ကျောက်တော်တွင်တွေ့ရှိသည့် ရှေးဟောင်း ကျောက်စာသည် ရခိုင်စာပေအရေးအသားလေ့လာမှုကို များစွာအကျိုပြုစေသည်ဟု ဆို

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၂၀
Rakhaine-Script
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် ဩဂုတ်လ ၁၃ရက်နေ့ သဘောင်္ဆိပ်ကမ်းမြေတူးရာမှ တွေ့ရှိခဲ့သည့်ကျောက်စာသည် ရခိုင်စာပေအရေးအသားလေ့လာမှုကို များစွာအထောက်အကူ ဖြစ်စေ ကြောင်းရခိုင့်စာရေးဆရာကြိံးတစ်ဦးဖြစ်သည့် သူမြတ်(မဟာအောင်မြေ)က နိရဉ္စရာ သို့ ပြောသည်။
 “မြောက်ဦးခေတ်က အလှူမှတ်တမ်းကျောက်စာပါ။ဘုရားတည်ပြီးတော့ မြေ၊ကျွန်၊ကျွဲ၊နွား စတဲ့ အလှူအကြောင်းကိုမှတ်တမ်းတင်ရေးထိုးထားတာပါ။ဒီကျောက်စာဟာ ရခိုင်စာပေအရေးအသား လေ့ လာမှုကို များစွာအကျိုးပြုပါတယ်”ဟု ၎င်းကဆိုသည်။
 အဆိုပါကျောက်စာသည်အလှူကိုရေးထိုး ထားခြင်းဖြစ်သည့်အတွက် ရခိုင်လူမျိုးတို့၏ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်လာခြင်းကိုခိုင်မာသည့် သက်သေဖြစ်သည့်အပြင် အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့် လူမျိုးတစ်မျိုး၏ အမွေအနှစ်များအား မထိမ်းသိမ်းမစောင့်ရှောက်နိုင်သည်ကိုပြသကြောင်းလည်း ဆရသူမြတ်က ဆိုသည်။
 အဆိုပါ ကျောက်စာသည် အမြင့် ၄ပေခန့်ရှိပြီး မျက်နှာ၎ဖက်ပါရှိသည်။ကျောက်စာတွင် မျက် နှာပြင် တစ်ဖက်တွင်သာ စာများထင်ရှားပြီးတချို့နေရာများမှာလုံးဝဖတ်မရတော့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ရှေးခေတ်အထောက်အထားကျောက်စာများကိုနေရာအနှံ့တွေ့ရှိရပြီးထိုကျောက်စာ များအားစနစ်တကျ ထိမ်းသိမ်းနိုင်ခွင့်မရှိ၍ခိုးယူရောင်ချမှုများလည်းရှိကြောင်း ဆရာ သူမြတ် (မဟာအောင်မြေ) ကဆိုသည်။။
 http://www.narinjara.com/burmese/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။