ကျောက်ဖြူ၊ စက်တင်ဘာ ၁၉
ကျောက်ဖြူမြို့နယ် အတွင်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆင်းရာတွင် လူထုကို မဲဆွယ် စည်းရုံးရေးထက် မဲထည့်ပုံ နည်းစနစ်ကို ရှင်းလင်းပြသနေရကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ပြောသည်။
“ စည်းရုံးရေးဆင်းတဲ့နေရာမှာ ပြောရရင်တော့ အဓိကက ကျွန်တော်တို့ ဒီနေရာတွေမှာက မဲဘယ်လို ထည့်ရမယ်ဆိုတာ မလုပ်တတ်တဲ့ ကိစ္စပေါ့။ အဲဒါကို အရင်သင်ပေးနေရတယ်။ ကျွန်တော်ကိုယ်တိုင် ဒီမှာ မဲထည့် voter Education သင်တန်းကို နှစ်ရက်တက်ထားတော့ ကိုယ်သိသလောက်ကို ပထမဆုံး ရွာကိုရောက်တယ် ဆိုတာနဲ့ မဲထည့်မယ့် ကိစ္စကိုပဲ စပြီးပြပေးရပါတယ်” ဟု သူက ဆိုသည်။
အများစု ဒေသခံ ပြည်သူများမှာ မိမိတို့ မြို့နယ် တွင် ဘယ်နှစ်ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်၊ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်ကို ယနေ့ထိ တိတိကျကျ မသိကြသေးဟုသူက ဆိုသည်။
“ ရခိုင်ပြည်နယ်လွတ်တော်မှာ အမတ်ဘယ်နှစ်ယောက်ရှိတယ်၊ ပြည်သူ့လွတ် တော်မှာ အမတ် ဘယ်နှစ်ယောက်ရှိတယ်၊ အမျိုးသားလွတ်တော်မှာအမတ်ဘယ်နှ စ်ယောက်ရှိတယ်၊ အမျိုး သားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တယ်ဆိုတာမျိုးကို ရှင်းပြ ရတယ်၊ သမ္မတကို ဘယ်လိုရွေးတယ် ဆိုတာမျိုးကို ဗဟုသုတ အဖြစ် ရှင်းပြပေးရတယ်” ဟု သူက ဆိုသည်။
ယခုအခါ ဦးသိန်းဇော်အနေဖြင့် ကင်းမြောက်အုပ်စု၊ ကလန်းနဲအုပ်စု၊ ဇင်ချောင်းအုပ်စု၊ ရေမြက်အုပ်စု၊ စနဲမင်း တောင်အုပ်စု၊ စနဲ အုပ်စု၊ မင်းယားအုပ်စု၊ ကျောက်ယားအုပ်စု၊ လိပ်ခမော်အုပ်စု စသည့် ကျေးရွာများကို စည်းရုံးရေး ဆင်းပြီးပြီဟု ပြောသည်။
“ လူထုကို စည်းရုံးတာကတော့ ကိုယ့်နယ်မြေဒေ သက အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့လိုအပ်ချက်တွေကိုရရှိလာအော င် ဘယ်လို လုပ်ရမယ် ဆိုတာလေးတွေကိုပဲ ပြောပြစည်းရုံးပါတယ်” ဟု ဆိုသည်။
၎င်းပြင် သူက “ လူထု ထောက်ခံမှုက သိပ်ကိုကောင်းပါတယ်။ ကျွန်တော်တို့လာမယ်ဆိုတော့ ရွာအပြင်ကို ထွက်ပြီး ကြိုတဲ့လူတွေ၊ ရွာကစောင့် ကြိုတဲ့လူတွေ ရှိတယ်။ ထမင်းကအစ ကျွေးကြတယ်။ ကျွန်တော်တို့တောင် အားနာရတဲ့ အထိပါပဲ” ဟု ပြောဆိုသည်။
ဦးသိန်းဇော်သည် ကျောက်ဖြူမြို့နယ် ဇင်ချောင်း ဇာတိ ဖြစ်ပြီး ယခင်က ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ် ကော်မတီဝင် တစ်ဦးဖြစ်သည်။ ပြည်သူ့ လွှတ်တော်နေရာတွင် ရခိုင်အမျိုးသား ပါတီတွင်း ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်ခဲ့ပြီး ယင်းရှုံးနိမ့်မှုမှာ ဘက်လိုက်မှုများရှိ၍ဟု ဆိုကာ ပါတီက နှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ အဖြစ် ၀င်ရောက်ခံရန် အမည်စာရင်း တင်သွင်းထားသူ ဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/burmese/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။