တာလီဘန်တို့ လက်ထဲမှ ကွန်ဒုဇ်မြို့ကို ပြန်သိမ်းရန် အာဖဂန် စစ်တပ် အားဖြည့် ပြင်ဆင်



တာလီဘန်တို့ သိမ်းပိုက်ထားသည့် ကွန်ဒုဇ်မြို့ကို တန်ပြန် ထိုးစစ်ဆင်နွှဲရန် အာဖဂန် နစ္စတန် အစိုးရ စစ်တပ်များ စုရုံးပြင်ဆင်နေပြီဟု သတင်းရရှိသည်။

တာလီဘန်တို့၏ လျှပ်တပြက် ထိုးစစ်ကြောင့် စက်တင်ဘာ ၂၈ ရက်တွင် ကွန်ဒုဇ်မြို့ကို လက်လွှတ်လိုက်ရသော်လည်း ယခုအခါ တပ်ကူများ အားဖြည့်စေလွှတ်ပြီး တန်ပြန်တိုက်ခိုက်ရန် အသင့်ရှိနေပြီဟု အစိုးရက ကြေညာသည်။ အာဖဂန် တပ်များသည် မြို့၏ လေဆိပ်တွင် တဖွဲဖွဲ ဆိုက်ရောက်လာပြီး ထိုးစစ်အတွက် ဗျူဟာရေးဆွဲနေပြီ ဖြစ်သည်။

နာရီပိုင်းအတွင်း စစ်တပ်က တန်ပြန်ထိုးစစ် အစပြုလာဖွယ် ရှိနေကြောင်း ကွန်ဒုဇ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ခန့်မှန်းခဲ့သည်။ တိုက်ပွဲများ မစတင်မီ ဒေသခံများသည် ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးလျက်ရှိပြီး အချို့သော မိသားစုများ တကွဲတပြား ဖြစ်ကုန်ကြောင်းလည်း သိရသည်။

တာလီဘန်တို့ ရုတ်တရက် အလုံးအရင်း ထိုးဖောက်လာချိန်တွင် မြို့စောင့်တပ်နှင့် အခြားသော လုံခြုံရေး အရာရှိများသည် မြို့ပြင်ရှိ လေဆိပ်သို့ ဆုတ်ခွာလာရခြင်း ဖြစ်သည်။ တာလီဘန်တို့သည် မြို့မြောက်ပိုင်းကို စီးထားလိုက်သလို မြို့ထဲရှိ အကျဉ်းထောင်ကို ဖောက်ကာ အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့သည်။

အာဖဂန်တွင် သမ္မတ အက်ရှ်ရက်ဖ်ဂါနီ သမ္မတသက်တမ်း တစ်နှစ်ပြည့်မြောက်ချိန်၌ ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း တာလီဘန်တို့သည် အာဖဂန် အစိုးရတပ်များကို ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ခြင်းဟုလည်း သတင်းများက ဆိုသည်။ ၂၀၀၁ ခုနှစ်က အမေရိကန် ဦးဆောင်သည့် စစ်ပွဲအပြီးတွင် ကွန်ဒုဇ်သည် တာလီဘန်တို့ ပထမဆုံးအကြိမ် ပြန်လည် သိမ်းယူနိုင်သည့် ဒေသဆိုင်ရာ မြို့တော်လည်း ဖြစ်လာကြောင်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။