ဆီရီးယားမှာ ပြင်သစ်လေကြောင်းတိုက်ခိုက်မှု စတင်



ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ်အစွန်းရောက် IS တို့ကို ပထမဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ပြီဖြစ်တဲ့အကြောင်း ပြင်သစ်အစိုးရက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့အစောပိုင်းမှာပြင်သစ်ရဲ့လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ပြင်သစ်ရဲ့ ဒေသတွင်းမိတ်ဆွေတွေကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အကြောင်း ပြင်သစ်သမ္မတ Francois Hollande ရဲ့ရုံးကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဆီးရီးယားနိုင်ငံတွင်း ကင်းထောက် ပျံသန်းမှုတွေကို ဒီလ အစောပိုင်းမှာပဲ ပြင်သစ်တို့ စတင်ခဲ့တာပါ။ ဒီထောက်လှမ်းရရှိထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ Hollande ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွ IS တို့ရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို တွန်းလှန်တိုက်ခိုက်သွားမယ့် ပြင်သစ်ရဲ့ ပြတ်သားတဲ့ကတိကဝတ်ကို အခိုင်အမာ ပြသလိုက်တာဖြစ်တယ်လို့ ပြင်သစ်သမ္မတက ကြေညာချက်မှာ ထည့်သွင်းပြောဆိုပြီး ပြင်သစ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာတဲ့အခါတိုင်း တိုက်ခိုက်သွားမယ်လို့လည်း ထပ်လောင်း ပြောကြားထားပါတယ်။

အစ္စလာမ်မစ်အစွန်းရောက် IS နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတို့ကြောင့် ဖြစ်ပေါ်လာရတဲ့ အကြမ်းဖက်မှု ပုံစံမျိုးစုံကနေ အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်သလို ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ သေကြေပျက်ဆီးစေတဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကိုလည်း တားဆီးရမှာ ဖြစ်တယ်လို့ပြင်သစ်သမ္မတရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွ IS တို့ကို တိုက်ခိုက်မှုတွေရဲ့ တခြား ဖြစ်ထွန်းမှုတခုကတော့ အီရတ်တို့က IS တို့ကို တိုက်ခိုက်ရေးအတွက် ဆီးရီးယား၊ အီရန်၊ ရုရှားတို့နဲ့ ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေဖို့ သဘောတူလိုက်ကြတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျှော့ချပစ်နိုင်ရေးကို ကြိုးပမ်းဖို့ လေးနိုင်ငံတို့အာရုံစိုက် လုပ်ဆောင်မှာဖြစ်တယ်လို့ အီရတ်အစိုးရ တာဝန်ရှိသူတို့က ဒီကနေ့မှာပဲ ကြေညာခဲ့ပါတယ်။

http://burmese.voanews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။