှိမ့်ချပြောဆိုသော ဆေးရုံအုပ်ကြီးအား သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်လျက်ရှိသည်။ သူနာပြုဆရာမကြီးအချို့လည်း ကာယကံရှင်သူနာပြုဆရာမနှစ်ဦးအား ခေါ်ယူခြိမ်းခြောက်ခဲ့သည်ဟုလည်း သိရသည်။ အလားတူ သူနာပြုနှင့်မအပ်စပ်သော ကိစ္စများကို ၄င်းဆေးရုံအုပ်ကြီးမှ ခိုင်းစေခြင်း၊ ကြိမ်းမောင်းခြင်းများ မကြာ ခဏပြုလုပ်လျက်ရှိသည်။ လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်း မွေးလူနာဆောင်ပြင်ပခုံတန်းတွင် စောင့်နေကြသောအမျိုးသားလူနာစောင့်များအားလည်း တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိပဲ အော်ဟစ်ဆဲဆိုနှင်ထုတ်ခဲ့သည်ဟုသိရသည်။

အမည်မဖော်လိုသူ
သူနာပြုဆရာမတစ်ဦး

___မှတ်ချက်။  ။ မာန် ယုကျော် Facebook မှ ကူးယူဖော်ပြပါသည်။ 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။